ရှင်ဖရန်စစ်ဆိုလားနို (Saint Francis Solano) ဇူလိုင်လ (၁၇) ရက်နေ့

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

ရှင်ဖရန်စစ်ဆိုလားနို (Saint Francis Solano)

ဇူလိုင်လ (၁၇) ရက်နေ့

 

မွေး - ၁၅၄၉၊ မတ်လ၊ ၁၀၊ - ပျံလွန် - (၁၆၁၀၊ ဇူလိုင်၊ ၁၄)

ဖရန်စစ်သည်စပိန်နိုင်ငံ၊ အန်ဒူလူးစီယာရှိ၊ ထင်ပေါ် သောမိသားစုမှ (၁၅၄၉၊ မတ်လ၊ ၁၀) ရက်နေ့တွင်မွေး ဖွားသန့်စင်ခဲ့သည်။ သူ၏ဗီဇဖြစ် မည်ထင်ပါသည်။ သူငယ်စဉ်ကအတိုက်အခိုက်ကိုအ လွန်မင်သူအဖြစ် လူ သိများ သည်။ (၁၅၇၀) ခုနှစ်၊ အသက်အရွယ်ရလာသော အခါသူသည်ဖ ရန်စ္စကင်အသင်းသို့၀င်ရောက်သည်။ ရဟန်းသိက္ခာ ခံယူရရှိပြီးနောက်ပိုင်း၊ တက်ကြွစွာဖြင့်မ ကျန်းမမာသူများအားပြုစုစောင့်ရှောက်ခြင်းအ မူတော်ကို ထမ်းဆောင်ခဲ့သည်။ သူသည်ပြည်တွင်း၌အမူတော်ထမ်းဆောင်နေစဉ်တွင်၊ အာဖရိက၌ကူးစက်ရောဂါအလွန်ဆိုးရွားစွာဖြစ်ပွားနေချိန်ဖြစ် သည်။ ပြု စု စောင့်ရှောက်ရန်လက်ရှိနေရာထက်၊ အာဖရိက၌ပိုမိုလိုအပ်နေ သော ကြာင့် သူသည်၊ အာဖရိကသာသ နာ ပြုနယ်သို့သွားခွင့်ပြုရန်အထက် အကြီးအ ကဲ့များအားခွင့်ပန်ခဲ့သည်။ သူ၏ဆန္ဒနှင့်ဆန့်ကျင်စွာဖြင့် (၁၅၈၉) ခုနှစ်တွင် တောင်အ မေရိကားသို့ပို့ဆောင်ခံလိုက်ရသည်။

နာခံခြင်းဖြင့်သူသည်စေလွှတ်သည့်သာသနာနယ်သို့သွားရောက် ခဲ့ပါသည်။ သူသာသနာပြုခဲ့သောနယ်များမှာ ယခုအာဂျင်တီးနား၊ ဘိုလီး ဗီးယား၊ ပါရာဂွေးတို့ဖြစ်ပြီး၊ သူသည်ဒေသခံစကားကို လျင်မြန်စွာတတ် ကျွမ်းလာခဲ့သည်။ ထို့ကြောင့်ဒေသခံများနှင့်ဆက်ဆံရာတွင်အ လွန်လွယ် ကူသကဲ့သို့၊ ပညာမတတ်သောဒေသခံများအတွက်လည်းချဉ်း ကပ် ရအ လွန်လွယ်ကူခဲ့ သည်။ ဒေသခံများ၏ချစ်ခြင်းကိုခံခဲ့ရသည်။ သူသည် လူနာ များဆီသို့အ လည်အပတ်သော် လည်းကောင်း၊ ဝိညာဉ်ရေး၀တ္ထရားများ အတွက် လည်း ကောင်း၊ ဆေးဝါးများကုသပေးရန်လည်း ကောင်း ရောက် ရှိသွား သောအခါ၊ ဆေးဝါးများကုသပေးရုံသာမဟုတ်။ မယ် ဒလင်ကိုပါယူ သွား၍ သီချင်း များ ဖြင့်ဖျော်ဖြေပေးလေ့ရှိသည်။ သို့ သော် (၁၆၀၁) ခုနှစ် တွင်ပီ ရူးနိုင်ငံ၏မြို့ တော်၊ လီမာသို့ပြန်လည်ဆင့်ခေါ်ခံခဲ့ရပြီး၊ စပိန်ကို နီဒေ သများရှိဘာသာတူများကို၄င်းတို့ခံယူခဲ့သောဆေးကြောခြင်းစက္ကရာမင်းတူ မည်မျှတရား၀င် မ၀င်ကိုပြန်လည်စစ်ဆေး၍၊ မအောင်မြင်ပါက ဆေးကြော ခြင်းကိုပြန် လည်ပေးခြင်းများကိုပြုလုပ်ပေးရန်တာ၀န်ပေးအပ်ခံခဲ့ရသည်။ သူသည်ဒေ သခံများ၏အခွင့်အ ရေးကိုလည်းတောင်းဆို၊ ကာကွယ်ပေး ခဲ့သူလ ည်းဖြစ် သည်။ သူသည်နောက်ဆုံးအမူတော်ထမ်းခဲ့သောလီမာမြို့၌ (၁၆၁၀၊ ဇူလိုင်၊ ၁၄) ရက်နေ့တွင်ပျံလွန်သွားခဲ့ပြီး၊ (၁၇၂၆) ခုနှစ်တွင် ရဟန္တာ အဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။

ခရစ်ယာန်တို့၏အသက်တာသည်တစ်ခါတစ် ရံယေဇူးခရစ္စတူး ၏ဧ ဝံဂေလိတရားကိုမဟောကြားနိုင်ရန်တား ဆီးခံရတတ်ကြောင်းသူ သည်သူ ဖြတ်သန်းခဲ့သောဘ၀အတွေ့အကြုံမှကောင်းစွာသိခဲ့သည်။ သူ၏ဆန္ဒနှင့် ဆန့်ကျင် သောအခြေအနေမျိုးနှင့်ကြုံတွေ့ခဲ့ရသော်လည်း သူသည်အ လို မပြည့်၍စိတ်အားငယ်ခြင်း၊ တမန်တော်စိတ်ဓာတ်များ လျော့နည်း သွားခြင်း မရှိ။ ပေးအပ်သောအမူတော် ကိုအ ကောင်းဆုံး အ သုံးတော် ခံရင်းစံပြအ သက်တာကိုရှင်သန်နိုင်ခဲ့ သည်။ ထို့အတူဘ၀တူ ညီအစ်ကိုများကိုမိမိတို့ ၏ဆေးကြောခြင်စက္ကရာမင်းတူမှ ပေးအပ်လာ သောတာ၀န်ကိုကျေပြွန် ကြ ရန်အစဉ်တိုက်တွန်းခဲ့သူလည်းဖြစ်သည်။ အလိုမပြည့်၍မိမိ၏လုပ်အား၊ အချိန်၊ အစွမ်းအစများကိုထုတ်မသုံးဘဲ ထားမည့်အစား၊ ရောက်ရာအရပ် ၌ဘုရားသခင်၏ သားသမီးများအ တွက် ရက်ရောစွာထုတ်သုံးလိုက်ခြင်းသည်ပို၍အ ကျိုးရှိကြောင်းသင်ကြားပြ သခဲ့ သူလည်းဖြစ်သည်။

Cle Pike

Add new comment

9 + 10 =