ရဟန်းတော်များအတွက် ဆုတောင်း

ရဟန်းတော်များအတွက် ဆုတောင်း

အရှင့်ချစ်သား ရဟန်းများကို

လမ်းမှားစက်ကွင်း အပြစ်တွင်းသို့

ကျဆင်းဒူးထောက် မရောက်စေရန်

ဆုပန်ပါ၏ ဘုရား ။

သန်ရှင်းမြတ်ရာ ဘုရားခန္ဓာတော်

ပူဇော်ဖို့ရန် ဘိသိတ်ခံထား

ထိုလက်များကို အပြစ်များကင်းစင်

ပြုပြင်ပေးပါ ဘုရား ။

ကိုယ်တော့်အသွေး ပူဇော်ပေးလှူ

သောက်သုံးယူထား နူတ်ခမ်းများကို

ဘုရားအရှင် ဖြူစင်ပေးရန်

တောင်းခံပါ၏ ဘုရား ။

နှလုံးသားအား လိုရာထားသုံး

မြတ်ဘုန်းတော်တွက် တံဆိပ်ခပ်နှိပ်

သိမ်မွေ့စိတ်ကြည် လောကီမဆန်

ဖြောင့်မှန်စေပါ ဘုရား ။

ဆွဲငင်ရစ်ပတ် အထပ်ထပ်ချည်

လောကီနှောင်ခြင်း အစဉ်ကင်း၍

ချစ်ခြင်းဖုံးလွှမ်း တောက်လောင်ကျွမ်းစေ

ဆုခြွေပါ၏ ဘုရား ။

အစေခံရာ ကိုယ်တော်သာလျှင်

ပျော်ရွှင်ချမ်းသာ နှစ်သိမ့်ရာနှင့်

နောင်ကာလ၌ ထာ၀ရသရဖူ

ဖြစ်စေမူပါ ဘုရား ။

အာမင်။

သီကိုရှင်း

Add new comment

6 + 10 =