ရဟန္တာ လေအို သခင်ခရစ်တော်ရဲ့အဖြစ်တော်နှစ်ပါးဆက်စပ်ခြင်း

ရဟန္တာ လေအို သခင်ခရစ်တော်ရဲ့အဖြစ်တော်နှစ်ပါးဆက်စပ်ခြင်းကိုနှံနှံစပ်စပ်ရှင်းပြထားတဲ့ရဟန္တာလေအိုရဲ့ရှင်းလင်းချက်ဟာအသင်းတော်ရဲ့တရားဝင်သွန်သက်ချက်အဖြစ်ကျန်ရစ်ခဲ့ပါတယ်။ဘဝမှာမိမိတို့ယုံကြည်တဲ့အမှန်တရားတစ်ခုခုကိုယုံကြည်တဲ့အတိုင်းထောက်ခံရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ဒါမှလဲကျမတို့ရဲ့နောင်လာနောင်သားတွေဟာမှန်ကန်တဲ့ယုံကြည်သူတွေဖြစ်လာကြမှာပါ။

ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်နိုဝင်ဘာလ(၁၀)ရက်နေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့ရဟန်းမင်းကြီးလည်းဖြစ်ရဟန္တာလဲဖြစ်တဲ့လေအိုရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ကက်သလစ်သမိုင်းစဉ်တစ်လျောက်မှာအကြီးကဲဆုံးရဟန်းမင်းကြီးတွေထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့ရဟန်းမင်းကြီးပထမမြောက်လေအိုကိုသက္ကရာဇ်(၄၀၀)ခုနှစ်မှာရောမမြို့မှာမွေးဖွားခဲ့ပါတယ်။ရဟန်းမင်းကြီးလေအိုဟာအသိပညာဗဟုသုတကြွယ်ဝပြီးထူးကဲတဲ့အရည်အချင်းရှိသူဖြစ်တာကြောင်းရဟန်းသိက္ခာခံယူပြီးတဲ့အခါမှာရဟန်းမင်းကြီးရဲ့ကိုယ်ရေးကိုယ်တာအတွင်းရေးမူးဖြစ်လာခဲ့ပါတယ်။

ရဟန်းမင်းကြီးတတိယမြောက်စစ္စတူးပြန်လွန်ပြီးတော်မူပြီးတဲ့နောက်မှာသူ့ကိုသူ့ကိုရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ရဟန်းမင်းကြီးလေအိုဟာရဟန်းမင်းကြီးတွေရဲ့ဌာနချုပ်ဖြစ်တဲ့ဗာတီကန်ရဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ကျွန်မတို့အနေနဲ့လဲကျွန်မတို့ရဲ့ရှင်သန်မှုကျွန်မတို့ရဲ့

တွေးခေါ်လုပ်ဆေင်မှုကျင့်ကြံအားထုတ်မှုတွေဟာကျွန်မတို့ရဲ့သာသနာတော်အတွက်သော်၎င်းကျွန်မတို့ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက်သော်၎င်းကျွန်မတို့မှီတင်းနေထိုင်တဲ့မြို့ရွာရပ်ကွက်အတွက်သော်၎င်းကျွန်မတို့ရဲ့မိသားစုတွေအတွက်သော်၎င်းဂုဏ်သိက္ခာမြှင့်တင်နိုင်ဖို့အရမ်းအရေးကြီးပါတယ်။ပုလ်ရဟန်းမင်းကြီးလေအိုရဲ့ဘာသာတရားဆိုင်ရာအောင်မြင်မှုကတော့ (၄၅၁)ခုနှစ်မှာကျင်းပတဲ့ချာစီဒုံးအစည်းအဝေးပွဲမှာအထွဋ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးပွဲမှာပုလ်ရဟန်းမင်းကြီးလေအိုကသခင်ခရစ်တော်ဟာဘုရားဇာတိတစ်ပါးတည်းသာရှိတယ်ဆိုတဲ့ယူတန်ချီစ်းအယူသည်းမှုတွေကိုဆန့်ကျင်ပြီးသခင်ခရစ်တော်ဟာလူ့အဖြစ်ယူခြင်းကိုအတည်ပြုနိုင်ခဲ့ပါတယ်။ပုလ်ရဟန်းမင်းကြီးလေအိုရဲ့စာချွန်တော်ကိုရဟန်းမင်းကြီးရဲ့ကိုယ်စားလှယ်ကဖတ်ပြတဲ့အခါမှာဆရာတော်ကြီးတွေကသံပေတရူးဟာရဟန်းမင်းကြီးလေအိုအားဖြင့်စကားပြောဆိုပြီလို့ဆိုပြီးထောက်ခံပြီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ခရစ်တော်ရဲ့အဖြစ်နှစ်ပါးဆက်စပ်ခြင်းကိုနှံနှံစပ်စပ်ရှင်းပြထားတဲ့သူရဲ့ရှင်းလင်းချက်ဟာအသင်းတော်ရဲ့တရားဝင်သွန်သင်ချက်အဖြစ်ကျန်ရစ်ခဲ့ပါတယ်၊ဘဝမှာမိမိတို့ယုံကြည်တဲ့အမှန်တရားတစ်ခုကိုယုံကြည်တဲ့အတိုင်းထောက်ခံရပ်တည်နိုင်ဖို့လိုအပ်ပါတယ်။ဒါမှလည်းကျွန်မတို့ရဲ့နောင်လားနောင်သားတွေဟာမှန်ကန်တဲ့ယုံကြည်သူတွေဖြစ်လာကြမှာပါ။(၄၅၂)ခုနှစ်မှာဘုရားသခင်ရဲ့ကြာပွတ်လို့လူသိများတဲ့အသီလာတီဟန်ဟာရောမကိုတိုင်ဖို့ရန်အတွက်သူ့ရဲ့စစ်တပ်နဲ့အတူစစ်ချီလာခဲ့ပါတယ်။ရောမမှာရှိတဲ့ပြည်သူလူထုကြီးဟာကျီးလန့်စာစားသလိုအလန့်တကြားဖြစ်ကုန်ကြပြီးစစ်သား

အများအပြားကလဲသူတို့ရဲ့အလုပ်နဲ့ရာထူးကိုစွန့်ခွါခဲ့ကြပါတယ်။အဲဒီအခါမှာရဟန်းမင်းကြီးလေအိုဟာကျူးကျော်သူများကိုလက်ဝါးကပ်တိုင်တစ်ခုနဲ့ရင်ဆိုင်ပြီးအသီလာတီဟန်ကိုလည်းသူ့ရဲ့တိုင်းပြည်ကိုပြန်သွားဖို့ရန်အတွက်သွေးဆောင်နိုင်ခဲ့ပါတယ်။အသီလာတီဟန်ဟာသံပေတရူးနဲ့သံပေါလူးတို့က

ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့သူတို့ရဲ့အသင်းတော်ကိုကောင်းကင်ဘုံကနေအကာအကွယ်ပေးပြီးကျိမ်းမောင်းခြောက်လှန့်နေပုံကိုရဟန်းမင်းကြီးရဲ့နောက်ကွယ်မှာမြင်ရတာကြောင့်မို့လို့စိတ်ပြောင်းသွားခဲ့တယ်လို့အဆိုလဲရှိပါတယ်။ဒါကြောင့်ကျွန်မတို့ရဲ့ဘဝမှာဘယ်လိုရန်သူမျိုးနဲ့ပဲတွေ့တွေ့သခင်ခရစ်တော်၌အားကိုးယုံကြည်ပြီးရင်ဆိုင်ဖို့ရန်အတွက်ကျွန်မတို့ကိုခွန်အားအသိတွေပေးနေပါတယ်။တစ်ခါမှာတော့ရဟန်းမင်းကြီးလေအိုဟာသူ့ရဲ့အပြစ်တွေကိုခွင့်လွတ်ခြင်းရရှိဖို့ရန်အတွက်သံပေတရူးရဲ့အုတ်ဂူကိုရက်ပေါင်းလေးဆယ်လုံးလုံးသွားရောက်ပြီးဆုတောင်းခဲ့ပါတယ်။အဲဒီအခါမှာတပည့်တော်

ကြီးသံပေတရူးဟာသူ့ရဲ့ထံပါးမှာပေါ်လာပြီးရဟန်းသိက္ခာပေးအပ်ခြင်းမှာကျူးလွန်ခဲ့တဲ့အပြစ်ကနေလွဲပြီးဘုရားသခင်အားဖြင့်သင့်ရဲ့အပြစ်တွေခွင့်လွတ်ခြင်းခံရပြီးလို့လာပြောပါတယ်။အဲ့ဒီအချိန်ကနေစပြီးရဟန်းသိက္ခာတင်ခြင်းကိုအသက်အရွယ်ပြည့်စုံရင့်ကျက်ပြီးသေချာစွာစုံစမ်းစစ်ဆေးခြင်းခံရပြီးတဲ့ရဟန်းလောင်းတွေကိုသာသိက္ခာတင်ပေးဖို့ရန်အတွက်ကန့်သန့်ချုပ်ချယ်လိုက်ပါတယ်။ဒီနေရာမှာကျွန်မတို့အတုယူသင့်တာကအမှားမကင်းတဲ့ဘဝမှာအမှန်ကိုပြင်နိုင်ဖို့လဲလိုအပ်ပါတယ်။ရဟန်းမင်းကြီးလေအိုဟာ(၄၆၁)ခုနှစ်မှာပျံလွန်တော်မူခဲ့ပါတယ်။ဓာတ်တော်မွေတော်တွေကိုဗာတီကန်ဗိမာန်တော်ကြီးမှာထိန်းသိမ်းထားလျက်ရှိပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။

Add new comment

4 + 3 =