ရဟန္တာအပေါင်းပွဲ

ကျွန်မတို့တတွေအရွယ်ရောက်လာသောအခါလောကဇာတ်ခုံဝယ်ဘဝဇာတ်ဆရာရဲ့လက်ထဲကအချစ်ကြိမ်လုံးဖြင့်တို့ထိခံလိုက်ရသူများမှာအပြောင်းလဲကြီးပြောင်းလဲသွားတာကို
ကြုံဖူးကြမှာပါ။ရိုမီယိုနဲ့ဂျုလီးယက်၊မုဆိုးမလေးကိုယူမိလို့ရွှေနန်းတော်ကိုစွန့်ခွါခဲ့ရတဲ့အိမ်ရှေ့မင်းသား၊ကိန္နရီကိန္နရာမောင်နှံစတဲ့သူတွေဟာအချစ်ကြိမ်နှင့်ထိတို့ခံရသဖြင့်သူတို့
ဘဝတွေအပြောင်းလဲကြီးပြောင်းလဲခဲ့ကြပါတယ်။အချစ်ကြောင့်အသက်စွန့်ကြတယ်၊စည်းစိမ်စွန့်ကြတယ်၊ရာထူးစွန့်ကြတယ်၊ယုံကြည်ချက်တွေစွန့်ကြတယ်၊ဒါ့အပြင်အချစ်ကြောင့်
ဘဝပျက်ကြရသလိုကောင်းစားသွားကြသူတွေလဲထုနှင့်ထေးပါ။ဘယ်လိုပဲဖြစ်ဖြစ်အချစ်နှင့်ထိတို့ခံရသူတိုင်းပြောင်းလဲသွားကြတာကတော့မငြင်းနိုင်တဲ့အမှန်တရားပါ။
ရဟန္တာအပေါင်းပွဲဆိုတာဟာတစ်နည်းအားဖြင့်ဆိုရရင်အချစ်ကြိမ်လုံးနဲ့ထိတို့ခံရတဲ့သူတွေရဲ့ပွဲလို့ဆိုချင်ပါတယ်။သို့ပေမဲ့သူတို့ထိတို့ခံရတဲ့အချစ်ကြိမ်လုံးကလောကနှင့်မဆိုင်
ဘုရားနဲ့ဆိုင်တဲ့ဘုရားကိုချစ်တဲ့ကြိမ်လုံးပဲဖြစ်ပါတယ်။မှန်ပါတယ်ဘုရားရဲ့အချစ်နှင့်ထိတို့ခံရတာကြောင့်သူတို့ဘဝတွေအပြောင်းလဲကြီးပြောင်းလဲခဲ့ကြပါတယ်။တစ်ခါတစ်ရံ
အများသူငှါကအရူးဆိုပြီးပုတ်ခတ်ကြပါတယ်။ဒီလိုအရူးလို့သမုတ်ကြရင်လဲဘုရားအတွက်ရူးနေကြတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်။ဘုရားကိုချစ်တဲ့စိတ်ပိုခဲ့တဲ့အတွက်လည်းစိန်ဖရန်စစ်
အစီစီဟာစည်းစိမ်ဥစ္စာများကိုစွန့်ခွါပါတယ်။စိန်အာညက်စ်ကလဲတံခါး၌ပိတ်နေတဲ့ရင်သွေနှစ်ဦးကိုကျော်ပြီးရသေ့ကျောင်းကိုဝင်ခဲ့ပါတယ်။သံပေတရူးနဲ့သံပေါလူးတို့ဟာလဲမိမိတို့ရဲ့
အသက်တွေကိုစွန့်ခဲ့ကြပါတယ်။မာသာထရေဇားဟာလဲလူနာတွေကိုပြုစုခဲ့တယ်။ဒါကြောင့်လောကကြီးထက်ဘုရားကိုအချစ်ပိုခဲ့သူများကိုရဟန္တာလို့ခေါ်ကြပါတယ်။ဒါကြောင့်ရဟန္တာဖြစ်ဖို့ဆိုတာမခက်ပါဘူး၊သူတကာတွေထက်ဘုရားကိုပိုချစ်တတ်ဖို့ပဲလိုတာပါ။နေ့စဉ်နေ့ရက်တိုင်းကိုအသင်းတော်ကရဟန္တာတစ်ပါးပါးရဲ့ပွဲနေ့အဖြစ်ကျင်းပပါတယ်။သီးသန့်ပွဲနေ့မရှိတဲ့လူသိနည်းတဲ့ရဟန္တာတွေအများကြီးရှိနေပါတယ်။ဒါကြောင့်ရဟန္တာအပေါင်းပွဲနေ့ကျင်းပခြင်းအားဖြင့်ဒီရဟန္တာတွေကိုဂုဏ်ပြုခြင်းဖြစ်ပါတယ်။ရဟန္တာဆိုတာဟာ
ကွယ်လွန်ပြီးနောက်ကောင်းကင်နိုင်ငံတော်မှာဘုရားရှင်ရဲ့အနီးနားမှာခံစားခွင့်ရကြတဲ့ဝိညာဉ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ရဟန္တာတွေဟာကျွန်မတို့လိုအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူသားတွေဖြစ်ကြပြီးဆင်းရဲဒုက္ခ၊သောကကိုယ်စီရှိကြပါတယ်။ဒါပေမဲ့ဒီပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခစိတ်ထိခိုက်စရာတွေနဲ့ကြုံတဲ့အခါခရစ်တော်ဘုရားရှင်ထံ
ခွန်အားယူခဲ့ကြပါတယ်။ဒါကြောင့်လဲဒီလိုအရာတွေကိုကြံကြံခံပြီးအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရဟန္တာပါဒရေပီအိုဟာအခက်အခဲဒုက္ခတွေနဲ့ကြုံတိုင်းကိုယ်တော််
မြတ်ဖူးခြင်းစိပ်ပုတီးစိပ်ခြင်းတွေအားဖြင့်ရင်ဆိုင်ကျော်ဖြတ်ခဲ့သလိုစိန်ဖရန်စစ်အစီစီကလည်းကားတိုင်ပေါ်ကခရစ်တော်ကိုတစိမ့်စိမ့်ကြည့်ပြီးဆုတောင်းခြင်းဖြင့်ဝမ်းနည်းမှုတွေကို
ရင်ဆိုင်ကျော်လွှာနိုင်ခဲ့ပါတယ်။ကျွန်မတို့ရဲ့နေ့စဉ်ဘဝအသက်တာမှာလည်းဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံရတဲ့အခါစိတ်အားမှုမရှိပဲဘုရားရှင်၌ခွန်အားယူရင်းရင်ဆိုင်အနိုင်ယူသင့်ပါတယ်။အမိကက်သလစ်အသင်းတော်ကနိုဝင်ဘာလ(၁)ရက်နေ့ကိုရဟန္တာအပေါင်းပွဲကိုကျင်းပစေပါတယ်။ကက်သလစ်ဘာသာဝင်တိုင်းဒီပွဲတော်ကိုပါဝင်ကျင်းပနိုင်ဖို့အသင်းတော်ကအစဉ်တစိုက်လှုံဆော်လျက်ရှိပါတယ်။ဒါကြောင့်လူတိုင်းပါဝင်လို့ရအောင်ပွဲတော်နေ့နိုဝင်ဘာ(၁)ရက်နေ့ဟာSUNDAYနေ့မကျရင်အနီးစပ်ဆုံးSUNDAYနေ့ကိုကျင်းပစေပါတယ်။ကက်သလစ်ဘာသာဝင်တိုင်းပါဝင်ဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။ဒီပွဲတော်ကိုခရစ်သက္ကရာဇ်လေးရာစုမှာစတင်ခဲ့တယ်လို့ဆိုရမှာပါ။ယင်းအချိန်၌တရားတော်အတွက်အသေ
ခံခဲ့သူအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့နှစ်စဉ်အဆင်ပြေတဲ့တစ်ရက်ရက်ကိုရွေးချယ်ကျင်းပခဲ့ကြပါတယ်။နောက်ပိုင်းမှာရဟန်းမင်းကြီးစတုတ္ထမြောက်ဂရေဂေါ်ရီကတစ်ကမ္ဘာလုံးကို
နိုဝင်ဘာ(၁)ရက်နေ့ကိုရဟန္တာအပေါင်းပွဲကျင်းပဖို့အမိန့်ထုတ်ပြန်သတ်မှတ်ပေးခဲ့ပါတယ်။ဤပွဲတော်ကိုကျင်းပရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့(၁)ထင်ရှားသူမထင်ရှားသူ
ရဟန္တာအားလုံးကိုဂုဏ်ပြုဖို့ရန်(၂)လူတိုင်းလည်းရဟန္တာဖြစ်နိုင်ချေရှိသူများဖြစ်ကြောင်းသိနားလည်ရန်(၃)ရဟန္တာတို့သည်အသင်း‌တော်ကြီးနှင့်ဘုရားရှင်၏ချစ်ခြင်းမေတ္တာဂုဏ်ကို
ပိုမိုမြှင့်တင်ပေးနိုင်ကြသူများပင်ဖြစ်ကြောင်းနားလည်သဘောပေါက်စေရန်စသည့်ရည်ရွယ်ချက်တွေနဲ့ကျင်းပခြင်းဖြစ်ပါတယ်။ရဟန္တာမစကောလားစတီးကားကသူမရဲ့အစ်ကို
ရဟန္တာဘယ်နားဒက်ကိုရဟန္တာဖြစ်ချင်လို့ဘာလုပ်ရမှာလဲလို့မေးတော့ရဟန္တာဘယ်နားဒက်ကရဟန္တာဖြစ်ချင်ရင်ရဟန္တာဖြစ်ချင်တဲ့ဆန္ဒအမြဲရှိဖို့လိုပါတယ်လို့ဖြေကြားခဲ့ပါတယ်။
သင်ကောရဟန္တာဖြစ်ချင်သလား။သခင်ခရစ်တော်ရဲ့တရားတော်တွေကိုကျင့်ကြံအားထုတ်ခြင်းဖြင့်ဘုရားရှင်နှင့်အသင်းတော်ကြီး၏ဂုဏ်ကိုမြှင့်တင်သူများဖြစ်နိုင်ကြဖို့ရန်ကြိုးစား
ကြပါစို့လို့တိုက်တွန်းရင်တင်ဆက်ပေးလိုက်ပါတယ်။

Add new comment

1 + 0 =