ရဟန္တာသောမတ်စ်အကွီးနက်စ်

ဒီကနေ့အတွက် ရဟန္တာသောမတ်စ်အကွီးနက်စ်ရဲ့ အကြောင်းကိုတင်ဆက်ပေးထားပါတယ်။

ရဟန္တာသောမတ်စ်ဟာတစ်ခေတ်တစ်ခါကပေါထွန်းခဲ့တဲ့သီအိုလော်ဂီပညာရှင်တွေထဲကတစ်မဦးအပါအဝင်ဖြစ်ပြီး(၁၂၂၅)ခုနှစ်မှာနေပယ်မြို့အနီးမှာရှိတဲ့မြင့်မြတ်တဲ့မျိုးရိုးကနေမွေးဖွားခဲ့ပါတယ်။

မွန်တေကာစီနိုမှာရှိတဲ့ဘက်နက်ဒက်ရသေ့ကျောင်းမှာပထမဦးဆုံးပညာသင်ကြားခဲ့ပြီးနေပယ်မြို့တက္ကသိုလ်ကျောင်းမှာပိုမိုအဆင့်မြင့်တဲ့ပညာရပ်တွေကိုတင်ယူခဲ့ပါတယ်။

အဲဒီမြို့မှာရှိတဲ့တရားဟောသူများအသင်းကိုစိတ်ဝင်းစားခဲ့ပြီးအသက်(၁၉)နှစ်အရွယ်မှာစိန်ဒေါမိနစ်ရသေ့ဂိုဏ်းဝတ်ရုံသင်ကန်းကိုရရှိခဲ့ပါတယ်။

သို့ပေမယ့်လို့လဲသူ့ရဲ့မိဘတွေကတော့စိန်ဘက်နက်ဒက်ရသေ့ဂိုဏ်းကိုဝင်စေလိုကြပါတယ်။

ဒါကြောင့်မို့လို့သူ့ရဲ့မိဘတွေဟာသူ့ကို‌ဒေါသထွက်ပြီးရဲတိုက်ထဲကိုအကျဥ်းသားတစ်ဦးပမာအတင်းအကပ်ပြန်ခေါ်လာခဲ့ကြပါတယ်။

ဒါ့အပြင်သူ့ရဲ့ခေါ်တော်မူခြင်းတဖြေးဖြေးနဲ့မှေးမိန်လာစေဖို့ရန်အတွက်သူ့ရဲ့အကိုတွေဟာသူ့ရဲ့အခန်းထဲကိုအမျိုးသမီးတစ်ဦးကိုထည့်ထားခဲ့ကြပါတယ်။

သို့ပေမဲ့လို့လဲသောမတ်စ်ကမီးတုတ်ကိုကိုင်ဆွဲပြီးအဲဒီအမျိုးသမီးကိုမောင်းထုတ်ခဲ့ပါတယ်။

နှစ်နှစ်ကြာအကျည်းချခံရပြီးတဲ့နောက်မှာသူ့ရဲ့မိသားစုဝင်တွေဟာသူ့ရဲ့အသင်းဂိုဏ်းကိုပြန်သွားဖို့ရန်အတွက်ခွင့်ပြုခဲ့ရပါတယ်။

(၁၂၄၅)ခုနှစ်မှာစိန်သောမတ်စ်ဟာပဲရစ်မြို့မှာရှိတဲ့သံအဲလ်ထံမှာပညာသင်ကြားဖို့ရန်အတွက်စေလွှတ်ခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်ခြင်းနဲ့ကြီးမားတဲ့ကိုယ်နေဟန်ထားတွေကြောင့်သူ့ကိုနွားအကြီးလို့နာမည်ပြောင်းပေးခဲ့ကြပါတယ်။

သံအဲဘတ်ကတော့သူ့ရဲ့အပေါင်းအပါတွေကိုအပြစ်တင်ပြီးမင်းတို့တစ်တွေသူ့ကိုနွားအကြီးလို့ခေါ်နေကြတယ်။

သို့ပေမယ့်လို့လဲသူဟာသူ့ရဲ့အသံကိုကမ္ဘာကြီးရဲ့ဝေးလံလှတဲ့အရပ်ဒေသတွေကြားသိစေလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

Add new comment

13 + 6 =