#ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri) မေလ (၂၆):

#ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri)

မေလ (၂၆):

*ဖိလစ်နေရီကို ပျော်ရွှင်ပြီး ဟာသပြောတတ်သူ၊ သန့်ရှင်းဖြူစင်ပြီး တရားဟော ကောင်းမွန်သူနှင့် အာပတ်ဖြေ နားထောင်ရာ၌ စံထားအပ်သူ အဖြစ် လူသိများခဲ့ပါသည်။ သူသည် "အီတလီနိုင်ငံ၏ တမန်တော်" သို့မဟုတ် "အီတလီ နိုင်ငံကို စောင့်ရှောက်သည့် ရဟန္တာ"ဟူလည်း ခေါ်ဆိုကြသည်။

*စိန့်ဖိလစ်သည် ၁၅၁၅ ခုနှစ်၊ အီတလီနိုင်ငံ၊ ဖလောရန့် ဒေသတွင် ဆင်းရဲသည့်မိသားစုမှ မွေးဖွားခဲ့၏။ ဒေါမိနစ်ကင် အသင်းဂိုဏ်းမှ ဖွင့်လှစ်သည့် ကျောင်းတွင် သူ့ကို ဘုရားတရား ကိုင်းရှိုင်းသည့် လူငယ်အဖြစ် လူသိများခဲ့သည်။ သူ့အသက် ၁၈ နှစ်တွင် စီးပွားရေး (ချမ်းသာသည့် ကုန်သည်) လုပ်ငန်းပိုင်ရှင်ဖြစ်သသည့် သူ၏ ဦးလေး ရိုမိုလို ကူညီစေရန် စန်ဂျမာနိုသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ ထိုဒေသတွင် သူ့ဦးလေး၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခင်မှုကို ရရှိခဲ့သော်လည်း (ရိုးမမြို့သို့ သွားရမည်ဟု ရူပါရုံရပြီး) ဘာသာရေးတွင် ပိုစိတ်အား ထက်သန် လာခဲ့၏။ ထိုကြောင့် စီးပွားရေးတွင် စိတ်မဝင်စားတော့ဘဲ ၁၅၃၃ခုနှစ်တွင် သူ၏ဦးလေးကို နှုတ်ဆက်ကာ ငွေအသပြာ တစ်ပြားတစ်ချပ်မျှမပါဘဲ ဘုရားသခင်ကိုသာ အားကိုးကာ ရောမမြို့သို့ ထွက်ခွာလာခဲ့သည်။

*ရောမတွင်ရှိစဉ် သြဂတ်စတင်း ရသေ့ကျောင်းမှ ဒဿနိကဗေဒ (အတွေးအခေါ်ပညာ) နှင့် သီသြလော်ဂျီ (ဓမ္မပညာ)ကို လေ့လာခဲ့ပြီး အခြားယောက်ျားလေးများကို ပညာပြန်လည် သင်ကြား ပေးခဲ့သည်။ သူသည် ဂျက်ဇွစ်အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည့် လိုယိုလာမြို့မှ စိန့်အီဂနေးရှပ်စ်၏ သူငယ်ချင်းလည်းဖြစ်ခဲ့ပြီး အီဂနေးရှပ်စ်က သူ့ကို "လူအများကို ဘုရားဆီသို့ ခေါ်သည့် ခေါင်းလောင်းသံ ဖိလစ်" ဟု နာမည်ပေးခဲ့သည်။ ဖိလစ်သည် နောက်ပိုင်းတွင် ပညာရေးသင်ကြားခြင်း၌ ငြီးငွေ့ လာသဖြင့် သူစာသင်ခြင်းမှ ရရှိသည့်ငွေ အပြင် သူ၏စာအုပ်များ အားလုံးကိုရောင်းချပြီး ဆင်းရဲသားများကို ပေးခဲ့သည်။ တစ်နေ့တွင် သူဆုတောင်း နေချိန်၌ ဝိညာဥ်တော်၏ မီးအလင်းတန် သူ့ရင်ဘတ်ထဲသို့ ဝင်ရောက် လာခဲ့သဖြင့် သူ၏စိတ်ဝိညာဥ် ကျေနပ်နှစိသိမ့်မှုကို ခံစားခဲ့ရသည်ဟုလည်းဆိုကြသည်။

*နောက်ပိုင်းတွင် အိုးအိမ်မဲ့သူများနှင့် ဆင်းရဲသားများကို ကူညီရန်အတွက် (the Confraternity of the Most Holy Trinity) အသန့်ရှင်းဆုံးသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူ၏ မိတ်သဟာရ အသင်းဂိုဏ်းကို ပူးတွဲတည်ထောင်ခဲ့၏။ ထိုအသင်းဂိုဏ်းသည် သာမန် ဘာသာသူများဖြင့် အဓိက ဖွဲ့စည်းထားပြီး အသင်းတော်၏ ကရုဏာရေး ကိစ္စအဝဝကို ကူညီ အစေခံ ကြသည်။ သူကိုယ်တိုင်လည်း စတင် တရားဟောပြောခဲ့သဖြင့် လူများစွာသည် ဖိလစ်၏ တရားဟောပြောခြင်းနှင့်ပုံသက်သေကြောင့် ပြောင်းလဲ လာခဲ့ကြသည်။ ဖိလစ်သည် ၁၅၅၁ ခုနှစ်၊ မေလ ၂၃ရက်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။

*ထိုအချိန်တွင် မစ္ဆားတရားမရှိဘဲ ပေါ့လျော့ နေသည့် ယုံကြည်သူများကို "ဒီနေ့ ကောင်းမှုတစ်ခုခုလုပ်ဖို့ အဆင်သင့်ရှိလားခင်ဗျား" ဟု သူနဲ့တွေ့ သူများကို ဆွဲဆောင်ကာ ခွန်အားအသစ် ဖြစ်စေခဲ့သဖြင့် လူအများတို့သည် သူ့ထံသို့ အာပတ်ဖြေရန် စုရုံးရောက်ရှိလာ ခဲ့ကြ၏။ ထူးခြားချက်မှာ သူ့ထံသို့ အာပတ်ဖြေဖို့ မသွားမီကပင် အာပတ်ဖြေမည့် သူများ၏ အပြစ်ကို ဖိလစ်ကြိုသိထားနှင့် သည်ဟု ဆိုသည်။ ၁၆ ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီက ဖိလစ်ကို ကာဒီနယ်လ် ဖြစ်စေလို သော်လည်း ထိုရာထူးကို သူငြင်းပယ်ခဲ့သည်။ ဘုန်းတော်ကြီး ဖိလစ်သည် (the Congregation of Oratory, C.O/Orat) အသင်းဂိုဏ်း ကိုလည်း တည်ထောင်ခဲ့ပြီး ထိုအသင်းသည် တရားဒေသနာ ဟောကြားခြင်းနှင့် သင်ကြား ပို့ချပေးလျက် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။

သူသည် ၁၅၉၅ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကွယ်လွန် သွားခဲ့ပြီး ၁၆၂၂ ခုနှစ်တွင် ၁၅-ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီက သူ့ကို အီတလီနိုင်ငံနှင့် အမေရိကန် အထူးတပ်ဖွဲ U.S. Army Special Force ကိုစောင့်ရှောက်သူ အဖြစ် ရဟန္တာ တင်မြှောက်ခဲ့လေသည်။

*Saint Philip Neri, Pray for us. Amen.

ထန်းဟာ,SJ

#KyeseMyanmar #AMDG #Catholic #Saint #StPhilipNeri #Priest

Ref: Catholic News Angency, Francis Media, CatholicSaint.Info, Catholic Online & sanctoral.com (Lives of the Saints)

 

Add new comment

3 + 6 =