ရဟန္တာဂျွန်အိုဂိုဗဲ မတ်လ (၁၀),

ရဟန္တာဂျွန်အိုဂိုဗဲ မတ်လ (၁၀),

ရဟန္တာဂျွန်အိုဂိုဗဲဟာ စံပြုထိုက်တဲ့ ယုံကြည်ခြင်းရဲ့ ဓမ္မအာဇာနည် ဂျက်ဇွစ်ဘုန်းတော်ကြီး တစ်ပါးဖြစ်တယ်။ မတရာမှုနဲ့ ညှဥ်းပန်း နှိပ်စက်မှုခံနေရသူများ၊ သာသာနာပြုမိားကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။

His own defiant words are recorded: for the Catholic faith, he said, he would "willingly and joyfully pour forth even a hundred lives. Snatch away that one which I have from me, and make no delay about it, but my religion you will never snatch away from me!"

သူ့ကို ကြိုးပေးသတ်ခါနီးမှာ "ငါ့ရဲ့ကက်သလစ်ဘာသာရေး ယုံကြည်ခြင်းအတွက် အသက်ပေါင်းတစ်ရာ မက လိုလိုလာလာနဲ့ ပျော်ပျော်ရွှင်ရွှင် ပေးဆပ်ပါ့မယ်။ ငါ့အသက်ကို အခုချက်ချင်း နုတ်ယူလို့ရပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ခြင်းကိုတော့ ငါ့ဆီက နေ ဘယ်တော့မှ နုတ်ယူသွားလို့ မရပါဘူး" နောက်ဆုံး သက်သေခံ ပြောဆိုခဲ့တယ်။

သူဟာ စကော့တလန်နိုင်ငံသားဖြစ်ပြီး (၁၆-၁၇) ရာစုနှစ်အတွင်း နှစ်ခြင်းခရစ်ယာန် ကနေ ကက်သလစ်ဘာသာထဲ ပြန်ပြောင်းဝင် လာပြီး ဂျက်ဇွစ် ဘုန်းတော်ကြီး ဖြစ်လာခဲ့တယ်။ အဲဒီတုန်းက နှစ်ခြင်းအသင်းရဲ့ ရှင်ဘုရင် ဂျိမ်း(၁)ဟာ သူ့ကိုယ့်သူ ဘာသာရေးအထိတ်အထိပ် အဖြစ်ခံယူပြီး ဘာသာမ ပြောင်းတဲ့ ကက်သလစ် ဘာသာဝင်များကို အမျိုးမျိုး ညှဉ်းပန်း၊ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်။ သူ့ရဲ့ နိုင်ငံမှာ သာသနာပြုရင်းနဲ့ အဖမ်းခံရကာ ရက်ရက်စက်စက်ညှဉ်းပန်း နှိပ်စက် ခံခဲ့ရပါတယ်။ သူ့ကို ဘာသာပြောင်းခိုင်းလို့ မရတဲ့နောက်ဆုံးမှာ ကြိုးပေး သတ်ခံခဲ့ရတယ်။

သူရဲ့ ကက်သလစ် ယုံကြည်ခြင်းကို အသက်ဆုံးတိုင် သတ္တိရှိရှိ သက်သေခံ အသက်ရှင်ခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူကိုယ်တိုင် အမျိုးမျိုး မတရားညှဥ်းပန်း နှိပ်စက်မှုတွေကို ခံစားခဲ့ရတာကြောင့် သူ့လိုမျိုး မတရားမှုတွေနဲ့ ကြုံတွေ့လာရင် သူ့ဆီကနေ တဆင့် ကျေးဇူးတောင်းခံပြီး မိမိယုံကြည်တဲ့ ပန်းတိုင်ကို လျှောက်လှမ်းဖို့ ယုံကြည်ခြင်း ခွန်အားတွေ ရယူကြပါစို့။

ရဟန္တာဂျွန်အိုဂိုဗဲ၊ ကျွန်ုပ်အဖို့ငှာ ဆုတောင်းပေးမူပါ။

St. John Ogivie, Pray for us...

 

Add new comment

2 + 1 =