" ယေဇူးရွှေနှလုံးတော်"

ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို ယေဇူး ရွှေနှလုံးတော်နှင့် နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။

" ယေဇူးရွှေနှလုံးတော်"

ဇွန်လ အတွင်းမှာ ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ ကြပါတယ်။ ဒီပွဲ ဖြစ်ပေါ်လာတာ က တော့ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ခရစ်တော် ကိုယ်တိုင် အမိန့်တော် ပြန်ခြင်း သီလရှင်ဂိုဏ်းမှ Sr.မာဂရက္ကို ထင်ရှားပြခြင်းကြောင့် ဖြစ်ပါတယ်။ ထင်ရှားပြခြင်း တွေရဲ့ အဓိက အချက် က တော့ -
လူသားတွေဟာ သူ့ရဲ့ ဆူးဗောင်း ပတ်ရစ်ကာ လှံဒါဏ်ရာနဲ့ မီးလျှံတောက်နေတဲ့ နှလုံးသားကို ကြည်ညိုဖို့ အကြောင်း၊ ခရစ်တော်ဟာ လူသားတွေကို စေတနာ မေတ္တာနှင့် ချစ်သော်လည်း လူသားများကမူ သူ၏ ချစ်ခြင်းမေတ္တာကို မေ့လျော့ခြင်း၊ ဘာသာတရားမှာ ပေါ့လျော့ခြင်း၊ မထိလေးစားပြုခြင်းတို့နှင့် တုန့်ပြန်နေကြကြောင်း၊ ဒါကြောင့် လူတွေ အားလုံးရဲ့ အျပစ္ကို ဆပ်ဖြေဖို့ ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ စေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လရဲ့ ပထမ သောကြာနေ့တွေမှာ အာပါတ်ဖြေခြင်း၊ ကိုယ်တော်မြတ် ပင့်ယူခြင်းများ ပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။ ဒီပွဲကို ၁၈၅၆ ခုနှစ် သြဂုတ်လ၂၆ရက်နေ့မှာ ရဟန်းမင်းကြီး န၀မမြောက် ပီဦးက အသင်းတော် တစ်ခုလုံးမှာ ကျင်းပဖို့ ပြဌာန်း ခဲ့ပါတယ်။Heart လို့ပြောတဲ့ နှလုံးဟာ ချစ်ခြင်းမေတ္တာ ရဲ့အမှတ်လက္ခဏာ ဆိုတာ မသင်ရ၊ မကျက်ရ၊ မ လေ့ လာရပဲ လူတိုင်း မွေးရာပါ အသိဖြစ်တယ် ဆိုရင် မှားမယ် မထင်ပါဘူး။ နှလုံးဟာ ချစ်ခြင်းရဲ့ သင်္ကေတ ဖြစ်သလို၊ အသက်ရဲ့ ဗဟို အချုပ်အချာလည်း ဖြစ်ပါတယ်။

ယေဇူး ရွှေနှလုံးတော်ရဲ့ ပွဲ ဟာ ဘုရားသခင်ရဲ့ လူတွေပေါ်မှာ ထားရှိတဲ့ ချစ်ခြင်း မေတ္တာပွဲတော်နေ့ ဖြစ်ပါတယ်။ တစ်နည်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ အတွက် လှံ အထိုးခံရတဲ့ ခရစ်တော်ရဲ့ နှလုံးသားအားဖြင့် ဖော်ပြတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းပွဲနေ့ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ နှလုံးသားဟာ ချစ်ခြင်း မေတ္တာနဲ့ ကျေးဇူးတော် စီးဆင်းတဲ့ စမ်းချောင်း သဖွယ်ပင် ဖြစ်ပါတယ်။
St. Francis De Sales က ချစ်ခြင်းမေတ္တာ ဆိုသည် ကောင်းမွန် နှစ်သက်သော အရာ၀တ္ထု (သို့) လူ ပုဂ္ဂိုလ်ဆီသို့ နှလုံးသား ဦးတည် ရွေ့လျား၊ ရှေ့တိုးမှု ဖြစ်သည်။ သွန်းလောင်းမှု ဖြစ်သည်လို့ ဆိုခဲ့ပါတယ်။ (ယောဟန် ၃ း ၁၆) မှာ ထာ၀ရဘုရားသည် လောကသားတို့ကို လွန် စွာ ချစ်တော်မူသဖြင့် လူအပေါင်းတို့ သည် ပျက် စီး ဆုံးပါးခြင်း မရှိဘဲ ထာ၀ရ အသက် ကို ရစေခြင်းငှာ မိမိ၏ တစ်ပါးတည်းသော သားတော်ကို စွန့် တော်မူ၏ လို့ ဆိုထားပြီး (ရောမ ၅း၁၀) မှာတော့ ငါတို့သည် ထာ၀ရဘုရား၏ ရန်သူ ဖြစ်ကြသော်လည်း အ ပြစ် သား ဖြစ်နေလျက်ပင် ကိုယ်တော်သည် သားတော်ကို အ သေ ခံ စေတော်မူခြင်းအားဖြင့် ငါတို့အား ပြန်လည် ကြေအေးကာ မိတ်ဆွေ ဖြစ်စေတော်မူ၏ လို့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတရားကို ဖော်ပြ ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ ပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်း မေတ္တာတရားကို သက်သေပြခြင်းသာ ဖြစ်ပါတယ်။ ခရစ်တော်ဟာ သူ့ရဲ့ နှလုံးတော်ကနေ သွေးတော်ကို စီးဆင်းစေကာ ကျွန်တော်တို့ရဲ့ အပြစ်အတွက် သွန်းလောင်း ခဲ့ပါတယ်။ သွေးဆိုတာ လူ့အသက် ရှင်ရပ်တည်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်လို့ ရှေးတုန်းက အသက်နဲ့ သွေးကို အတူတူပဲလို့ ယူဆခဲ့ပါတယ်။

ခရစ်တော် သွေးသွန်းလောင်းခြင်းဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို အမြင့်ဆုံး ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ သဘောတရားတွေနဲ့ အတူ ဒီပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် က တော့ (၁) ဘုရားရှင်ရဲ့အတိုင်းအဆ မရှိတဲ့ ကြီးမြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ သိရှိပြီး အဲ့ဒီအတွက် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြုဖို့၊ (၂) ကျွန်တော်တို့က ဘုရားသခင်ကို ပြန်လည် ချစ်တုန့် ပြန်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ကျေးဇူးတရားကို ဖော်ပြဖို့ ဖြစ်ပါတယ်။ ရွှေနှလုံးတော်ပွဲနေ့မှာ ဖတ်ရှုရတဲ့ သမ္မာကျမ်းစာ သုံးခု စလုံးဟာ ဖော်ပြခဲ့တဲ့ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ဖြစ်မြောက်စေဖို့ မီးမောင်း ထိုးပြနေပါတယ်။ တရားဟောကျမ်းမှာ မိုးဇယ္က ဘုရားသခင်ဟာ သနားကြင်နာ တတ်တယ်၊ ချစ်ခြင်း မေတ္တာနဲ့ ပြည့်၀တယ်၊ ရက်ရောတယ်၊ သစ္စာရှိတယ် ဆိုတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတရားကို အီစရာအဲလ် လူမျိုးတွေ နားလည် သဘောပေါက်စေဖို့ ဖော်ပြ ပေးနေပါတယ်။ ဆိုလိုတာက ဘုရားသခင်ဟာ လူတွေကို သူ့ရဲ့ ချစ်ခြင်း မေတ္တာကြောင့် ဖန်ဆင်းထားပြီး လူသားတွေ အပြစ် ပြုလုပ်နေပေမယ့်လို့လည်း ဆက်လက် ချစ်မြဲ ချစ်နေခဲ့ပါတယ်။ ဘုရားသခင်ဟာ ပြောင်းလဲ မသွားပဲ အတိတ်တုန်းကလည်း ဒီအတိုင်းပဲ၊ ပစ္စုပ္ပန်မှာလည်း ဒီအတိုင်း၊ နောင်အနာဂတ်မှာလည်း ဒီအတိုင်းပဲ ချစ်မြဲ၊ သစ္စာရှိမြဲ၊ တည်ကြည်မြဲ၊ ကြင်နာ ဆဲဖြစ်မယ်လို့ ပြောနေခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ အီစရာအဲလ် လူမျိုးတွေဟာ သူတို့ ပေါ်မှာထားရှိတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ကောင်းမွန်စွာ ရှာ မတွေ့ဘူး ဖြစ်နေခဲ့ပါတယ်။ ပရောဖက် အဆက္ဆက္က ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကြီးမားမှုနဲ့ ပတ်သက်ပြီး တုန့်ပြန် ကျေးဇူးတင်ဖို့ သတိပေးပေမယ့်လို့ ဂရုမစိုက် ခဲ့ကြပါဘူး။ သူတို့ရဲ့ ပုံမမှန်တဲ့ နှလုံးသားနဲ့ တိုင်းတာ ခဲ့ကြတော့ မသိ နားမလည် ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို အကောင် အထည်ရှိရှိ လက်တွေ့ကျကျ ပြသဖို့ ခရစ်တော် ကြွလာခဲ့ပါတယ်။ လူတွေဟာ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ရှာဖွေတွေ့ရှိ စစ်ဆေးဖို့အတွက် ဘုရားသခင်ရဲ့ နှလုံးသားကို ကမ်ဘာမြေပေါ်ကို ပင့်ဆောင် လာခဲ့ပါတယ်။
(မာတေး ၁၁း၂၈) မှာလည်း ခရစ်တော်က ၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့ ဆိုကာ ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ၀န်လေး၍ ပင်ပန်း နွမ်းနယ်နေသူ အပေါင်းဆိုတာ က တော့ လူတိုင်း လူတိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ စိုးရိမ်ပူပန်၊ ပင်ပန်းနွမ်းနယ်မှု မရှိတဲ့သူ ဆိုတာ လောကမှာ မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ဟာ မိမိတို့ အပြစ်ရဲ့ ၀န်အောက်မှာ ရောက်ရှိနေကြတဲ့ သူများသာ ဖြစ်ပါတယ်။
ခရစ်တော်က သူ့ရဲ့ နှိမ့်ချတဲ့ နှလုံးသား၊ နူးညံ့ သိမ်မွေ့တဲ့ နှလုံးသားကို ရှာဖွေဖို့ ဖိတ်ခေါ် နေပါတယ်။
(မာတေး ၁၁း၂၉) ခရစ်တော်ရဲ့ နှိမ့်ချခြင်း ဆိုတာကေတာ့ အဖ ဘုရားသခင်ပေါ် လုံး၀ မှီခို အားထားမှု၊ ကျွန်တော်တို့ကို ကယ်တင်တဲ့ အဖ ခမည်းတော်ဘုရားရဲ့ လုံး၀ အပ်နှံ ပူဇော်မှုတို့ ဖြစ်ပါတယ်။ သူ့ရဲ့ နူးညံ့ သိမ်မွေ့ခြင်း ဆိုတာကတော့ သူ့ရဲ့ လူတွေပေါ်မှာ ကြင်နာ ထောက်ထားမှု၊ ချစ်ခြင်း မေတ္တာပြည့်၀စွာ ထားမှုတို့ကို ဆိုလိုပါတယ်။

အဓိပ္ပါယ် က တော့ ဘုရားကို အရာ အားလုံးထက် ချစ်ပြီး ဦးစားပေးရန် မိမိနဲ့ ထိတွေ့ ဆက်ဆံခွင့်ရတဲ့ လူသား အားလုံးကို မေတ္တာရှေ့ထား ချစ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီလို နှိမ့်ချတဲ့ နှလုံးသားနဲ့ နူးညံ့ သိမ်မွေ့ခြင်း ဟာ စိတ်ရဲ့ အေးငြိမ်း ချမ်းသာခြင်းကို ရရှိစေပြီး လောကရဲ့ ကြမ်းတမ်း ခက်ခဲမှုတွေ အလယ်မှာ ရောထွေး တည်ငြိမ်မှုနဲ့ အားမာန်အသစ်ကို ရရွိကာ ဘ၀အသက္တာကို ဆက်လက် လျှောက်လှမ်း နိုင်ပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပြဖို့ အတွက် နည်းမျိုးစုံနဲ့ ပြသလို့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး အကောင်းဆုံး သက်သေ ပြသွားတာကတော့ (၁ယောဟန် ၄း ၉) မှာ ထာ၀ရဘုရားသည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို လောကသို့ စေလွှတ်တော်မူ၏။ ဤနည်းအားဖြင့် ငါတို့ အပေါ်၌ မိမိ ထားရှိသော ချစ်ခြင်း မေတ္တာကို ပေါ်လွှင် ထင်ရှား စေတော်မူ၏။ ဆိုထားတဲ့ အတိုင်းပဲ မိမိရဲ့သားတော်အားဖြင့် ပြသ ခဲ့ပါတယ်။ သူတစ်ပါး အတွက် မိမိ အသက္ကို စွန့်သောသူ၏ မေတ္တာထက် ကြီးမြတ်သော မေတ္တာ မရှိတော့ပြီ။ (ရှင်ယောဟန် ၁၅း ၁၃) မှာ ဆိုထားတဲ့ အတိုင်း ခရစ်တော်ရဲ့ နှိုင်းယှဉ်မရတဲ့ ကြီးမားတဲ့ မေတ္တာကို သိရတဲ့အခါ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုက ဘယ် လိုများ ဖြစ်သင့် ပါသလဲ။ ၁ယောဟန် အခန်းကြီး ၄၊ အခန်းငယ် ၁၁ မှာ ထာ၀ရဘုရားသည် ငါတို့အား ဤမျှ ချစ်တော်မူပါလျှင် ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်သင့်ကြ၏လို့ နှိုးဆော် ထားတာက ခရစ်တော် မကြာခဏပြောတဲ့ သင်တို့ အချင်းချင်း သင်တို့ ကိုယ္ကို ချစ်သည့်နည်းတူ ချစ်ကြလော့ဆိုတဲ့ ပညတ္ကို လိုက်နာဖို့ အားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ့ထက် တစ်ဆင့်တက်ပြီး ရှင်ယောဟန် ပြောစရာရှိတဲ့ အချက် တစ်ခုက တော့ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ကို သိရှိ နားလည်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ လူသား အချင်းချင်း ချစ်ခြင်း မေတ္တာထားရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လောကကြီးမှာ အသက်ရှင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘုရားသခင်ကို ပိုမို သိရှိလာဖို့ ဖြစ်ပါတယ်။ ဘုရားသခင်ကို ပိုမို သိရှိဖို့ ကျွန်တော်တို့ အချင်းချင်း ချစ်ကြရပါမယ်။ ကျွန်တော်တို့ လူသား အချင်းချင်း မေတ္တာထားနိုင်ပြီ ဆိုတာနဲ့ ဘုရားသခင်ဆီကို ရောက်ဖို့ ဘာမှ မလိုတော့ပါဘူး။ ဘုရားသခင် ကိုယ်တိုင်က ကျွန်တော်တို့ဆီ ရောက်လာပြီး ကျွန်တော်တို့ရဲ့ နှလုံးသားဟာ သူ ကိန်းအောင်းရာအဖြစ် သူပြောင်းလဲ
လိုက်ပါတယ်။ ဒါကြောင့် (၁ယော ၄း၁၂) မှာ ငါ တို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်ကြမည်ဆိုပါမူ ထာ၀ရဘုရားသည် ငါတို့နှင့် တစ်လုံး တစ်၀တည်း ဖြစ်တော်မူသဖြင့် ငါတို့ ခံစားရသည့် ကိုယ်တော်၏ မေတ္တာသည် ပြည့်၀ စုံလျှင်၍ လာလိမ့်မည်ဟု ဆိုထားပါသည်။

ထို့ကြောင့် Angelius Sileaius ဆိုတဲ့ ပုဂ္ဂိုလ်က (ဘုရားဆီကို သွားတဲ့ အ ဝေးဆုံးလမ်းဟာ အသိဉာဏ်နဲ့သွားတဲ့လမ်း ဖြစ်ပြီး၊ ဘုရားသခင်ဆီ သွားတဲ့ အတိုဆုံးလမ်းဟာ နှလုံးသားနဲ့ သွားတဲ့လမ်း ဖြစ်တယ်။ နှလုံးသား လမ်းအားဖြင့် ကျွန်တော်တို့ရဲ့ ခရီးဟာ အဲ့ဒီမှာပဲ စပြီး အဲ့ဒီမှာပဲ ဆုံးသွားပါတယ်။ ဆိုလိုတာ က တော့ ဘုရားသခင်နဲ့ မိမိတို့နဲ့ နီးစပ်တဲ့ သူတွေကို ချစ်ဖို့၊ မေတ္တာပြဖို့ ပြောခြင်းသာ ဖြစ်ပါတယ်။ နောက် တစ်ခါ (ရှင်ယောဟန် ပထမစောင် ၄း၁၆) မှာ လည်း ချစ်တတ်သော သူသည် ထာ၀ရဘုရားနှင့် တစ်လုံးတစ်၀တည်း ရှိတော်မူသည်။ ထာ၀ရဘုရား သည်လည်း ထိုသူနှင့် တစ်လုံးတစ်၀တည်း ရှိတော်မူ၏လို့ ဆိုထားတော်မူပါသည်။

ဘုရားသခင်သည် ကျွန်တော်တို့နှင့် တစ်လုံး တစ်၀တည်း ရှိတဲ့အချိန်က စပြီး အရာ အားလုံးက လွယ်ကူသွားပါတယ်။ ပညာရှင်တွေ ရေးတဲ့ စာအုပ် ကျမ်းဂန်တွေကိုလည်း လေ့လာစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူသား အချင်းချင်းချစ်တဲ့ အတိုင်းအတာ အလျှောက် ဘုရားသခင်က မိမိကိုယ္ကို မိမိဖော်ပြမှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း မိမိတို့နှင့် နီးစပ်သူကို ချစ်ခြင်း မေတ္တာ ကင်းမဲ့ခြင်းလောက် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သိရွိ နားလည်ဖို့ ပိတ်ဆို့တာ မရှိဘူးလို့ ဆိုပါတယ်။ ဘယ္သူပဲ ဖြစ်ဖြစ် တစ်ဦး တစ်ယောက်ဟာ မိမိနဲ့ နီးစပ်သူကို ချစ်ခြင်း မေတ္တာ မပြနိုင်ပဲနဲ့ သူဟာ ဘုရားသခင်ကို လေ့လာတဲ့ ကျောင်း မှာ က ခတောင် မအောင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ လူသားတိုင်းဟာ ဘယ္လို အခြေအနေမှာပဲ ဖြစ်ဖြစ် လူမျိုး၊ ဘာသာ၊ အဆင့်အတန်း အသားရောင် အဖြူ အမဲ မခွဲခြားပဲ ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ဘ၀နှင့် တစ်ဦးကို တစ်ဦး ရိုသေ လေးစားကာ ချစ်ခြင်း မေတ္တာ ရှေ့ထားပြီး ကူညီ ရိုင်းပင်းချစ်ခင်နိုင်သူကို သာလျှင် ဘုရားသခင်ကလည်း မိမိကိုယ္ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Ref: The will of God (A) Sacred Heart (Research Test) Living the Word

၀ဿန်မိုး

Crd!

Add new comment

10 + 8 =