ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် ရှင်ဗင်းဆင်းဒီပေါလ် (Saint Vincent de Paul)

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် ရှင်ဗင်းဆင်းဒီပေါလ် (Saint Vincent de Paul)

မွေး - (၁၅၈၀)၊ ပျံလွန် - (၁၆၆၀၊ စက်တင်ဘာလ၊ ၂၇)၊

ယနေ့ပွဲနေ့ရှင်သည်သူခေတ်သူ့အခါ၏လိုအပ်သောက ရုဏာ ရေးလုပ်ငန်းများကိုတစိုက်မတ်မတ်လုပ်ဆောင် ခဲ့သောကရုဏာ ရှင် ကြီးဖြစ်သကဲ့သို့၊ မကောင်းမူများကိုလည်းတွန်းလှန်ခဲ့သူလည်းဖြစ်သည်။ သူသည်ရဟန်းတစ်ပါး ဖြစ်ပြီး၊ လူရိုသေ၊ ရှင်ရိုသေသောကျောင်း ထိုင် ဘုန်းတော်ကြီးလည်းဖြစ်သည်။ သူ့အား (၁၅၈၀) ခုနှစ်တွင်မွေးဖွားခဲ့ သည်။ သူ့ခေတ်သူအခါ၌ကျွန်စနစ်ထွန်းကားနေဆဲကာလ၊ ကိုယ်ကျင့် တရားပျက်ပြားပြီး၊ မလိုလားသောကိုယ်၀န်များ ကြောင့်ကလေးများ ရရှိ လာပြီး၊ တာ၀န်မဲ့စွာစွန့်ပစ်ခံကလေးများလမ်းဘေးဝဲယာ တွင်ပေါများ သောကာလ၊ မိမိတို့၏ခ နွာကိုယ်ကိုရောင်းကုန်အဖြစ်ထုဆစ်ရောင်း ချ သောသူများ၊ စစ်မီးဒဏ်ခံစစ်ပြေးများ၊ ခရစ်ယာန်တန်ဖိုးမဲ့စွာပြုမူဆက်ဆံ ခံရသောချို့တဲ့သူများအားလုံးသည်သူ၏အစောင့်အရှောက်ကိုခို၀င်လာ ကြရသည်။

ယနေ့ပွဲနေ့ရှင်သည်အဆိုပါကောင်းမူကိုပြုခြင်းနှင့် မကောင်းမူကို တွန်းလှန်ရန်သူတစ်ဦးတည်းဖြင့်လုပ်ဆောင် ခဲ့ခြင်းမဟုတ်။ သူနှင့်စိတ် တူကိုယ်တူသောရှင်လွီစ်ဒီမာရီလက်ခ်၏အကူအညီဖြင့်ကရုဏာရေးလုပ်ငန်းကိုလုပ်ဆောင် သောသမီးများအသင်းကိုတည်ထောင်ခဲ့သည်။ ထို့အ တူယေဇူးသခင်၏ကျင့်စဉ်နှင့်ထပ်တူကျသောရဟန်းတော်များ မွေးထုတ် ပေးနိုင်ရန်ရည်ရွယ်၍ရဟန်းအသင်းတစ်သင်းကိုလည်းသူ့စိတ်ကြိုက် စည်းမျဉ်းစည်းကမ်း၊ ဝိညာဉ်ရေးကျင့် စဉ်များကိုရေးဆွဲ၍ တည်ထောင်ခဲ့ သည်။ ထိုအသင်းကိုသာသနာပြုအသင်း (သို့) ဗင်းဆင်းရှင်းရဟန်း တော်များ (ရှင်ဗင်းဆင်းချမှတ်သောကျင့်စဉ်နှင့်အညီ ကျင့်ကြံအား ထုတ် သောရဟန်း) ဟုခေါ်ပါသည်။

တစ်နေ့၌သေ၀နီးပါးရောက်နေသောလူနာတစ်ဦး ၏နောက်ဆုံး အာပတ်ဖြေခြင်းကိုနားထောင်ပြီးနောက်၊ ပြင် သစ်နိုင်ငံအတွင်းရှိအခြေ ခံလူတန်းစားများကြား၌ဝိညာဉ်ရေးလမ်းညွှန်မူအလွန်လိုအပ်ကြောင်းကိုရှင်ဗင်းဆင်းသိလိုက် ရသည်။ အဘယ်ကြောင့်ဆိုသော်သူကိုယ်တိုင် သည်လည်းလယ်သမားမိဘမှမွေးဖွားလာခဲ့ပြီး၊ ရဟန်းတစ်ပါးဖြစ်လာခဲ့ သူဖြစ်သည်။ ရဟန်းဖြစ်လာခြင်းမှာခက်ခဲလွန်းသောဘ၀ မှရုန်းထွက်၍ အနည်းငယ်သက်သောင့်သက်သာသောဘ၀ ကိုခံစားရန်ရည်ရွယ် ခဲ့ သည်။ သို့သော်ရဟန်းဖြစ်လာသောအခါထိုသို့မဟုတ်ဘဲ၊ ပိုမိုခက်ခဲ့ပြီး၊ ကိုယ်ပိုင်သောဘ၀ ထက်အများအတွက်ရှင်သန်သောဘ၀ ကိုတိုး၀င်ရှင် သန်ခဲ့ရသည်။

ဗင်းဆင်းသည်သူ၏ကရုဏာရေးလုပ်ငန်းများ၊ ဘာသာရေးခေါင်း ဆောင်မွေးထုတ်ပေးရေးစီမံကိန်းများ ခက်ခဲစွာဖြင့်ကိုဖော်ဆောင်ခဲ့ ရ သည်။ သူ၏ကွိုးစားအားထုတျမူကိုငှရှေငျကွေှး ရှင်အချို့ကလည်းဝိုင်း ၀နျးပံ့ပိုးလာကွ သည်။ သူသည်ချို့တဲ့နွမ်းပါးသူများကြား၌သွား လာလုပ် ကိုင်ရသည်ကိုနှစ်ချိုင့်ပြီး၊ အသင်းအဖွဲ့၏ခေါင်းဆောင်ဖြစ်ရန် ငြင်းဆန် ခဲ့သည်။ သို့သော်နောက်ပိုင်း၌အခြေအနေကိုသူ ရည်မှန်းထားသည့် အ တိုင်ဖြစ်လာစေရန်သူကိုယ်တိုင်အ သင်း၏တာ၀န်ခံအဖြစ်လက်ခံ ခဲ့ သည်။ ထိုရဟန်းအသင်းကိုလည်းရှင်ဗီးဆင်း၏ ကရုဏာရေးလုပ်ငန်း လုပ်ဆောင် သောအသင်ဟုခေါ်သွင်စေခဲ့သည်။ အဆိုပါရဟန်းအသင်း ၀ငျမြားသညျဖွူစငျခွငျး၊ ခြွေတာခြင်း၊ နာခံခြင်းအပြင်၊ တည် တည်ငြိမ်ငြိမ် ရှိခြင်းပါရမီကိုလည်းကျင့်ဆောက်တည်ရသည်။ အသင်း၀င်များသည် မြို့ ကြီးပြကြီး၌အခြေချခြင်းထက်၊ ဆင်ခြေဖုံးရပ်ကွက်၊ ရွာငယ်။ ဇနပုတ်တို့ တွင်သွားရောက်၍အလုပ်အကျွေးပြုရသည်။

သူသည်အလွန်စိတ်စပ်သူတစ်ဦးဖြစ်သည်။ သို့သော်သီးခံနိုင် အောင်ကြိုးစားသည်။

ဘုရားသခင်၏ကျေးဇူး တော်သာမပါလျင်သူ့အနေ ဖြင့်ယခုကဲ့သို့လုပ်နိုင်မည်မဟုတ်။ အလွန်ရုန်းကန်ရပြီး၊ ခက်ခဲနေပေ မည်ဟုလည်းသူ့ ကိုယ်ရိုးသားစွာ၀န်ခံခဲ့သည်။ နောက်ပိုင်း၌သူသည် အလွန်စိတ်ရှည်ပြီး၊ ကြင်နာတတ်သော၊ တစ်ပါးသူ၏လိုအပ်ချက် ကိုအ လွန်သိတတ်သောသူဖြစ်လာခဲ့သည်။ သူသည် (၁၆၆၀၊ စက်တင်ဘာလ၊ ၂၇) ရက်နေ့၌ပျံလွန်သွားခဲ့သည်။ ရဟန်းမင်းကြီးလေအို (၁၃) ကသူ့ အားလူမူရေးလုပ်ငန်းများလုပ်ဆောင်နေသောအသင်းအဖွဲ့အားမှိုင်း မသောရဟန္တာ အဖြစ်ဂုဏ်ပြုပေးခဲ့သည်။ သူပျံလွန်သွားပြီးနောက် ပိုင်း သူတော်စင်ဖရက်ဒရစ်အိုဇာနမ်က Society of St. Vincent de Paul (ရှင်ဗင်းဆင်းဒီပေါလ်အဖွဲ့) ကို (၁၈၃၃) ခုနှစ်တွင်တည်ထောင်ခဲ့ပြီး၊ အကူအညီလိုအပ်သူများကိုထိရောက်စွာ ကူညီပေးနိုင်သောကြောင့် အ လွန်လူသိများလှသောအသင်းတစ်သင်ဖြစ်ခဲ့သည်။

သာသနာတော်ကြီးသည်ဘုရားသခင်၏သားသမီးအားလုံးအ တွက်ဖြစ်သည်။

ထိုသားသမီးများအနက်ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမတတ်၊ ရှုပ်ထွေးပွေလီသောဘ၀နှင့်ရိုး ရှင်းသောဘ၀ကို ပိုင်ဆိုင် ထားသူများပါ၀င်ပေမည်။ သို့သော်သာသနာတော်ကြီးအနေဖြင့်အကူ အညီအလွန်လိုအပ်နေသူများအားကူညီရန်အမြဲအစဉ်သင့်ရှိနေရမည်။ အကူအညီဟုဆိုရာ၌ပြည့်စုံသူများသည်အကူအညီမလိုဟုမဆိုနိုင်။ ဥစ္စာအကူအညီမလိုသော်လည်းဝိညာဉ်ရေးအကူအ ညီ လိုအပ်တတ် သ ကဲ့သို့၊ ချို့တဲ့သူများသည်အစဉ်လိုအပ်နေမည် ဟုလည်းတစ်ထစ် ချဆို ၍ မရ။ ဥစ္စာမပြည့်စုံသော်လည်း ခရစ်ယာန်စိတ်ဓာတ်ပြည့် ဝသောကြောင့် အထူးလိုအပ်မူရှိသည်ဟုခံစားမိမည်မထင်။ ထိုလိုအပ်ချက်များတွင် ထင် ရှား သောအကူအညီလိုအပ်သောအခြေအနေများ မှာကျန်းမာရေးချို့ တဲ့ ခြင်း၊ ဥစ္စာချို့တဲ့ခြင်း၊ ဘာမျှမသိ၊ ရိုးအခြင်း၊ ရက်စက် ခြင်းများကြောင့်အ ကူအညီလိုအပ်သူများကိုကူညီရမည်ဖြစ်သည်။ ယနေ့ခေတ်၌ချို့တဲ့သူ သည်ကုန်းကောက်စရာမရှိ၊ ချမ်းသာသူများမှာထားစရာနေရာ မရှိအောင် ဖြစ်နေသောမျက်မှောက်ခေတ်၌၊ ဘုရားသခင်၏သားသမီးများရှင်သန်နေ ကြရသည်။ ထို့ကြောင့်ရှင်ဗင်းဆင်းဒီပေါလ်သည်ပရဟိတ္တသမားတို့ အားမှိုင်းမသောရဟန္တာအဖြစ် ဂုဏ်ပြုပေးခြင်း မှာအလွန်သင့်လျှော် သည်။

Crd(Fr. #Cle Pike)

photo credit to google 

Add new comment

12 + 2 =