ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်စိန်မားရ်သာ ဇူလိုင်လ - ၂၉

ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်စိန်မားရ်သာ

ဇူလိုင်လ - ၂၉

 

ယနေ့အမိသာသနာတော်ကြီးသည်စိန်မားရ်သာ၏ပွဲနေ့ကို ကျင်းပပါသည်။ သူဍ်မောင်နှမဦးရှိပြီး၄င်းတို့မှာ မာရီးယာနှင့် လာဇရူးတို့ဖြစ်ကြပါသည်။ ၄င်းတို့အကြောင်းကိုရှင်လုကာနှင့်ရှင်ယောဟန် ဧဝံဂေ လိကျမ်းတွင် ဖော်ပြထားသည်။ (ရှင်လုကာ ၁၀း၃၈-၄၀၊ ရှင်ယောဟန် ၁၁း၁-၃၉၊ ၁၂း၂) ၄င်းတို့သည်မိဘမဲ့များဖြစ်ဟန်တူပါသည်၊ အဘယ် ကြောင့်ဆိုသော် ကျမ်းစာတော်မြတ်ထဲဍ်၄င်းတို့မောင်နှမသုံးဦးအ ကြောင်းမကြာမကြာဖော်ပြသော်လည်း၊ ၄င်းတို့၏မိဘများနှင့်စပ် လျင်း ၍ဖော်ပြထားသည်ကိုမဖတ်ဖူးပေ။

 

၄င်းတို့သည်ယေဇူးသခင်၊ တပည့်တော်များနှင့်အလွန်ရင်းနှီး ကျွမ်း၀င်သောမိသားစုတစ်စုဖြစ်ပါသည်။ ယေဇူးသခင်နှင့်တ ပည့်တော် များသည်၄င်းတို့၏အိမ်သို့မကြာမကြာရောက်ရှိလာတတ်ပါသည်။ ၄င်း တို့၏ရွာမှာဘက်တနီ ဟုခေါ်ပြီး၊ ဂျေရူးစလင်မြို့တော်ကြီးနှင့် မ ဝေးလှ ပေ။ (ရှင်ယောဟန် ၁၁း၁) မားရ်သာ၏အနက်ကား ‘အိမ်ရှင်မ’ ဟုဆို လိုပြီး၊ ကျမ်းစာထဲတွင်သူ၏အမည်နှင့်ပတ် သက်၍ဆင်တူ မရှိေ သာ် လည်း၊ မာရီးယာနှင့်လာဇရူးတို့မှာမူဆင်တူသော နာမည်များကို ကျမ်း စာဍ်ဖော်ပြထားပါသည်။ မာရီးယာများစွာရှိသည့်အနက်၊ ဤမာရီး ယာမှာ ဖာရိဇေဦးစီမွန်၏အိမ် တွင်အစာသုံးဆောင်ရန်ရောက်ရှိနေချိန်၊ အိမ်ထဲ သို့ရဲတင်းစွာ၀င်လာပြီး၊ ယေဇူးသခင်၏ခြေတော် ကိုမျက် ရည်ဖြင့်ဆေး ကြောပေးခဲ့သည်။ ထို့နောက်သူ၏ကျော့ရှင်းလှသောပိ တုန်းရောင် ဆံ ပင်ဖြင့်သုတ်ပေးခဲ့ပြီး၊ တန်ဖိုးကြီးလှသော ဆီးမွှေး (နာဒူ) ဖြင့်လူးပေး ခဲ့ သူဖြစ်ပါသည်။ (ရှင်ယောဟန် ၁၁း၂)

 

လာဇရူး၏နာမည်နှင့်ပတ်သက်၍နာမည်တူသောအခြား လာဇ ရူးတစ်ဦးရှိပါသည်။ ထိုလာဇရူးသည်ကောင်းနိုင် ငံတော်နှင့်ငရဲငယ်အကြောင်း၊ လောကဍ်ကုသိုလ်ပါရမီပွားများခြင်း သည်သံသ ရာအ တွက် အာမခံချက်ပေးသည့်အ ကြောင်းကိုပုံဥပမာဖြင့်ဟောပြောသောယေဇူး သခင်၏တရားတွင်လည်းလာဇရူးဟုခေါ်သူတစ်ဦးဖော်ပြထားပါသည်။ သူသည်နွမ်းပါးချို့တဲ့သူတစ်ဦးဖြစ်သည့်အပြင်၊ သူဖုန်းစားတစ် ဦး လည်း ဖြစ်ပါသည်။ (ရှင်လုကာ ၁၆း၂၀၊ ၂၃-၂၅) သို့သော်မားရ် သာနှ င့်မာရီး ယာတို့၏မောင်မဖြစ်နိုင်ပေ။ ယေဇူးသခင်သည် သူအားသေခြ င်း မှပြန် လည်ရှင်ပြန်စေ ခဲ့သည်။ (ရှင်ယောဟန် ၁၁း၃၀-၃၉) သူ့အား ရှင်ပြန်စေ ခဲ့သောကြောင့်လည်းရဟန်းအကြီးအကဲတို့သည်ယေဇူး သ ခင်အားဖမ်း ဆီးသတ်ဖြတ်လိုကြသည်။ (ရှင်ယောဟန် ၁၂း၉-၁၀)

 

မားရ်သာမူကားအစ်မကြီးအမိရာဟုဆိုသကဲ့သို့၊ မိဘမဲ့ဖြစ်နေ သာမောင်နှမများအားမိခင်သဖွယ်ဆိုရေးရှိက ဆိုရင်း ထိန်းကျောင်းလာ ခဲ့သူဖြစ်ပါသည်။ ဧည့်၀တ်ကျေသူ၊ ပျူဌာဖော်ရွေသူ၊ အိမ်ထောင့်တာ၀န် ကိုနိုင်နင်းသူဖြစ်ပါ သည်။ သို့သော်အဓိကနှင့်သာမည ကိုခွဲခြားမ ဆုံး ဖြတ်တတ်အိမ်မူကိစ္စများဖြင့်ဗျာဝေနေတတ်သူဖြစ်ပါသည်။ ထို သို့ဗျာ များတတ်သောကြောင့်ယေဇူးသခင်အားလည်းမိမိ၏အပူထဲသို့ ဆွဲ တွင်းလိုက်ပါသေးသည်။ (ရှင်လုကာ ၁၀း၃၈၊ ၄၀၊ ၄၁) ယေဇူး သ ခင် သည်မားရ်သာ၊ မာရီးယာနှင့်လာဇရူးမောင်နှမသုံးဦးတို့၏အိမ် ကို အ၀င် အထွက်ရှိခြင်းနှင့်စပ် လျင်း၍စိန်သြဂုဏ်စတင်းကကျွန်ုပ်တို့ သည်လော က၌အသက်ရှင်နေစဉ်၊ အမူပေါင်းသောင်းခြောက်ထောင် ကိုလုပ် ဆောင်လေ့ရှိကြပါသည်။ သို့သော်ယခုချိန်ထိခ ရီးသွားတစ် ဦးအဖြစ်နှင့် သာအနားမရသေး။ လမ်းခုလပ်၌သာဖြစ်ပြီး၊ အိမ်တော်သို့မရောက် သေး။ ရောက်ရှိရန်မှန်းမျှော်နေတုန်း၊ မပိုင်ဆိုင် ရသေးသောအ ခြေအ နေကိုဖော်ပြနေခြင်းဖြစ် ကြောင်း၊ လမ်းဆုံးပန်းကုံး စွပ်နိုင်သည်အထိ အားထုတ်ကြိုးစားရမည်။

 

မားရ်သာနှင့်မာရီးယာတို့နှစ်ဦးသည်၊ တစ်အူတုံဆင်းညီ အစ်မ များဖြစ်ကြသည်သာမက၊ ပါရမီအသက်တာ ၌လည်း ညီအစ်မတော် စပ် ပါသည်။ နှစ်ဦးစလုံးသည်ယေဇူးသခင်ကိုအ လွန်ကြည်ညိုလေး စားကြ သည်။ မားရ်သာ၏ ယေဇူးသခင် အားဧည့်၀တ်ပြုခြင်းသည်၊ ဧည့်သည် အားခရီးဦးကြိုဆိုသကဲ့သို့လည်းကောင်း၊ အစေခံကမိမိ၏သခင် အား ကြိုဆိုသခဲ့သို့၊ ဝေဒနာခံစားနေရသောအမျိုးသမီးသည်သူ့အားကယ် တင်ပေးနိုင်သူကိုမျှော်လင့်နေသကဲ့သို့၊ ဖန်ဆင်းခံသည် ဖန်ဆင်းရှင် အားမျှော်လင့်နေသကဲ့သို့ဖြစ်ပါသည်။ အဘယ်ကြောင့််ဆိုသော်မားလ် သာနှင့်မာရီးယာတို့သည် ၄င်းတို့မောင်လာဇရူးဆုံးပါး သွားသောအခါယေဇူးသခင်ကိုအမြန်ဆုံးကြွရောက်စေလိုခဲ့သည်။ သို့သော်ယေ ဇူးသခင်သည်၄င်းတို့မောင်သဂြိင်္ုလ်ပြီး (၄) ရက်မြောက်မှရောက်လာ ခဲ့သည်။ (ရှင်ယောဟန် ၁၁း၁၊ ၂၊ ၅၊ ၁၁၊ ၁၄၊ ၄၃)

 

ဝိညာဉ်၏အစာကိုကျွေးမွေးမည့်သူအားကာယ၏အစာဖြင့်ဦး စွာကျွေးမွေးတော်မူသည်။ အစေခံ၏ဆောင်အ ယောင်ကိုယူ လျှက်၊ အစေခံ၏ပြုစုကျွေးမွေးခြင်းကိုခံရန်ယေဇူးသခင်ကိုယ်တော်တိုင်ဆန္ဒရှိတော်မူသည်။ ‘ယေဇူးသခင်အားမိမိအိမ်သို့ ပင့်ဖိတ်ရန်ထိုက်တန်သူ တို့ သည်မင်္ဂလာရှိကြ၏’ ဟုမိန့်မြွတ်ချက်ကိုကြားရသောအခါ၊ ယေဇူး သခင်အားသက်ရှိထင်ရှား မတွေ့မမြင်လိုက်ရ၍၊ သူ့အားအဘယ်သို့ အိမ်သို့ဖိတ်နိုင်မည်နည်းဟု၀မ်းနည်းပတ်လက်မ ဖြစ်လေနှင်။ ဤသို့ပြုနိုင်ခွင့်ကို ယေဇူးသခင်သင့်အားမဆုံးရှုံးစေပါ။ အငယ်ဆုံးသောသ၏ ညီအစ်ကိုတို့အားသင်ပြု သမျှသည်သူ့အားပြုတော်မူသည် ဟုမိန့်မှာ ချက်သည်ထိုဆုံးရှုံးပြီဟုထင်မှတ်ရသောအခွင့်အရေးကိုသင့်အားပြန်ပေး ခြင်းဖြစ်ပါသည်။ မားရ်သာအနေဖြင့် ယေဇူးသခင်နှင့်တပည့်တော်များတို့အား သူပြုသောကောင်းမူအတွက်တစ်ခုခုပြန်လည် မျှော်လင့်ပေမည်။ ထိုမျှော် လင့်ချက် ကားထာ၀ရစံအိမ်တော်ဍ်နားခိုရန်ဖြစ်ပါသည်။

 

ထို့ကြောင့်စိန် သြဂုဏ်စတင်းအ နေဖြင့်မားရ်သာအားမေးခွန်းမေးမြန်း ခွင့်ရမည်ဆို လျှင်မေးမြန်းလိုသည်မှာယခုသင်၏ ဧည့်၀တ်ပြုဌာမူ ကိုလို အပ်သော ဧည်များရှိပါလေစ။ သင်၏အကျွေးအမွေးကိုလိုအပ်သော ဆာလောင် မွတ်သိပ်သူများ ရှိပါလေစ။ ရေးတိုက်ရန်ရေငတ် နေသူရှိ ပါလေစ။ မကျန်းမမာဖြစ်နေသူကိုသွားရောက်လည်ပတ်ရန်လူနာရှိ ပါလေစ။ အချင်းချင်းခိုက်ရန်ဖြစ်၍ပြန်လည်ဖြေရှင်းပေးရ မည့်သူများ ရှိပါလေစ။ သေလွန်သွား၍မြှုပ်နှံရန်မရှိဖြစ်နေ သူများအား မြှုပ်နှံ ရန် အခြေအ နေ မျိုးရှိပါလေစ ဟုမေးလိုက်ချင်ပါသည်။ အဘယ်ကြောင့် ဆိုသော်သူ သည်ကောင်းကင်နိုင်ငံတော်ဍ် စံစားလျှက်ရှိသောကြောင့်ပင်။ ကောင်းကင်နိုင်ငံဍ်ထိုအခြေအနေမျိုးလုံး၀မရှိတော့ပြီ။ ထို့ကြောင့်ေလာကဍ်မိမိလက် လှမ်း မှီ၍ပြုနိုင်သောကျေးဇူး ကောင်းမူကိုမပြုဘဲ လစ် လျူမရူ့မိရန်အစဉ်သတိဖြင့်ဆင်ချင်ရပေမည်။

 

ကောင်းကင်နိုင်ငံတော်ဍ်ကျွန်ုပ်တို့အလုပ်အကျွေးပြုရမည်ထက်၊ အထက်အရပ်ရှင်ဘုရားသခင်က ကျွေးမွေး လိမ့်မည်။ ယနေ့မားရ် သာ ပြုသောကောင်းမူ၏အကျိုးသည်ကော်းကင်နိုင်ငံတော်ဍ်အကျိုးကိုခံစားရပေမည်။ ၄င်းတို့ အားဘုရားသခင် ‘ငါအမှန်ဆိုသည်ကား၊ သင်တို့အား စားပွဲဍ်ထိုင်စေပြီး၊ သူကိုယ်တိုင်အလုပ်အကျွေးကိုပြု တော်လိမ့်’ ဟု မိန့်မြွတ်တော် မူလိမ်မည်ဖြစ်ကောင်း၊ စိန်သြဂုစ်စတင်းကထောက် ရူ့ ထားပါသည်။

ဖာသာရ်ကလဲမင့်အားတယ်

 

Add new comment

3 + 2 =