ယနေ့ပွဲနေ့ရှင်ဟန်ဂေရီဘုရင် ရှင်စတီးဖင်းမှသားတော်အားရေးသားထားပေးခဲ့သောဆုံးမစာ ဟန်ဂေရီမြို့မှစိန်စတီးဖင်း

ယနေ့ပွဲနေ့ရှင်ဟန်ဂေရီဘုရင် ရှင်စတီးဖင်းမှသားတော်အားရေးသားထားပေးခဲ့သောဆုံးမစာ ဟန်ဂေရီမြို့မှစိန်စတီးဖင်း

ချစ်ရတဲ့သားရေ………..

တကယ်လို့သားဟာအဖေ့ရဲ့အရိုက်အရာကိုဆက်ခံပြီး၊ တိုင်းပြည်ကိုမင်းလုပ်အုပ်ချုပ်ရတယ်ဆိုရင်ဖြင့် ခရစ်တော်ရဲ့တ ပည့်တော် ကြီးတွေကဆင်းသက်လာတဲ့တစ်ဆူတည်းသောကက်သလစ်သာသနာ တော်ရဲ့သွန်သင်ချက်ကိုမြေ၀ယ်မကျလိုက်နာဖို့ဖေဖေအကြံပေး မှာကြား ချင်တယ်။ ဒီတော့မှဖေဖေ့သားဟာရှင်၊ လူ၊ နတ်၊ သိကြားရှေ့ မှောက် မှာ ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ရှင်သန်မင်းလုပ်နိုင်မယ်။ ဒီလိုဘဲဘု ရား ရဲ့သားတော်တွေဖြစ်တဲ့သာသနာ့ ၀န်ထမ်းတွေလည်းဖေဖေ့ သားကို ကိုယ်ကျင့်တရားနဲ့တကယ်ပြည့်စုံသူ၊ ကျင့်တရားမြဲသူ၊ ခရစ်တော်ရဲ့တ ရားတော်အ ညီရှင်သန်တဲ့ဘုရင်လို့ ၀မ်းသာပီတိသာဓုခေါ်နိုင်ကြ၊ ဂုဏ် ယူကြမှာပါ။

ဖေဖေ့သားလေးဟာအထက်ကပြောခဲ့သလိုကျင့်ကြံအသက်မရှင်ရင်တော့၊ ခရစ်တော်တရားနဲ့အညီစီ ရင်အုပ်ချုပ်တဲ့ဘုရင် တစ်ပါး မဖြစ်သလို၊ ကက်သလစ်သာသနာတော်က ဂုဏ်ယူအားထားရ တဲ့သား လည်းဖြစ်မှာမဟုတ် ဘူး။ ဖေဖေတို့ရဲ့နန်းတွင်းထဲမှာဘုရားကိုသက်၀င် ယုံကြည်မူပြီးရင်၊ သာသနာတော်ရဲ့သွန်သင်ဆုံးမမူကိုခံယူအ သက် ရှင်ခြင်းဟာအရေးပါအရာရောက်ဆုံးစောင့်ထိန်းမူကြီးပါဘဲ။ ဘာကြောင့် လဲဆိုရင်အသင်းတော်ရဲ့မျိုးစေ့ကိုဖေဖေတို့၊ သားတို့ရဲ့ဦးသျှောင်ဖြစ် တဲ့ခ ရစ်တော်ကိုယ်တိုင်မျိုးစေ့ချပေးခဲ့လို့ပါဘဲ။ ပြီးတော့အဲဒီမျိုးစေ့တွေ ကိုအ သင်းသူ၊ အသင်း သားတွေ၊ တမန်တော်မြတ်ကြီးတွေ၊ အသင်းတော်ကို ဘက်ပေါင်းစုံကနေကြားကန်ထောက်ပင့်ပေးတဲ့ဓမ္မဖခင်ကြီးကမ ဆုတ် မနစ်တဲ့ဇွဲနဘဲနဲ့နောင်လာနောက်သားတွေတိုင်အောင် လက်ဆင့်ကမ်း သက်ဆောင်ပေးခဲ့ပါတယ်။ ဒီသာသနာ တော်ကြီးဟာကမ္ဘာကြီးရဲ့အချို့နေရာဒေသတွေမှာသစ်လွင်စဲရှိနေပေမယ့်၊ အချို့နေရာတွေမှာတော့ ခိုင် ခိုင်မာမာရှင် သန်ရပ်တည်လာခဲ့ တာနှစ်ကာလကြာခဲ့ပါပြီး။

ဒါပေမယ့်ဖေဖေတို့ရဲ့တိုင်းပြည်မှာတော့ကက်သ လစ်သာသ နာတော်ကြီးဟာအသက်နုနုနယ်နယ်နဲ့ရှင် သန်ကြီးထွားလာနေစဲပါ။ အဲဒီတော့ဘုရားရှင်ကမေတ္တာတရားကြီးမားစွာနဲ့ပေးသနားခဲ့တ ဆဲ့ဒီ ဆုထူးကြီး၊ ဖေဖေတို့၊ သားတို့ရဲ့ဂရုမပြုလစ်လျူရူ့တာ၊ မဆင်ခြင် တာတွေ၊ လိုက်နာကျင့်ဆောက်တည်ဖို့အားမထုတ်ခဲ့တာတွေစ တဲ့စတဲ့ အ ခြေအနေ၊ အကြောင်းကြောင်းကြောင့်ပွန်းပဲ့ပျက် စီးပပျောက်မ သွား ရအောင်အမြဲသတိဆောင်ပြီး၊ ထိန်းသိမ်းဆောက် တည်ပါ လူလေး…

လူလေးဖေဖေ့ကိုပျော်ရွှင်မူအပေးနိုင်ဆုံးအရာကတော့အနာ ဂါတ်မျိုးဆက်ကိုမျှော်လင့်ခြင်းပါဘဲ။ ဒါ ကြောင့်ဖေဖေ့သားကိုအမိန့်ပေး တာမဟုတ်ဘူးနော်။ မေတ္တာရပ်ခံချင်တာကတော့လူလေးဘာ ဘဲလုပ် လုပ်တာ၀န်သိ တတ်၊ တာ၀န်ယူစိတ်၊ တာ၀န်ခံစိတ်နဲ့ဆောင်ရွက်ပါ။ ဒီလိုဆိုလို့လူလေးရဲ့မိသားစု၊ ဆွေမျိုးသားချင်း၊ မင်းညီမင်းသား၊ လူကုံထံ၊ သူဌေးသူကြွယ်နဲ့ကိုယ့်ရဲ့တိုင်းသူပြည်သားတွေအ တွက်ကိုဘဲဆို လို တာမဟုတ်ဘူး။ သားကိုချဉ်းကပ်အသ နားခံလာတဲ့သူစိမ်းတ ရံတွေအား လုံးကိုလှိုက်လှဲပျူဌာစွာနဲ့ပြောဆိုဆက်ဆံပါ။ လူလေးရဲ့တာ၀န်တွေ ကို ဖေဖေပြောခဲ့ သလိုသာဆောင်ရွက်မယ်ဆိုရင်ပျော် ရွှင်မူအပြည့် အဝပေး မှာသေချာတယ်။ နှိပ်စက်ညဉ်းစဲမူအမျိုးမျိုး ကိုခံရတဲ့သူတွေ ကိုငဲ့ညှာသ နားတတ်ပါ။ ‘ငါသည်ပူဇော်ခြင်းကိုမဟုတ်၊ နာခံခြင်းကိုအလိုရှိ၏’ (ရှင် မာတေဦး ၉း၁၃) ဆိုတဲ့ဘုရားရဲ့အ ဆုံးအမကိုနှလုံးပိုက်ထားပါ။ အာဏာ ရှိသူတွေကိုပဲမဟုတ်ဘူး။ အားနည်းသူတွေကိုလည်း စိတ်ရှည်သီးခံပေး ပါလူလေး။ ရဲရင့်တည်ကြည်ပါ။ အောင်မြင်တိုးတက်တာ တွေကြောင့် အောက်ခြေလွှတ်ပြီစး၊ သွေးနထင်မရောက်ပါစေနဲ့။ ဒီလိုနဲ့မ လိုတ မာပြိုင်ဘက်တွေကြောင့်စိတ်ပျက်ပြားကျဆင်းမသွားပါစေနဲ့။ ဒီအသက် တာမှာနိမ့်ချခြင်းနဲ့အသက်ရှင်မှနှောင် ဘ၀မှာဘုရားရှင်ရဲ့ ချီးမြှင့်မြှောက် စားတာကိုခံရလိမ့်မယ်။ ချင့်ချိန်တတ်တဲ့သုခမိန်တို့ရဲ့စိတ်ဓာတ်ကို လည်း ကျင့်ကြံ တတ်ပါစေ။ လူလေးရဲ့စိတ်လိုက်မာန်ပါလုပ် ရပ်ကြောင့်မတရား မူကြီးဖြစ်မသွားပါစေနဲ့။ သိက္ခာသမာဓိနဲ့အမြဲကျင့်ကြံ နေထိုင်ပါ။ သူ တစ်ပါးကိုသိမ်ငယ်အောင်နိမ့်ချပြောဆိုတာတွေကိုရှောင်ပါ။ သွေးသား အာရုံဘက်နွယ်စေနိုင်တဲ့ခံစားမူ တွေကိုလည်းရှောင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့လူလေးလည်းအပုတ်ကောင်းရုပ်ဆောင်နေရုံသက်သက်ပါ။

အထက်ကဆိုခဲ့တဲ့အချက်အလက်တွေအားလုံးဟာဘုရင် တစ်ပါးမှာရှိရမယ့်ကျင်အလက္ခဏာတွေပါဘဲ ။ ဒီအင်္ဂါရပ်တွေမရှိ ရင် ဘယ်သူကမှအုပ်ချုပ်သူမဖြစ်သင့်သလို၊ ကောင်းကင်နိုင်ငံတော် ကို လည်းဘုန်း၀င်စားနိုင်မှာမ ဟုတ်ဘူးလူလေး။ ဒါကြောင့်ခရစ်တော်ရဲ့ တ ရားနဲ့အညီမင်းလုပ်အုပ်ချုပ်ပြီးကောင်း ကင်နိုင်ငံတော်ကိုဘုန်း ၀င် စားနိုင်ပါ စေနော်လူလေး…………………………….

လူလေးကိုအစဉ်ချစ်တဲ့ဖေဖေ

Add new comment

7 + 10 =