Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မွေးနေ့မြတ်မင်္ဂလာ
မယ်တော်မွေးနေ့
ကညာစင်မယ်တော်မာရီးယားသည် သခင်ယေဇူးမဖွားမြင်မှီ (၁၆)နှစ်အလို၌ ဂါလီလီပြည်၊ နာဇရတ်မြို ့၌ရှိသော သံဂျော်ကင်းနှင့် သံဘာအာနားတို့မှမွေးဖွားခဲ့သည်။ ဂျော်ကင်းနှင့်အာနားတို့သည် အသက်အရွယ်ကြီးရင့်သည်အထိ သားသမီးမထွန်းကား ခဲ့သောကြောင့် ဘုရားသခင်သည် လူတို့အားသားသမီးရတနာမထွန်းကားခဲ့ကြောင့် ဘုရားသခင်သည် သူတို့အားသားသမီးရတနာမပေးတော့ဟုမျှော်လင့်ခဲ့သည်။ သို့သော် ဘုရားသခင်သည် သူတို့၏ဆုတောင်းသံကို နားညောင်းတော်မူခဲ့ပြီး ကယ်တင်ရှင်မက် ဆီယား၏ မယ်တော်ဖြစ်လာမည့် မယ်တော်မာရီးယားကို သမီးရတနာအဖြစ်ပေးသနား တော်မူခဲ့သည်။ မယ်တော်မာရီယား၏ မွေးနေ့ပွဲတော်ကို ယေရုဇလင်မြို ့၌အရင်ဦးစွာ စတင်ကျင်းပခဲ့ပြီး (၆၈၇)ခုနှစ် ရဟန်းမင်းကြီးဆာဂျီအုစ်လက်ထက်တွင် တစ်ကမ္ဘာလုံးသို့ ပျံ ့နှံ့ခဲ့သည်။ မယ်တော်မာရီးယား၏မွေးနေ့ပွဲသည် ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ သောသူမ၏ အပြစ်မဲ့သန္ဓေယူခြင်းပွဲနှင့် ကိုးလတိတိကွာခြားသောကြောင့် ဆက်စပ်မှု ရှိနေသည်။ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မ၏သားများအပါအဝင် ဘာသာရေး အဖွဲ့အစည်းအများစုသည် ၎င်းတို့၏ချစ်ခြင်းမေတ္တာကို မယ်တော်အားလုံးအပ်နှံပူဇော် ကြောင်းပြသရန် ဤနေ့၌ပင်ဘာသာရေး ကတိသစ္စာပြုခြင်းများ ပြုလုပ်ကြသည်။
မေ ွးနေ့ဆိုတာဟာစင်္ကြာဝလာထဲမှာတစ်ခုတည်းသောနေရာရည်ရ ွယ်ချက်တေ ွနဲ့ ဘုရားရှင်သတ်မှတ်ထားတဲ့ကျွန်မတို့အတ ွက်နေ့တစ်နေ့ဖြစ်ပါတယ်။
Add new comment