#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက်

#မိုလိုခိုင်အီမြို့မှစိန့်ဒါမီယံ (Saint Damien de Veuster of Molokai) #မေလ (၁၀) ရက်

(မွေး - ဇန်နဝါရီလ၊ ၃၊ ၁၈၄၀၊ ပျံလွန် - ဧပြီလ၊ ၁၅၊ ၁၈၈၉)

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ယနေ့ပွဲနေ့ရှင်၏ ဆေးကြောခြင်း အမည်မှာ ဂျိုးဇက် ဖြစ်သည်။ သူ့အား ဘဲလ်ဂျီယံနိုင်ငံ၊ Tremelo မြို့၊ (၁၈၄၀) တွင် မွေးဖွားခဲ့သည်။ အနာကြီးရောဂါနှင့် ပတ်သက်၍ ဥရောပတိုက်သား အတော်များများ မသိကြပေ။ ဤရောဂါကို Hansen ရောဂါဟုလည်း ခေါ်ခဲ့သည်။ သူပျံလွန်ချိန် သက်တော် (၄၉) နှစ်၌ ယနေ့ပွဲနေ့ရှင်ကြောင့် အနာကြီးရောဂါကို လူတိုင်းနီးပါး သိသွားခဲ့သည်။ လူသားတို့၏ စာနာနားလည် တတ်ခြင်းသည် ‌ဝေဒနာကို သက်သာပေါ့ပါး သွားစေနိုင်သည်ဟု သိရှိခဲ့သည်။

ယနေ့ပွဲနေ့ရှင်သည် မိသားစု၏ စား၀တ်နေရေး အကြပ်အတည်းကြောင့် အသက်(၁၃)နှစ်တွင် ကျောင်းထွက်ပြီး၊ မိသားစု၏လယ်တွင် ကူလုပ်ခဲ့ရသည်။ ခြောက်နှစ်ခန့် ကြာသောအခါ သူသည် ယေဇူးနှင့် မယ်တော်နှလုံးတော် ရဟန်းအသင်းသို့ ၀င်ရောက်ခဲ့သည်။ သူတော်စင် အမည်သစ်ကိုလည်း လေးရာစုခန့်က တရားတော်အတွက် ကွပ်မျက်ခံခဲ့ရသည့် ဆရာ၀န်တစ်ဦး၏ အမည်ကို ခံယူခဲ့သည်။ သူနှင့်အတူ ရဟန်းအသင်း တစ်ခုတည်း၌ ရဟန်းဖြစ်နေသော အစ်ကိုဖြစ်သူ Pamphile နေထိုင်မကောင်းဖြစ်ပြီး သာသနာပြုရန် တာဝန်ကြသော ဟာဝိုင်ယီကျွန်းသို့ မရောက်နိုင် ဖြစ်ခဲ့သည်။ ထိုအခါ ပွဲနေ့ရှင်က အစ်ကိုကြီး၏အစား သာသနာနယ်သို့ သူသွားရောက်ပါမည်ဟု တောင်းဆိုခဲ့သည်။ သို့နှင့်သူသည် အစ်ကိုကြီး၏အစား ဟာဝိုင်သို့ သာသနာပြုအဖြစ် ရောက်ရှိသွားခဲ့သည်။ သူသည် သာသနာနယ်သို့ ရောက်ပြီး၊ နှစ်လအကြာ (၁၈၆၄) ဟိုနိုလူလူကျွန်းတွင် ရဟန်းသိက္ခာကို ခံယူခဲ့သည်။

(၁၈၇၃) ၌ သူသည် ဟာဝိုင်ယီအစိုးရမှ ဖွစ်လှစ်ထားသော မိုလိုခိုင်ကျွန်းရှိ အနာကြီးရောဂါသည် ပြုစုစောင့်ရှောက်သည့်ဌာနသို့ သွားရောက်ကာ အနာကြီးရောဂါသည်များအား ကာယ၊ ၀ိညာဉ်၊

ဆေး၀ါးကုသမှုများ ပြုပေးသော ဘုန်းတော်ကြီးအဖြစ် နှစ်စဉ် သုံးလ သွားရောက်၍ လုပ်အားပေးလေ့ ရှိသည်။ သို့သော် နောက်ပိုင်း၌ ပွဲနေ့ရှင်သည် ရာသက်ပန် ပြုလုပ်ရန် ဆက်ကပ်ခဲ့သည်။ နောက်ပိုင်း၌ ပွဲနေ့ရှင်သည် ရောဂါသည်များအတွက် အစိုးရထံမှ အကူအညီ အထောက်အပံ့ အပြည့်အ၀ရရှိရေး တောင်းဆိုပေးရာတွင် အလွန်အားကိုး အားထားရသူ ဖြစ်လာခဲ့သည်။

များမကြာမီ ထိုနေရာ၌ လူနေအဆောက်အဦး အသစ်များ၊ ဘုရာကျောင်းဆောင် အသစ်များ၊

စာသင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။ ဒေသခံတို့၏ ကိုယ်ကျင့်တရားများလည်း ပြောင်းလဲတိုးတက် လာခဲ့သည်။ နှစ်အနည်းငယ် အကြာတွင်

ယနေ့ပွဲနေ့ရှင်က Syracuse မှ ဖရန်စစ္စကင် သီလရှင်များအား သာသနာပြုရန် ဖိတ်ခေါ်နိုင်ခဲ့သည်။ သာသနာပြုရန် ရောက်လာသော သီလရှင်များကို မာသာရ် Marianne Cope က ဦးဆောင်ကာ Kalaupapa ရှိ ရောဂါသည်များ စောင့်ရှောက်ရေးဌာနကို စတင်တာ၀န် ယူခဲ့ကြသည်။

နောက်ပိုင်း၌ ယနေ့ပွဲနေ့ရှင် ကိုယ်တိုင်ပင် ထိုရောဂါ ကူးစက်သွားပြီး၊ ထိုရောဂါဖြင့် ပျံလွန်သွားခဲ့သည်။ သူ၏ တောင်းဆိုချက် အတိုင်းပင် သူ့အား Kalaupapa ၌သာ မြေချသဂြိုလ် ပေးခဲ့သည်။ (၁၉၃၆) ခုနှစ် ရောက်မှသာ ဘဲလ်ဂျီယံအစိုးရ၏ အစီအစဉ်ဖြင့် ကျန်ရှိသော သူ၏ရုပ်ကြွင်းကို ဘဲလ်ဂျီယံနိုင်ငံသို့ သယ်ယူခဲ့သည်။ ပွဲနေ့ရှင်အား (၁၉၉၅) ခုနှစ်တွင် သူတော်စင်အဖြစ် တင်မြောက်ခဲ့ပြီး၊ သူတော်စင်

တင်မြောက်ခံရသောအခါ ပွဲနေ့ရှင်၏ ရုပ်ကြွင်းအချို့ (ဓာတ်တော်) ကို သူအလွန် ချစ်မြတ်နိုးခဲ့ရသော သာသနာမြေ ဟာဝိုင်ရီသို့ ပြန်လည်ပို့ဆောင် ပေးခဲ့သည်။ (၁၉၅၉) ခုနှစ် ဟာဝါရီသည် ပြည်နယ် တစ်ခုအဖြစ် ကြေငြာခံရပြီး နောက်ပြည်နယ်၏ ကိုယ်စားပြု သူရဲကောင်း နှစ်ဦးအနက်

ယနေ့ပွဲနေ့ရှင်လည်း တစ်ပါးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ယနေ့ပွဲနေ့ရှင်ကို ရဟန္တာအဖြစ် ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆) ၏ လက်ထက် (အောက်တိုဘာလ၊ ၁၁၊ ၂၀၀၉) ခုနှစ်တွင် တင်မြောက်ခဲ့သည်။ ယနေ့ ပွဲနေ့ရှင်ကို အချို့က လူသူမသွားရဲသော ဒေသသို့ သွားရောက်၍ သာသနာပြုရဲသောကြောင့် သူရဲကောင်းဟု သတ်မှတ်ပြီး၊ အချို့ကား ဆင်ခြင်ဉာဏ် နည်းသူဟု သတ်မှတ်ကြသည်။ ပရိုတက်စတင် ရဟန်းတစ်ပါးက ယနေ့ပွဲနေ့ရှင်နှင့် ပတ်သက်၍ မမှန်မကန် ရေးသားအသရေ ဖျက်သောအခါ ပွဲနေ့ရှင်ကိုယ်တိုင် ဖြေရှင်းရန်ပင် မလို။ Robert Louis Stevenson က ထိုသူ့ထံသို့ အိတ်ဖွင့်ပေးစာ အရှည်ကြီးကို ထိမိစွာ ရေးသားပေးပို့၍ နောက်နောင် မပြုလုပ်တော့ရန် သတိပေး ကာကွယ်ခဲ့သည်အထိ လူရိုသေ၊ ရှင်ရိုသေ ကြည်ညိုခံခဲ့ရသည်။ ယနေ့ပွဲနေ့ရှင်သည် အနာကြီးရောဂါသည်များနှင့် ရောဂါသည်များအား စောင့်ရှောက်မှိုင်းမသော ရဟန္တာအဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ခံရသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

4 + 0 =