မိတ်ဆွေစစ်

 ဒီကနေ့ လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်မှာ ‘မိတ်ဆွေစစ်’ ဆိုတဲ့အကြောင်းအရာ လေးကို တင်ဆက်ပေးသွားမှာပါ။     

         မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဆိုတာ ကိုယ်နဲ့နှစ်ကိုယ့်တစိတ်ရှိတဲ့သူလို့ အရစ္စတိုတယ် (Aristotle) ကတော့ ဆိုထားပါတယ်။ ကျမတို့ဟာ တနေ့ထက် တနေ့အရွယ်ရောက်လာတာနဲ့ အမျှ တွေ့ဆုံဆက်ဆံရတာတွေလဲ ပိုပြီးများလာပါတယ်။ အဲဒီလို ဆက်ဆံရတဲ့ထဲမှာ သိရုံကျွမ်းရုံ လောက်ပဲရှိတက်သလို တကယ့်မိတ်ဆွေစစ်တွေနဲ့လဲ ဆက်ဆံရတတ်ပါတယ်။ တချို့မိတ်ဆွေ တွေက ကို်ယ့်ကိုဒုက္ခပေးတဲ့သူတွေလဲ ရှိတတ်ပါတယ်။ ကျမတို့ရဲ့မိတ်ဆွေစစ်တွေကတော့ မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး ဆိုတဲ့အတိုင်း ကျမတို့ရဲ့မောင်နှမအရင်းတွေထက် ပိုပြီးအား ကိုးခင်မင်ရတဲ့သူတွေဖြစ်ပါတယ်။ အင်္ဂလိပ်စကားပုံတစ်ခုကတော့ အကြင်သူသည် အကြောင်း ကိစ္စပေါ်လာတတ်သော်၊ အဖော်သဟဲဖြစ်၏။ ထိုသူသည် မိတ်ဆွေစစ်မည်၏ လိုဆိုထားပါတယ်။ ကျွန်မတို့ဒုက္ခအခက်အခဲတွေ့နေရချိန်မှာ အနားမှာရှိနေပေးသူကတော့ ကျွန်မတို့ရဲ့ မိတ်ဆွေစစ် မည်ပါတယ်။ အဲလိုပုဂ္ဂိုလ်တွေဟာ ကိုယ်ကျိုးမကြည့်ဘဲ တကယ့်စေတနာသက်သက်နဲ့ အကူအညီ ပေးတတ်ကြတဲ့သူတွေဖြစ်ပါတယ်။

         ကျွန်မတို့တတွေ လူလူချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ ‘လူအမျိုးမျိုး စိတ်အထွေ ထွေ’ ဆိုသလိုလူမျိုးစုံစိတ်ဓါတ်မျိုးစုံနဲ့တွေ့ရမှာပါ။ ဒါကြောင့် လူတိုင်းဟာ ကြင်နာတတ်တယ်။ အကောင်းမြင်တတ်တယ်။ ချိုသာပျူငှာစွာ စကားဆိုကြလိမ့်မည်လို့ ကြည့်ပဲလဲ မျှော်လင့်လို့မရပါ ဘူး။ ကျွန်မတို့ဘက်ကသာ ဘယ်သူ့ကို မဆိုကြီးကြီးငယ်ငယ်ဆင်းရဲရဲ၊ ချမ်းသာသာ တစ်ဦးချင်း ဆီကို အကောင်းဆုံးပြုမူဆက်ဆံတတ်တဲ့သူဖြစ်အောင် ကြိုးစားရမှာပါ။ ဘယ်ထိုသော လူဖြစ်ပါ စေ၊ ချိုသာပျူငှာမှုကို လိုလားတတ်သောကြောင့် ဘယ်သူနဲ့မဆို မိတ်ဆွေသင်္ဂဟဖြစ်ရမှုကို ကိုယ်ကတန်ဖိုးထားကြောင်းပြ(ပြောဆို)ပါ။ မိတ်ဆွေပြစ်မှုကို လိုလားနှစ်သက်ကြောင်းပြဆိုမှုဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ အင်မတန်မှ ရခဲပါ တယ်။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြစ်ချက်တွေကို သည်းခံစိတ်နဲ့ ခွင့်လွှတ်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ။ ဒါ့အပြင် ကိုယ့်မိတ်ဆွေသူငယ်ချင်းရဲ့ မွေးနေ့ကို မှတ်သားထားပါ။ မိတ်ဆွေသူငယ်ချင်းရဲ့ မွေးနေ့မှာ သူ့အတွက် ပထမဆုံးမွေးနေ့ဆန္ဒပြုသူကို ဖြစ်ပါစေ။ ဒီကိစ္စဟာ အသေးအမွှားဖြစ်ပေမဲ့ စကားအများကြီးပြောပါတယ်။ ကျွန်မတို့အနေနဲ့ စာအုပ်ကောင်းတစ်အုပ် ကို ဖတ်ရရင် ဒါမှမဟုတ် ဇာတ်လမ်းကောင်းကောင်းတခုကို ကြည့်ရရင် ကိုယ့်ရဲ့ မိတ်ဆွေသူငယ် ချင်းဆီကို အရင်ဆုံးလက်ဆင့်ကမ်းလိုက်ပါ။ ဟင်းကောင်းစားရရင် မိတ်ဆွေသူငယ်ချင်းအပေါင်း အသင်းရောင်းရင်းတွေကို ပြေးပြီးသတိရမိတယ် ဆိုတဲ့ မြန်မာစကားတရပ်ရှိပါတယ်။ ဘယ်သူမဆို ကိုယ့်ကို သတိရတာ၊ ကိုယ့်ကို ဦးစားပေးတာ၊ ကိုယ့်ကို အားပေးစကားဆိုတာ ကိုသာ ကြိုက်နှစ်သက်သူတွေချည်းပါပဲ။ ဒါကြောင့် ကောင်းတာလေးတွေ့ရင် ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မျှဝေခံစားပါသတိရပါ။ လေ့လာဆည်းပူးသင်ယူစရာတွေရှိရင် တဦးနဲ့ တဦးအား ပေးပြီး လေ့လာကြပါ။ သင်ယူကြပါ။ ဆည်းပူးကြပါ။ အခွင့်အရေးသာရမယ်ဆိုရင်အားလပ်တဲ့ အလုပ်ပိတ်ရက်(ဒါ) ကျောင်းပိတ်ရက်တွေမှာကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ပါ။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်တွေကို အတူတကွ ခံစားကြည့်ပါ။ ဒီနေရာမှာ RVA မြန်မာ ဘာသာအစီအစဉ်တွေကို ကြည့်ရှုအားပေးနားသောတဆင်နေကြသော အမိအဖညီအစ်ကိုမောင် နှမများအတွက် မိတ်ကောင်းဆွေကောင်း ( ၄ )မျိုးလုံးဝေမျှပေးချင်ပါတယ်။

၁။ ကျေးဇူးတုံ့ပြန်တတ်သော ကောင်းသော စိတ်နှလုံးရှိတဲ့ မိတ်ဆွေစစ်

၂။ ချမ်းသာအတူ၊ ဆင်းရဲအတူ ဖြစ်သော မိတ်ဆွေစစ်

၃။ အကျိုးစီးပွားကိုပြောကြားတတ်သော မိတ်ဆွေစစ်

၄။ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သော မိတ်ဆွေစစ် ဖြစ်ပါတယ်။

         ဒါ့အပြင် မိတ်ဆွေဝတ္တရား(၅) ပါးလည်းရှိတယ်လို့မှတ်သားဖူးပါတယ်။ အဲဒါလေးတွေက တော့ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွတ်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ လို့ဆိုထားပါကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Add new comment

4 + 10 =