မယ်တော်မာရီးယားအားဘုရင်အဖြစ်တင်မြှောက်ခြင်း

မယ်တော်မာရီယားအား ဘုရင်အဖြစ်တင်မြှောက်ခြင်း
မယ်တော်မာရီယားအား ဘုရင်မအဖြစ်တင်မြှောက်ခြင်း အခမ်းအနားသည် ၁၉၅၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးဒွါသမမြောက်ပီအူးစ်က ဘာသာဝင်များသို့ရေးသားပေးပို့ သောစာ “ ကောင်းကင်နိုင်ငံသို့”  (Ad Cacli Aeyinam)ဖြင့် စတင်ခဲ့သည်။ ဤပွဲနေ့သည် သခင်မ၏ ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်းပွဲနှင့် ရင်းနှီးဆက်နွယ်မှုရှိသည်။ ကညာစင်မာရီယားသည် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရပြီးနောက် ကောင်းကင် နှင့်မြေကြီး၏ဘုရင်မအဖြစ် သရဖူဗေါင်းမင်္ဂလာခံယူခဲ့သည်။ မယ်တော်သခင်မအား ဘုရင်မအဖြစ်တင်မြှောက်ခြင်းသည် သံယောဟန်ဧဝံဂေလိကျမ်းရေး ပုဂ္ဂိုလ်၏ရူပါရုံအ ပေါ်အခြေခံသည်။ “ ကောင်းကင်၌ကြီးစွာသော နမိတ်လက္ခဏာဟူမူကား မိန်းမတစ်ဦး သည်နေကိုဝတ်လျက် လကိုခြေဖြင့်နင်းလျက် မိမိခေါင်းပေါ်၌ ကြယ်တစ်ဆယ့်နှစ်လုံးဖြင့် ပြီးသော သရဖူကိုဆောင်းလျက်ပေါ်လာ၏”  (ဗျာဒိတ်ကျမ်း  ၁၂း၁) ဘုရားသခင်က သူမ ကိုထိုအခွင့်အရေးပေးထားခြင်းမှာ သူမသည်ဘုရား၏မယ်တော်ဖြစ်တော်မူသောကြောင့် ဖြစ်သော်လည်း သူ၏စကားကိုယုံကြည်သောကြောင့် ပို၍ခွင့်ပေးထားခြင်းဖြစ်သည်။ မိန်းမတစ်ယောက်က “ ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသော သားမြတ်သည် မင်္ဂလာရျိပါ၏” ဟုလျှောက်လျှင် ကိုယ်တော်က “ ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ကိုကြား၍ နှလုံးသွင်းသောသူသည် သာ၍မြတ်စွာသောမင်္ဂလာရှိ၏” ဟုမိန့်တော်မူ၏။ (လုကာ ၁၁း၂၇-၂၈)

Add new comment

1 + 0 =