မတ်လ (၁၆)#St_Heribert (Bishop of Cologne)

မတ်လ (၁၆)#St_Heribert (Bishop of Cologne)

#စိန့်ဟီရီဘတ် သည် ကူလွန်သာသနာ၌ နာမည်ကျော်စောသူ တစ်ဦးဖြစ်သည်။ သူသည် ဝမ်းမြို့၌ မွေးပြီး ဉာဏ်ထက်မြက်၍ အမြဲတမ်း လေ့လာသင်ကြားလို စိတ်ရှိသည်။ သူသည် လိုရင်မြို့ရှိ ဘုန်းကြီးကျောင်းသို့ အပို့ခံရသည်။ ရသေ့များ၏ဘဝကို သဘောကျ၍ ရသေ့ကျောင်းသို့ ဝင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘက်နဒစ်တင်းရသေ့ကို အားကျ ခဲ့သူဖြစ်သည်။ သူ့အား ရဟန်းဘုန်းကြီးဘဝသို့ တင်မြောက်ကြ၍ ဝမ်းမြို့သို့ပြန်ခေါ်ကြသည်။

ဧက္ကရာဇ်မင်း အိုတို(၃)က စိန့်ဟီရီဘတ်အား အတိုင်ပင်ခံ အဖြစ်ရွေးသည်။ အေဒီ ၉၉၈ ခုနှစ်၌ ဆရာတော် သိက္ခာခံယူသည်။ ထို့နောက် ကူလွန်ဂိုဏ်းချုပ် ဆရာတော် ဖြစ်လာခဲ့သည်။ မိမိကိုယ်တိုင် မထိုက်ဘူးထင်ခဲ့သော်လည်း စိန့်ပီတာ ကာသီဒြယ်မှာ ခရစ္စမတ် အကြိုနေ့၌ ဆရာတော် ဘိသိတ် မင်္ဂလာခံယူခဲ့သည်။ သူတာဝန် ထမ်းဆောင်နေရသော မင်းအတိုင်ပင်ခံ လုပ်ငန်းအတွက် ဝိညာဉ်ရေး မထိခိုက်စေပါ။

ဧက္ကရာဇ် မင်းကြီးအိုတိုနှင့် အီတလီသို့ အလည် သွားရောက်စဉ် အိုတိုနောက်ဆုံးဘဝ နိဂုံးချုပ်ခဲ့သည်။ ဧက္ကရာဇ်မင်း၏ ဆန္ဒအတိုင်း သူ၏ အလောင်းကို (Aachan) အာချန်သို့ ယူဆောင်ကြ၍ ၎င်း၌ သင်္ဂြိုလ်ကြသည်။ အိုတိုဆုံးသွားပြီး ဒူးဟင်နရီက ဆက်ခံသည်။ သူသည် ဟီရီဘတ်၏ လုပ်ဆောင်မှုအား တလွဲထင်ခဲ့သည်။ သို့သော် ဧက္ကရာဇ်မင်း လွဲမှားခြင်းအား ဟီရီဘတ်က ပါရမီအကျင့်သီလအားဖြင့် အောင်နိုင်ခဲ့သည်။ သူတို့နှစ်ဦးစလုံး လူထုရှေ့၌ ပြန်လည်သင့်မြတ်ခြင်း ပြုလုပ်သည်။

ရိုင်းမြို့နှင့် ဆန့်ကျင်ဘက်တွင် အိုတိုနှင့်အတူ ရသေ့ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ကြသည်။ ရှိသမျှ ပစ္စည်းဥစ္စာများကုိ ဟီရီဘတ်က ဆင်းရဲသားများ၊ မကျန်းမမာသူများအား ပေးဝေလှူဒါန်းပြီး နှစ်သိမ့်အားပေးသည်။ တခါက မိုးခေါင်ခြင်း‌ေြကာင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ဟီရီဘတ်က နောင်တ တရားနှင့် ဆိုင်သော စီတန်းလှည့်လည်ခြင်း၊ ဆုတောင်းခြင်းဖြင့် မြို့ထဲ၌ ပြုလုပ်စေသည်။ အပြန်ခရီးတွင် စိန့်ဆေဗရီနိုစ် ဘုရားရှိခိုးကျောင်းသို့ ဝင်ကြ၍ ဆရာတော်ဟီရီဘတ်က နောက်ဆုံး ဆုတောင်းမေတ္တာနှင့် ဘုရားအား အပ်နှံခဲ့သည်။ ဆရာတော်ကြီး ဆုတောင်းပြီး ဒူးထောက်ရာမှ ထလာသောအခါ ချက်ခြင်း မိုးတိမ်များစုကာ မိုးရွာသွန်းလာသည်။ ၎င်းနောက် တောင်သူလယ်သမားများ အသီးအနှံ စိုက်ပျိုးကြသည်။ သူသည် မိုးရွာရန်အတွက် ပတ္တနာပြုတိုင်တည်သည်။

သူသည် (Neuss) နေအုစ်သို့ အလည်သွားသောအခါ အဖျားဝင်၍ နောက်ဆုံး ခရစ္စမားဆီ လူးမှတ်ခြင်း ခံယူပြီး ဆုံးသွားခဲ့သည်။ သူ၏ ရုပ်အလောင်းအား ဒူးမြို့၌ထားကြသည်။ သူ့ထံဆုတောင်းပတ္တနာ ပြုလုပ်သူများ တန်ခိုးလက္ခဏာ ရရှိကြသည်။

#ကြေးစည်မြန်မာ

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

5 + 9 =