ဘုရားအမှုထမ်းတွေကိုရဟန္တာတင်မြှောက်တဲ့နေ့

၁၆၂၂ခုနှစ်၊ မတ်လ (၁၂)ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီ (၁၅)က လိုယိုရာမြို့သား စိန့် အီဂနေးရှပ်(စ်)နှင့် စိန့်ဖရန်စစ် ဇေးဗီးယားတို့နဲ့ အခြားရဟန္တာ သုံးပါး၊ စုစုပေါင်း (၅)ပါးတို့ကို ရဟန္တာအဖြစ် တရားဝင်ကြောငြာတင်မြှောက်ခဲ့တာ နှစ်ပေါင်း (၄၀၀)နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

Today, Mar 12, 1622 Pope Gregory XV canonized St Ignatius, SJ, and St Francis Xavier, SJ along with St Theresa of Jesus, St Isidore the Laorer and St Philip Neri. Today is the 399th year since the Canonization of Sts Ignatius of Loyola and Francis Xavier.

သူတို့အထဲက ရဟန္တာ အီဂနေးရှပ်စ်နဲ့ ဖရန်စစ်ဆေးဗီးယားတို့ နှစ်ပါးစလုံးဟာ ဂျက်ဇွစ် (ယေဇူး) အသင်းဂိုဏ်းကိုတည်ထောင်ခဲ့ သူတွေဖြစ်ပြီးပါတယ်။ သူတို့ဟာ ပြင်သစ်နိုင်ငံမှာ စာသင်နေချိန်မှာ စတင်ရင်းနှီးသိကျွမ်းခဲ့ကြတာ ဖြစ်ပါတယ်။ စိန့်ဖရန်စစ်ဆေးဗီးယားဟာ စိန့်အီဂနေးရှပ်စ်ကြောင့် ဘာသာရေးဘက်ကို စိတ်ပြောင်းလဲလာခဲ့ပြီး အခြားအပေါင်းဖော်တွေနဲ့ ဂျက်ဇွစ် အသင်းဂိုဏ်းကို တည်ထောင်နိုင် ခဲ့ကြတယ်။ အာရှတိုက်မှာရှိတဲ့ နိုင်ငံတွေကို ခက်ခက်ခဲခဲ သာသနာပြုဖို့ စေလွှတ်ခါနီးလေးမှာ စိန့်အီဂနေးရှပ်စ်က စိန့်ဖရန်စစ်ကို "ite, inflammate omnia" (Go set the world on fire)' ကမ္ဘာလူသား အားလုံးအပေါ် (ယုံကြည်ခြင်းရဲ့ မီးလျှံ) ထွန်းလင်းတောက်လောင် အောင်လုပ်ဆောင်ပါ' လို့ မိန့်မှာထားခဲ့တယ်လို့ ဆိုကြပါတယ်။ အာရှတိုက်မှာ အောင်မြင်စွာ သာသနာပြု နိုင်ခဲ့တာကြောင့် သာသနာပြုသူတွေကို စောင့်ရှောက်တဲ့ ရဟန္တာအဖြစ်လည်း လူသိများ လာခဲ့ပါတယ်။

လူသားအားလုံး ကယ်တင်ခြင်းရနိုင်ဖို့ သေသည့်တိုင်အောင် အဆက်မပြတ် ကြိုးစားခဲ့ကြတဲ့ ရဟန္တာ အီဂနေးရှပ်(စ်)၊ ရဟန္တာ ဖရန်စစ် ဇေးဗီးယားနဲ့ အခြားရဟန္တာ အပေါင်းတို့ ကျွန်ုပ်တို့အား သာသနာပြုဖို့ရန် စိတ်အား ပြင်းပြသော မီးလျှံများဖြည့်ပေးလျက် အမြဲဆုတောင်းပေးတော်မူပါ။ အထူးသဖြင့် မတရားမှုကို တွန်းလှန် တိုက်ဖျက်နိုင်ရန်၊ မကောင်းမှု ဆာတန်ကျော့ကွင်းကို (ဘုရားရှင်ရဲ့ ကျေးဇူးတော်) အကောင်းအားဖြင့် အနိုင်ယူနိုင်သော ခွန်အားသတ္တိ ပြည့်ဝလာအောင် ဆုတောင်း ပေးတော်မူပါ။ အာမင်။

Read more: https://jesuits.eu/.../283-canonization-of-st-ignatius-of...

#Saints #stignatiusofloyola #stfrancisxaviercabrini #Catholic

#fire #AMDG #IHS #SJ

၁၆၂၂ခုနှစ်၊ မတ်လ (၁၂)ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီ (၁၅)က လိုယိုရာမြို့သား စိန့် အီဂနေးရှပ်(စ်)နှင့် စိန့်ဖရန်စစ် ဇေးဗီးယားတို့နဲ့ အခြားရဟန္တာ သုံးပါး၊ စုစုပေါင်း (၅)ပါးတို့ကို ရဟန္တာအဖြစ် တရားဝင်ကြောငြာတင်မြှောက်ခဲ့တာ နှစ်ပေါင်း (၄၀၀)နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

Today, Mar 12, 1622 Pope Gregory XV canonized St Ignatius, SJ, and St Francis Xavier, SJ along with St Theresa of Jesus, St Isidore the Laorer and St Philip Neri. Today is the 399th year since the Canonization of Sts Ignatius of Loyola and Francis Xavier.

၁၆၂၂ခုနှစ်၊ မတ်လ (၁၂)ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီ (၁၅)က လိုယိုရာမြို့သား စိန့် အီဂနေးရှပ်(စ်)နှင့် စိန့်ဖရန်စစ် ဇေးဗီးယားတို့နဲ့ အခြားရဟန္တာ သုံးပါး၊ စုစုပေါင်း (၅)ပါးတို့ကို ရဟန္တာအဖြစ် တရားဝင်ကြောငြာတင်မြှောက်ခဲ့တာ နှစ်ပေါင်း (၄၀၀)နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

Today, Mar 12, 1622 Pope Gregory XV canonized St Ignatius, SJ, and St Francis Xavier, SJ along with St Theresa of Jesus, St Isidore the Laorer and St Philip Neri. Today is the 399th year since the Canonization of Sts Ignatius of Loyola and Francis Xavier.

Add new comment

3 + 2 =