Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုရားမိခင်မယ်တော်
ဘုရား၏မယ်တော်မာရီယား
သန့်ရှင်းသော ကညာစင်မာရီယားကို ဘုရား၏မယ်တော်အဖြစ် ရှေးကနဦးကပင် ကြည်ညိုလေးစားခဲ့ကြသည်။ လေးရာစုအတွင်း၌ ကွန်စတန်တီနိုပယ်၏ ဆရာတော်ဖြစ်သူ နက်စတိုရိအူးစ်မှ အမိမယ်တော်သည် လူ့အဖြစ်ကိုယူသော ယေဇူး၏ အမေသာလျှင်ဖြစ်ပြီး ဘုရား၏မယ်တော်မဟုတ်ကြောင်း အလေးအနက်ပြောဆို၍ ဂရိ ဘာသာစကား“ Theotokos” အားခုခံငြင်းဆိုခဲ့သည်။ သို့သော်လည်း မယ်တော်မာရီယား သည် ဘုရားဖြစ်တော်မူသော ယေဇူးသခင်၏မိခင်ဖြစ်သည့်အလျောက် “ ဘုရား၏ မယ်တော်” ဟုခေါ်ရမည်ဖြစ်ကြောင်း ၄၃ခုနှစ်၌ ဧဖက်မြို ့တွင်ကျင်းပခဲ့သော သံဃနာယ အစည်းအဝေးကြီးမှ အတိိအလင်းအတည်ပြုကြေညာခဲ့သည်။ အစည်းအဝေး သည် နောက်လူအပေါင်းတို့သည် ဆရာတော်ကြီးများအား မြို ့အနှံ့ပင့်ဆောင်လှည့်လည်၍ ဝမ်း မြောက်စွာအောင်ပွဲခံခဲ့ကြသည်။ ထို့ပြင်အစည်းအဝေးကြီးအောင်မြင်သည့် အထိမ်းအ မှတ်အဖြစ် ရဟန်းမင်းကြီးတတိယမြောက်စစ္စတူးစ်သည် ရောမမြို ့၌ ကြီးကျယ်ခမ်းနား သောစိန်မေရီဘုရားကျောင်းတော်ကြီးကို တည်ဆောက်ခဲ့သည်။
ဤယနေ့၍ပင် ကျွနု်ပ်တို့သည် သခင်ခရစ်တော်၏အရေဖြားလှီးခြင်းမင်္ဂလာခံပွဲ နှင့်ယေဇူးအမည်နာမကင်ပွန်းတပ်ပွဲကို ပူးပေါင်းကျင်းပကြပါသည်။ ယေဇူးဟူသော အမည်နာမသည် “ ကယ်တင်တော်မူသောဘုရား” ဟုအဓိပ္ပါယ်ရသည်။ အကြောင်းမှာ ထိုသူငယ်အား အရေဖြားလှီးခြင်းကိုပေးသော နေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရက်ရောက်သောအခါ ယေဇူးအမည်ဖြင့်မှည့်ကြ၏ဟု သံလူကား ၂း၂ဝ၌ ရေးထား လျှက်ရှိသောကြောင့်တည်း။ ဤအချက်သည် ကမ္ဘာဦးကျမ်း ၁ရး၁၂၌ “ သင်တို့ အမျိုးအ စဉ်အဆက်တို့၌ သားယောကျင်္ားအသက်ရှစ်ရက်မြောက်လျှင် အရေပြားလှီးခြင်းခံရမည်” ဟုထာဝရဘုားက အာဗြံဟမ်အား မိန့်တော်မူချက်ကို နာခံခြင်းပင်ဖြစ်သည်။ အရေပြား လှီးမင်္ဂလာခံခြင်းဆိုသည်မှာ သခင်ဘုရားအားဆက်ကပ်ပူဇော်ခြင်းဟု အဓိပါ္ပယ်ရပါ သည်။
Add new comment