ဘယ်အရာက အရေးကြီးဆုံးလဲ

အိမ်ကို တီဗီဝယ်လာတော့ စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ် မော်တော်ကား ဝယ်လိုက်တော့ လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး။

လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့ ပေးစာ မရေးတတ်တော့ဘူး ကွန်ပြူတာ ဆင်လိုက်တော့ စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်။

အဲယာကွန်း တပ်လိုက်တော့ သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး မြို့ထဲမှာ အနေကြာတော့ ရွှံ့ရနံ့ကို မေ့သွားတယ်။

ဘဏ်တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့ ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့ ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်။

အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့ ကိုယ့်အစားအစာကိုတောင် ဖြောင့်အောင် မချက်နိုင်ချင်တော့ဘူး။

တချိန်လုံး ပြေးလွှားရုန်းကန်နေရတော့ ခဏရပ်နားဖို့တောင် သတိမေ့နေတယ် Whatsapp တွေ ပေါ်လာတော့ စကားပြောရတာ မေ့ကုန်ရော။

သေတဲ့အခါ ဘဏ်ထဲမှာ ငွေတွေ ကျန်နေခဲ့တယ် ရှင်တုန်းကတော့ လောက်လောက်ငှငှ သုံးစွဲရတယ်လို့ မရှိခဲ့ဘူး ပကတိအဖြစ်မှာတော့ သေရင် ငွေတွေအများကြီး မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်။

တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး သေဆုံးတော့မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ အမွေရခဲ့ပြီးအိမ်က ဒရိုင်ဘာကို ကောက်ယူလိုက်တယ်။

အဲဒီဒရိုင်ဘာက ပြောတယ် "တသက်လုံး သူဌေးဖို့ အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။ သူဌေးက ကျနော့်အတွက် အလုပ်လုပ်ပေးနေမှန်း ခုမှ သိရတော့တယ်" တဲ့။

ရက်စက်တဲ့ အမှန်တရားကတော့ ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က ပိုအရေးကြီးတယ်

ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ် ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာသိပ်အရေးမကြီးဘူး။

နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့ ၇၀ ရာခိုင်နှုန်းသော Function တွေကို

ကျနော်တို့ မလိုအပ်ဘူး မော်တော်ကား အပျံစားရဲ့ အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့ အဆင်တန်ဆာတွေကို

ဘယ်တော့မှ မသုံးဖြစ်ဘူး နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းမှာ ဘယ်သူမှ မနေဖြစ်ဘူး

ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်း ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး။

တသက်လုံး အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းလာတာရဲ့ ၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ သုံးစွဲပစ်လိုက်ရတာ များတယ်။

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို ထိထိရောက်ရောက် သုံးစွဲရမယ်။ မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ

ရေမဆာလည်း ရေသောက်ပါ ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့ မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။

ကိုယ် မှန်နေစေဦးတော့၊ အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့ အရမ်းချမ်းသာပြီး

သြဇာရှိနေရင်တောင် နှိမ်ချပါ မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ ဘယ်လောက်အလုပ်များများ စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက် အချိန်ပေးပါ။ 

Add new comment

2 + 4 =