ဘယ်တော့မှမကြိုးစားသင့်တဲ့အရာ

ဒီကနေ့အတွက် ဘယ်တော့မှမကြိုးစားသင့်တဲ့အရာဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဘဝမှာ ဘယ်တော့မှ မကြိုးစားသင့်တဲ့ အရာတစ်ခုဟာ တစ်ဖက်လူအထင်ကြီးခံရဖို့ပါပဲ ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူးပါလိမ့်မယ် ။

လူအထင်ကြီးခံရဖို့ ကြိုးစားတဲ့သူတွေ ၊ အရှင်းဆုံးပြောရရင် ကြွားဝါတတ်တဲ့ သူတွေပေါ့ ။

တစ်ချို့လူတွေက ဒါကို ဝါသနာအရမ်းပါကြတယ် ။သူတို့ကို ခင်ဗျားတို့ တကယ်အထင်ကြီးရဲ့လား ။ လုံးဝ မကြီးပါဘူး ။ သူ့ရှေ့မှာသာ ဟန်ဆောင်နေပေးလိုက်ပေမယ့် ၊ သူ့အကြောင်းသိပြီးသားဖြစ်တဲ့အတွက် ကွယ်ရာမှာ ကဲ့ရဲ့ကြမှာပါပဲ ။

တကယ်တော့ ကြွားဝါခြင်းဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးရန်သူပါပဲ ။ သူများအထင်ကြီးဖို့ မရှိတာကို အရှိလုပ်ရတယ် ၊ စိတ်ရော လူပါ ဟန်ဆောင်ရတယ် ။ ဘယ်လောက်တောင် ပင်ပန်းလိမ့်မလဲ ။

တစ်ဖက်လူအထင်ကြီးဖို့အတွက်နဲ့ ကိုယ့်ရဲ့ အချိန်တွေ ၊ ငွေတွေကို အသုံးပြုကြတယ် ။ ဒါဟာ သဲထဲရေသွန်သလိုပါပဲ ၊ ကိုယ့်အတွက်ပြန်ရတဲ့ အကျိုးအမြတ်ဟာ Zero ပါ ။

မရှိတာကို အရှိလုပ်ဖို့ ၊ သူများတကာနဲ့ ယှဉ်ပြိုင်ဖို့

မလိုအပ်တာတွေ ၊ မတတ်နိုင်တာတွေ အပြိုင်ဝယ်ကြတယ် ။ ဒါဟာ ဆင်းရဲခြင်းကို ဦးတည်စေတဲ့ အပြုမှုဆိုးတစ်ခုပါပဲ ။ မလိုအပ်တာတွေကို ခဏခဏ ဝယ်တဲ့အခါ ၊ တကယ်လိုအပ်တာတွေကို ထုတ်ရောင်းရပါလိမ့်မယ် ။

တကယ်တော့ အထင်ကြီးခံရဖို့ဟာ ဘယ်တော့မှ မကြိုးစားသင့်တဲ့အရာပါ ။ တစ်ဖက်လူရဲ့ Attention တွေ ၊ အထင်ကြီးခြင်းတွေဆိုတာ သူတို့ကိုယ်တိုင်သာ သတ်မှတ်ရမဲ့အရာပါ ။ တစ်ဖက်လူကိုယ့်ကို ဘယ်လိုမြင်လဲ ၊ ဘယ်လိုသဘောထားလဲ ၊ ဒါဟာ သူ့အမြင် သူ့အလုပ်ပါပဲ ။

ကိုယ်ဘယ်လောက်ချမ်းသာကြောင်း ၊ ဘယ်လောက်တော်ကြောင်း ကိုယ့်ပါးစပ်က ထုတ်ပြောစရာမလိုပါဘူး ။ ကိုယ်ဟာ အထင်ကြီးစရာ လုပ်ရပ်တွေ ၊ စိတ်ဓာတ်တွေရှိတဲ့အခါ အလိုလိုနေရင်း အထင်ကြီးကြပါလိမ့်မယ် ။ မပြည့်သော အိုးတွေဟာ ဘောင်ဘင်ခတ်ပါသတဲ့ ။ မိမိကိုယ်ကို နိမ့်ချတတ်ခြင်းဟာ မင်္ဂလာတစ်ပါး ပါပဲ ။

အတုယောင်တွေနဲ့ အထင်ကြီးခံရဖို့ကြိုးစားရင်း

ကိုယ့်ရဲ့ ရှိရင်းစွဲ Real Life ဟာ ပျောက်ဆုံးလာပါလိမ့်မယ် ။

ခုနောက်ပိုင်း မိမိကိုယ်ကိုပျောက်ဆုံးခြင်းဟာ Social Media ကနေ စတင်လာတယ်လို့ထင်ပါတယ် ။ လူအမျိုးမျိုးရဲ့ ဘဝအမျိုးမျိုးကို Online ကနေ တွေ့မြင်လာကြပါတယ် ။

အထူးသဖြင့် သူတို့ဘဝရဲ့ အကောင်းဆုံးအပိုင်းတွေကိုသာ ချပြနေကြတဲ့ အရာတွေပေါ့ ။ သူတို့ရဲ့ သွားလာ စားသောက်နေကြတဲ့ ကြွယ်ဝမှုတွေကို အားကျမိလာတယ် ။

Real Life မှာပါ Online ကလို ဟန်ဆောင်လာကြပါတယ် ။

တိုးတက်နေတဲ့ Social Media နဲ့အညီ နည်းပညာတွေတိုးတက်လာကြတယ် ။

အကောင်းစားဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတယ် ၊ ပုံကို ပိုလှစေတဲ့ effect တွေကို ထည့်သုံးပြီး Online မှာတင်ကြတယ် ။

ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ၊ လူတိုင်းလိုလိုပါပဲ ။

ဒါကြောင့် Online မှာ လူတိုင်းဟာ ချောမော လှပနေကြတယ် ။ ချစ်ဖို့ကောင်းနေကြတယ် ။

အပြိုင်ဆိုင် လှနေကြတဲ့ Online ကပုံတွေကို ကြည့်ပြီး အပြင်က မိမိရုပ်ရည်အစစ်ကို အားမလို အားမရဖြစ်လာကြတယ် ၊ သိမ်ငယ်လာကြပါတယ် ။

Online က ပုံတွေကြည့်ပြီး ၊ သူတို့လှတာက ကိုယ်ရုပ်ဆိုးသလို ဖြစ်လာတယ် ။ မိမိဘဝကို အပြစ်မြင်လာကြတယ် ၊ ကျေနပ်တင်းတိမ်ခြင်း မရှိကြတော့ပါဘူး ။

Online မှာ အောင်မြင်နေတဲ့ဘဝတွေ ၊ အချစ်ခံရမှုတွေ ၊ လွတ်လပ်ပျော်ရွှင်နေမှုတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မပြည့်စုံဘူးလို့မြင်လာကြတယ် ။

ဒီအရာတွေရဲ့ အဓိက တရားခံဟာ ဟန်ဆောင် ကြွားဝါ လို့တဲ့စိတ်ကနေ စတင်ပါတယ် ။

ကျွန်တော်တို့ သိထားရမှာက Online ဟာဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာပါပဲ ။

Social Media ဟာ အသုံးပြုတတ်သူအတွက် ကောင်းမွန်ပေမဲ့ ၊ ကိုယ့်ကိုအပြည့်ဝ လွှမ်းမိုးသွားတဲ့အထိ မဖြစ်စေဖို့ သတိကပ်ရပါမယ် ။

Online က ပြည့်စုံသူတို့ဟာလည်း အပြင်လောက

ကိုယ်နဲ့ မခြားနားပါဘူး ။ အတု နှင့် အစစ် ကို ခွဲခြားတတ်ပါစေ ။ ကျွန်တော်တို့ဟာ အပြင်လောကမှာ ရှင်သန်နေထိုင်ကြတာပါ ။

ကိုယ့်ဘဝကိုယ် ချစ်ပါ ၊ မြတ်နိုးပါ ။ ရောင့်ရဲတင်းတိမ်မှုဖြင့် ကျေနပ်စွာနေထိုင်ပါ ။

တစ်ဖက်လူအထင်ကြီးဖို့အတွက် ကိုယ့်ကိုကိုယ် မပျောက်ဆုံးပါစေနဲ့ ။ ကိုယ့်ရဲ့ ရှိရင်းစွဲပုံစံ အတိုင်းနေထိုင်ပါ ။

ကိုယ်တိုင်က ကောင်တဲ့အရာတွေ ပြုမှုလုပ်ဆောင်နေလျှင် အားလုံးဟာ အထင်ကြီး လေးစားမှာပါပဲ ။

သူများ အထင်ကြီးခံရဖို့ ကြိုးစားခြင်းဟာ ဘယ်တော့မှ

မလုပ်ယူသင့်တဲ့ အရာပဲ ဖြစ်ပါတယ် ။

Add new comment

1 + 9 =