ဘင်ဂဲန်မြို့ သံဟီလ်ဒေဂါတ် (Saint Hildegard of Bingen)

ဘင်ဂဲန်မြို့ သံဟီလ်ဒေဂါတ် (Saint Hildegard of Bingen)

ဒီဇင်ဘာလ (၁၇) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

 

မွေး - (၁၀၉၈၊ စက်တင်ဘာလ၊ ၁၆)၊ ပျံလွန် - (၁၁၇၉၊ စက်တင်ဘာလ၊ ၁၇) ရက်နေ့

ယနေ့ပွဲနေ့ရှင်သည် ကိုယ်ရည်ကိုယ်သွေးများစွာပိုင်ဆိုင်ထား သူဖြစ်သည်။ သူသည်ရသေ့၊ ပန်းချီ၊ စာရေးသူ၊ သီချင်းစပ်သူ၊ ဝိညာဉ်ရေး ၌နက်ရှိုင်းစွာကျင့်ကြံအားထုတ်သူ၊ ကဗျာဆရာ၊ တရားဟောပြောသူ၊ ဓမ္မ အတွေးအခေါ်ပ ညာရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့်သူ့အကြောင်းပြော တော့မည်၊ ရေးတော့မည်ဆိုလျင် အဘယ်ချက်မှစတင်ရမည် ကိုအတော် စဉ်းစားရခက်ပါသည်။

သူ့အားအထက်တန်းလွှာမိသားစုတစ်စုမှမွေးဖွားသန့်စင်ခဲ့သည်။ ဆယ်နှစ်တာမျှ ပါရမီအရာ၌ အလွန်ရင့်သန် သောဂျူဒ်တ (Blessed Jutta) ၏ဆိုဆုံးမမူ၊ ပဲ့ပြင်လမ်းညွှန်မူကိုကောင်းစွာခံယူရရှိခဲ့သည်။ ယ နေ့ပွဲနေ့ရှင် အသက် (၁၈) နှစ်ပြည့်သောအခါ သံဒီစီဘိုဒဲန်ဘာ့ဂ် (Saint Disibodenberg) ဘေနေဒစ်တင်းရသေ့သီလရှင်ကျောင်းတွင် သီလရှင်အဖြစ် ဘုရားသခင်ကိုဆက်ကပ်အပ်နှံခဲ့သည်။

ရသေ့သီလရှင်ဘဝ၌ သူသည်ရူပါရုံများကိုမြင်တွေ့ခဲ့ရသည်။ ထိုရူ ပါရုံများကိုရေးချရန် သူ၏ဝိညာဉ်ရေးလမ်း ညွှန်ဘုန်းတော်ကြီးကသူ့ အားလမ်းညွှန်ထားသည်။ သူသည်ရူပါရုံကို အသက် (၃) နှစ်က တည်း ကပင် မြင်တွေ့ခဲ့ရ သည်။ ယနေ့ပွဲနေ့ရှင်သည် အသက်သုံးနှစ်အ ရွယ် မှစ၍ ရူပါရုံကိုမြင်တွေ့ခဲ့ရသည်။ ဝိညာဉ်ရေးဘုန်းကြီး၏တိုက် တွန်း ချက် အရ သူ၏ရူပါရုံမြင်တွေ့ခဲ့ရသည့်အဖြစ်အပျက်များအားလုံး ပြည့်ပြည့် စုံ စုံရေးသားနိုင်ရန် (၁၀) နှစ်အချိန်ယူ ၍ ရေးသားပြုစုခဲ့ရသည်။ ထိုစာ အုပ် ကို Scivias (Know The Ways - လမ်းတော်ကိုသိရှိခြင်း) ဟုအမည် ပေးထား သည်။ ရဟန်းမင်းကြီးယူဂျင် (၃) က ပွဲနေ့ရှင်၏ရေးသား ချက် များကို (၁၁၁၄) ခုနှစ်တွင်ဖတ်ဖြစ်သွားပြီး၊ ဝိညာဉ်ရေး အသက် တာနှင့် ဆက်နွယ်သော ယခုကဲ့သို့သောစာများစွာရေးသားရန်အားပေးခဲ့သည်။

သူ၏ the Merits of Life နှင့် Divine Works စာအုပ်ကို ထုတ် ဝေခဲ့သည်။ သူ့ထံစာများရေးသား၍ အကြံ ဉာဏ်များတောင်းခံသူများ အား ပြန်စာကိုရေးခဲ့သော စာဆောင်ပေါင်း (၃၀၀) ကျော်ရှိနေခဲ့သည်။ ပွဲနေ့ရှင်သည်ဆေး ဝါးနှင့်စိတ်ပိုင်းဆိုင်ရာဗဟုသုတနှင့်စပ်လျင်း၍ စာ အုပ်ကိုလည်းရေးသားထုတ်ဝေခဲ့သည်။ သူလက်လှမ်းမမှီသောအ ကြောင်းအရာများကို သူ၏ခေတ်ပြိုင်သံဘားနဒ်ထံ တွင်မေးမြန်းလေ့ ရှိသည်။

ပွဲနေ့ရှင်ဖူးတွေ့ခဲ့သောရူပါရုံများကြောင့် လူသားကို အသက် ရှင်နေတော်မူသော ဘုရားသခင်၏ချစ်ခြင်း သံ လျက်တော်များဖြစ် သည် ဟုသဘောပေါက်လာပါသည်။ ဘုရားသခင်၏ချစ်ခြင်းသည် နေ့အချိန်၌ နေမင်းဆီမှဖြာကျ လာသကဲ့သို့ဘုရားသခင်ထံမှထိုရူပါ ရုံများရောက် လာသည်။ အပြစ်သည်ဖန်ဆင်းခြင်း၏ သဟဇာတရှိမူ (လိုက်လျော ညီ ထွေရှိမူ) ကိုဖျက်ဆီးပစ်သည်။ ခရစ္စတူးသခင်သည် သေခြင်းကိုကယ် တင်အောင်မြင်ခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်း ဖြင့်အခွင့်အလမ်း အသစ် ကိုပြန်လည်ရရှိခဲ့သည်။ အပြစ်ထက် ပါရမီအသက်တာကိုရှင် သန်သူ သည် ဘုရားသခင်နှင့် ဝေးကွာရန်အခြေအနေကိုလျော့နည်းစေပါသည်။

ဝိညာဉ်ရေးအသက်တာ၌ နက်ရှိုင်းစွာခရီးပေါက်နေသော သူများ ကဲ့သို့ပင် ပွဲနေ့ရှင်သည်လည်း ဘုရားသခင်၏ ဖန်ဆင်းခြင်း၌ အမျိုးသား များနှင့်အမျိုးသမီးများသည် နေရာအထားအသိုမှန်ကန် စွာထားရှိ ကြောင်းကိုမြင်တွေ့ခဲ့သည်။ ဘုရားသခင်နှင့်ပွဲနေ့ရှင်၏ပေါင်းစည်းမူ သည် အပေါ်ယံမျှသာမဟုတ်သည်ကို သူနှင့်ဆုံဆည်းခဲ့သူများအား လုံး သိကြ သည်။ သူ၏ဝိညာဉ်ရေးအသက်တာကြောင့် ဘဝတူများ၊ အကြီး အကဲများ၏ အထင်အမြင်လွှဲမှားမူများကိုခံခဲ့ရသည်။ ထို့ကြောင့်ယခင်သီ တင်းသုံးနေသောရသေ့ကျောင်းမှ အခြားကျောင်းတစ်ကျောင်းသို့ပြောင်း ရွေ့နေထိုင်စေရန်စီစဉ် ရာတွင် မတရားလုပ်ဆောင်ချက်ဖြစ်သောကြောင့် ပွဲနေ့ရှင်၏ပါရမီအသက်တာကိုသိသော၊ လေးစားသောရသေ့တစ် ပါးက အကြီးအကျယ်ကန့်ကွက်ခဲ့သည်။

ယနေ့ပွဲနေ့ရှင်သည် ရဟန်းမင်းကြီး၏ဦးဆောင်မူ ကိုဆန်ကျင် သောသူသုံးဦးကို အားပေးအားမြောက်ပြုခဲ့ သောပြည့်ရှင်မင်းကြီး ဖရက် ဒရစ်ကိုလည်း ပေါ်ပေါ်တင်တင်ဝေဖန်ခဲ့သည်။ ကက်သလစ်သာ သနာ တော်ကြီးကိုငြင်း ပယ်ပြီး၊ ပိုမိုခရစ်ယာန်ဆန်သောအ သင်းကိုတည် ထောင်မည်ဟုကြွေးကြော်သော Cathars ကိုဆန့်ကျင်သည့်အပြင် စိန်ခေါ်ခဲ့သည်။ ပွဲနေ့ရှင်သည် (၁၁၅၂ မှ ၁၁၆၂) အတွင်း ရိုင်း (ရိုင်းမြစ်) ဒေသတွင်တရားများဟောကြားခဲ့သည်။ သာသနာပြင်ပ၌ ထုတ်ပယ်ထား သောလူငယ်တစ်ဦး၏အလောင်းကို ကျောင်းဝင်း၌မြှုပ်နှံထားသော ကြောင့် သူ၏ရ သေ့ကျောင်းသည် ပိတ်ထားခြင်းခံခဲ့ရသည်။ ပွဲနေ့ရှင် အနေဖြင့် အဆိုပါလူငယ်၏ရုပ်အလောင်းကိုမြှုပ်နှံရန်ခွင့်ပြုလိုက် ရသည် မှာ ထိုလူငယ်သည် နောက်ဆုံးအချိန်၌ သာသနာတော်နှင့်ပြန် လည် ကြေအေးပြီဖြစ်သည်ဟုဆိုပါသည်။ သူ၏ရ သေ့ကျောင်း၌လည်း မစ္ဆား ပူဇော်ခြင်း၊ ကိုယ်တော်မြတ်ပင့်ပေးခြင်းများကိုလည်း သာသနာပိုင် ဆ ရာတော်ကပိတ်ပင်ခဲ့ သည်။ သို့သော်ထိုပိတ်ပင်ချက်ကို သူမပျံလွန် မီ လအနည်းငယ်တွင် ဖြေလျော့ပေးခဲ့သည်။ ယနေ့ပွဲနေ့ရှင်အား ရ ဟန်း မင်းကြီးဘေနေဒစ် (၁၆) က (၂၀၁၂) တွင်ရဟန္တာအဖြစ်တင်မြော က်ခဲ့ သည်။ ထို့အတူသာသနာတော်ကြီး၏ ဒေါက်တာ (ဓမ္မပါရဂူ) ဘွဲ့ကို လည်း တစ်ပါတည်းဂုဏ်ပြုပေးခဲ့သည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က ယနေ့ပွဲနေ့ရှင်၏နှိမ့်ချခြင်း အကြောင်း၊ ထိုနှိမ့်ချခြင်းသည် ဘုရားသခင်ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနှိမ့်ချခြင်းကို သာသနာတော်ကြီး၏အာဏာပိုင်များ အားပေးအပ် ခဲ့ကြောင်း၊ ထို့အတူပွဲနေ့ရှင် ၏ကြွယ်ဝနက်ရှိုင်းလှသော ဘုရားသ ခင်နှင့်ဆိုင်သောအတွေးအခေါ်များအကြောင်းကိုလည်း ကမ္ဘာတစ် ၀ှမ်း မှစိန့် ပီ တာရင်ပြင်တွင်စုရုံးနေသော ဘုရားဖူးများကို (စက်တင်ဘာလ၊ ၂၀၁၀) တွင် နှစ်ကြိမ်တိုင်တိုင်ထုတ်ဖော်မိန့်ကြားခဲ့ဖူး သည်။ ရဟန်း မင်းကြီးဘေနေဒစ် (၁၆) သည် သူ၏ရဟန်းမင်းကြီးသက်တမ်းကာလ၌ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်ဘုရားကိုတောင်းခံကြပါစို့။ သို ့မှသာသန့်ရှင်းသောဝိညာဉ်တော်သည် သာသနာတော်အား သန့်ရှင်း သော၊ ရဲ စွမ်းသတ္တိနှင့်ပြည့်သောအမျိုးသမီးများစွာေ ပါ်ထွက်လာစေ ရန် ဆုတောင်းကြရန်မကြာမကြာတိုက်တွန်းလေ့ရှိသည်။

 

Add new comment

9 + 4 =