ဖျားနာသူ၏ယုံကြည်ရာအချက်များ

ဖျားနာသူ၏ယုံကြည်ရာအချက်များ

Sr.ဒဲနစ်ဂျာတောင်(SJA)- ရေးသည်

သေလောက်သည့်ရောဂါဖြင့် အိပ်ယာထဲနေရသူလူမမာတစ်ဦး၏ခြေရင်းမှ ရသောစာသားများဖြစ်သည့် ဤ “ဖျားနာသူ၏ယုံကြည်ရာအချက်များ”သည် မမာမကျန်းဖြစ်မှုကြုံရသူတိုင်း မကြာမကြာမေ့လျော့တတ်သည့် သဘောတရားများဖြစ်ပေရာ ဖော်ပြပါလူနာသည်ကိုယ်တိုင်သတိမလွတ်ရလေအောင် သူအမြဲမြင်နိုင်သည့်နေရာသူ့ခြေရင်းတွင် စာလုံးကြီးကြီးဖြင့်ရေးကပ်ထားခြင်းဖြစ်လေသည်။

၁။ ကျွန်ုပ်၏ဝမ်းနည်းခြင်းနှင့်ကားတိုင်သည် ဖန်ဆင်းရှင်ဘုရား၏ အလိုတော်စီမံကိန်းထဲမှ အပိုင်းကဏ္ဌတစ်ခု ဖြစ်ကြောင်းယုံကြည်ပါ၏။
၂။ သခင်ဘုရားကိုချစ်မြတ်နိုးသူတိုင်းအတွက် အရာရာသည်ကောင်းကျိုးချမ်းသာအတွက်သာဖြစ်လာစေလိမ့်မည် ကိုယုံကြည်ပါ၏။
၃။ ကျွန်ုပ်၏ကမ္ဘာမြေပေါ်မှအသက်တာသည် ထာဝရသို့သွားရာခရီးလမ်း၌ ခေတ္တတစ်ထောက်နားခိုခြင်းသာ ဖြစ်ကြောင်းယုံကြည်ပါ၏။
၄။ ဘုရားသခင်သည် ကျွန်ုပ်အနာတရနှင့်အရှက်ခွဲစေရန်အတွက်သာ၎င်း၊ ကျွန်ုပ်ခံနိုင်ရည်ထက်ကျော်လွန်၍၎င်း နာကျင်ခြင်းကိုမည်သည့်အခါမျှမစေ လွှတ်ကြောင်းယုံကြည်ပါ၏။
၅။ ကျွန်ုပ်ခံရသောဖျားနာခြင်းသည်သည်းခံစိတ်ရှည်တတ်ရန် ဘုရားသခင်သင်ကြားသည့်အချက်ပြလက္ခဏာဖြစ်ကာ ထာဝရအတွက်ပြင်ဆင်နိုင်သည့် အကူအညီဖြစ်ကြောင်းယုံကြည်ပါ၏။
၆။ ကျွန်ုပ်၏ဝေဒနာကြောင့် ဘုရားကိုအပြစ်တင်ညည်းညူပါက မတရားပြုခြင်းဖြစ်ပြီး အပြစ်သာပွါးမည်ဖြစ်ကြောင်း ယုံကြည်ပါ၏။
၇။ ကျွန်ုပ်၏ဝေဒနာအားဖြင့် မိမိကိုယ်တိုင်၏ အပြစ်သာမက အခြားသူများ ၏အပြစ်အတွက်ပါဒဏ်ဆပ်ဖြေခွင့် အပြစ်လွတ်ခွင့်ရနိုင်ကြောင်းယုံကြည်ပါ၏။
၈။ ဖျားနာခြင်းဝေဒနာအားဖြင့် ကျွန်ုပ်သည်ပိုမိုကောင်းမွန်သောပုဂ္ဂိုလ်၊တရားပြည့်သောလူသား ဖြစ်လာနိုင်ကြောင်း ယုံကြည်ပါ၏။
၉။ ဘုရား၏အလိုတော်ကိုတည်ငြိမ်စွာလက်ခံတတ်ခြင်းသည် အသေချာဆုံးသောကောင်းကင်သွားလမ်းဖြစ်ကြောင်း၊ ကျွန်ုပ်၏ကျိုးနွံသည်းခံခြင်းစံနမူနာဖြင့် ကျန်းမာသန်စွမ်းနေသူများကိုလည်း သင်ခန်းစာပေးနိုင်ကြောင်းယုံကြည်ပါ၏။
၁၀။ကျွန်ုပ်၏ဖျားနာခြင်းသည် ဘုရားသခင်က “ငါသည်သင့်ကိုချစ်မြတ်နိုး ၏၊ငါနှင့်အတူထာဝရအိမ်တော်၌ အတူနေရန် သင့်ကိုဤနည့်ဖြင့်ပြင်ဆင်ခြင်းငှါ ငါအလိုရှိ၏” ဟု ကျွန်ုပ်အတွက် အထူးရေးပို့သောစာတစ်စောင် ဖြစ်ကြောင်းယုံကြည်ပါ၏။ ဟူ၍ရေးသားထားသောစာဖြစ်လေသည်။

ဤသို့ မိမိ၏ခံယူယုံကြည်ချက်များကို ရေးဖွဲ့ပြီးနောက်တစ်ပတ်အကြာတွင် အထက်ပါလူနာသေဆုံး သွားခဲ့သည်ဟုဆိုသည်။ ဤဖျားနာသူ၏ယုံကြည်ရာအချက်ကို Mrs. Lillian Rich, CA ထံမှတစ်ဆင့် ရရှိကာ Frank Virgona မှဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

(“Sick man’s Creed” ကို ဆီလျော်အောင်ပြန်ဆိုပါသည်) Sr. ဒဲနစ်ဂျာတောင် (SJA)

Add new comment

8 + 0 =