ပြဿနာ

ပြဿနာရှိတိုင်း ဆက်ဆံရေးပျက်ရမလားဆိုတဲ့ အတွေးနဲ့အမေးဟာ တစ်ဦးချင်းကိစ္စ ကနေ ကျေးရွာ၊မြို့နယ်အထိအကျုံဝင်ပါလိမ့်မယ်။ ဒါတင်မက နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုအထိလည်း ကျယ်ပြန့်တတ်ပါတယ်။ ဒီတော့ အသိုင်းအဝိုင်းများမှာ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ဓမ္မတာအတိုင်း တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်ဟာ ဆက်ဆံရေးတွေ ပျက်ယွင်းချို့တဲ့သွားတတ်ပါ တယ်။ ဆက်ဆံရေးပျက်ယွင်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတဲ့ ဆိုးကျိုးတွေ ကြီးကြီး မားမား ပေါ်လာတတ်ပြီး သေးတဲ့ပြဿနာကကြီးလာပြီး ကြီးတဲ့ပြဿနာက ထိန်းညှိလို့မရအောင် ပေါက် ကွဲသွားတတ်ပါတယ်။ ဒီလိုအခြင်းအရာမျိုးဟာ နှစ်စလုံးအတွက် အကျိုးရှိစေမှာတော့ မဟုတ်ပါဘူး။ အရင်က ကာလရှည်စွာတည်ဆောက်ခဲ့ရတဲ့ ရင်းနှီးကျွမ်းဝင်မှု၊ သဘောထားကြီးမှုတွေဟာ သဲထဲရေသွန် သလို အရာမဝင်ကုန်ဆုံးသွားတတ်ပါတယ်။ ဘယ်ကိစ္စမဆို တည်ဆောက်ရတာဟာ ခက်ခဲတတ်ပြီး ဖျက်ဆီးတာ၊ ပျက်စီးအောင်လုပ်မျိုးကတော့ အင်မတန်လွယ်ပါတယ်။ ကာလကြာရှည်စွာ တည်ဆောက် ခဲ့ရတဲ့အရာကိစ္စတွေဟာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွာရတာမျိုးဟာ ကမ္ဘာ့သမိုင်းမှာ ကော၊ မြန်မာ့သမိုင်းမှာပါ အများကြီးပါ။ ပြဿနာသေးသေး၊ ဆုံးရှုံးနစ်နာမှု သေးသေးကြောင့် ဆက်ဆံ ရေးပျက်ရတာမျိုးဟာ အင်မတန် ကလေးဆန်တယ်လို့ တွေးရင်ရပါတယ်။ အဲဒီပူးပေါင်းလက်တွဲဆောင် ရွက်မှုအတွက် နှစ်ဖက်စလုံးမှာလည်း အကျိုးရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေလဲ အများကြီးရှိပါတယ်။ နှစ်ဖက် စလုံးအတွက် ရလဒ်ကောင်းတွေလဲ အများကြီးပါ။ ဒါပေမယ့် တစ်ခါတစ်ခါမှာ တစ်ချို့ကိစ္စတွေကြောင့် နှစ်ဖက်ဆက်ဆံရေးပြတ်သွားတတ်တာမျိုးတွေ မထင်မှတ်ဘဲ ပေါ်လာတတ်ပါတယ်။ မျှော်လင့်မထား တဲ့ အဲဒီလိုကိစ္စမျိုးတွေဟာ နှစ်ဖက်ဆက်ဆံရေးကို အဖုအထစ်ရှိစေမှာတော့ အမှန်ပါ။ ဒါပေမယ် ပြဿနာတစ်ခုကြောင့် ဆက်ဆံရေးပျက်ရတာ၊ နှစ်ကာလရှည်ကြာစွာ တည်ဆောက်ယူခဲ့ကြတဲ့ ချစ်ကြည် ရင်းနှီးမှုပါ ဖျက်ပစ်တာမျိုးဟာ အကျိုးဆက်ကတော့ အဆိုးတွေနဲ့သာ ကြုံတွေ့ရမှာ သေချာပါတယ်။ ဒါဟာ လက်မခံသင့်တဲ့ကိစ္စပါ။ ဒါကို နှစ်ဖက်စလုံးက နားလည်ခဲ့ကြရင် ဆက်ဆံရေးပျက်စရာ မဟုတ် ဘူးလို့ ထင်ပါတယ်။ သောတရှင်များရှင့် - ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ထားကြတဲ့ မိတ်ဆွေ တွေဆိုတာ သာတစ်ခါ နာတစ်လှည့်အခြေအနေမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ကိုယ်ကပဲ သာစေ၊ သူကတော့ နာစေ၊ ကိုယ်ပဲအကျိုးရှိစေ၊ တစ်ဖက်လူ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်မျိုးမွေးမြူ ရင် သင့်ပါ့မလား။ ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး အရာရာကိုဆုံးဖြတ်ရင် ဆက်ဆံရေး ရေရှည်တည်မြဲဖို့ခတ်ပါလိမ့်မယ်။ လူတွေနဲ့ စုဖွဲ့ထားတဲ့ မိသားစုရပ်ကွက်၊ ကျေးရွာ၊ အဖွဲ့အစည်း၊ မြို့ နယ်၊ တိုင်း၊ နိုင်ငံတွေမို့ ပြဿနာဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ဒီလိုရှောင်လွှဲပြီး ဘယ်လိုကောင်း အောင်ဆက်သွယ်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ပဲ အစချီသင့်ပါတယ်။ ပြဿနာတစ်ခုကို ပြေလည်အောင် မဖြေရှင်းပဲ ရှောင်လွှဲခဲ့ရင် ပြဿနာဟာ ပိုမိုကြီးလာတတ်ပါတယ်။ ပြဿနာရဲ့ ဇစ်မြစ်ကို ရှာဖွေပြီးမှ အဲဒီပြဿနာ ဖြစ်ပွာလာခဲ့တဲ့ အကျိုးဆက်တွေကို ဝိုင်းဝန်းအဖြေရှာရပါလိမ့်မယ်။ ဒီနေရာမှာ သောတ ရှင်များကိုပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ..တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေအဖြစ် နေကြ ပါတယ်။ တစ်ဦးက လယ်သမားဖြစ်ပြီး နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ပါ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေမွေးထားပြီး မုဆိုးကတော့ သူ့ခြံဝင်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူ ထားပါတယ်။ မကြာခဏဆိုသလိုပဲ မုဆိုးကြီးရဲ့ အမဲလိုက်ခွေးတွေဟာ လယ်သမားကြီးရဲ့ ခြံထဲကိုဝင် ပြီး လယ်သမားကြီး မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ရှိပါတယ်။ အဲဒါနဲ့ လယ်သမား ကြီးက မုဆိုးကြီးဆီကိုသွားပြီး အမဲလိုက်ခွေးတွေကို ထိန်းသိမ်းထားဖို့နဲ့ လွတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မုဆိုးကြီးကတော့ နေမြဲအတိိုင်းနေပြီး ခွေးတွေကို ဒီအတိုင်းလွတ်ထား ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လယ်သမားကြီးဟာ လုံးဝသည်းမခံတော့ဘဲ ရွာမှာရှိတဲ့အကြီးအကဲဆီ သွားပြီး မုဆိုးကြီးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆိုပါတော့သည်။ လယ်သမားကြီးရဲ့ ပြော ကြားချက်ကို ကြားပြီးတဲ့နောက် အသိပညာနဲ့ပြည့်စုံတဲ့ အကြီးအကဲက ဒီလိုပြောလိုက်ပါတယ်။ ]]အဲဒီ မုဆိုးကို ကျုပ်က အရေးယူပေးလို့ ရပါတယ်။ ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါ တယ်။ အဲ့ဒီလိုလုပ်လိုက်မယ်ဆိုရင် ခင်ဗျားမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းကောင်းတစ်ယောက် ဆုံးရှုံးသွားနိုင်ပါတယ်။ ခင်ဗျားနဲ့အတူ နေရတဲ့ အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား၊ မိတ်ဆွေ ဖြစ်စေချင်သလား}} လို့ မေးလိုက်ပါတယ်။ လယ်သမားကြီးက တစ်ချက်စဉ်းစားပြီး မိတ်ဆွေဖြစ်စေ ချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ အကြီးအကဲက ]]ကောင်းပြီး ဒါဆိုကျုပ် အကြံတစ်ခု ပေးပါ့မယ် ဘဲတွေမဆုံးရှုံးစေရသလို၊ မိတ်ဆွေကောင်းတစ်ယောက်လည်း တိုးလာပါလိမ့်မယ်}} လို့ ပြောလိုက်ပါတယ်။ လယ်သမားကြီးက အကြီးအကဲပြောတဲ့အတိုင်း အိမ်ကိုပြန်သွားပါတယ်။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးကြီးရဲ့သား လေးယောက် ကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ လက်ဆောင်ဘဲ လေးတွေနဲ့ နေ့တိုင်းပျော်ရွှင်စွာ ကစားနေ တဲ့ သားလေးယောက်ကို ကြည့်တဲ့အခါ မုဆိုးကြီးဟာ နေ့တိုင်းဝမ်းသာကြည်နူးနေပါတော့တယ်။ ဒါ့အပြင် သားလေးတွေ လက်ဆောင်ရထားတဲ့ဘဲတွေကို ကိုက်စားမှာစိုးလို့ သူ့ရဲ့ အမဲလိုက်ခွေးတွေကို လည်း သေချာလှောင်ထားလိုက်ပါတော့တယ်။ လယ်သမားကြီးကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲ လိုက်လို့ ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ်။ လယ်သမားကြီးကလည်း ခြံထွက် သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဘဲဥတွေကို လက်ဆောင်အဖြစ် ပြန်ပေးတတ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အလွန်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်လာကြပါတယ်။
တစ်ခါတစ်လေ လောကကြီးမှာ ကိုယ်လိုချင်တာ တစ်ခုထဲကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ သူတစ်ပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင် မိတ်ဆွေတွေဖြစ်သွားမလဲဆိုတဲ့ အချက်ကလည်း အရေး ကြီးလှပါတယ်။ အဓိကအရေးကြီးဆုံးက ကိုယ်ချင်းစာစိတ်ပါပဲ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို လိုချင်ရင် ကိုယ်လိုအင်ဆန္ဒတစ်ခုထဲ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ ဦးစားမပေးပါနဲ့ တစ်ကိုယ်ကောင်းမဆန် မပါနဲ့ သူဘက်ကိုလည်း စာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘဝကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ

Add new comment

16 + 3 =