ပျော်ရွှင်ခြင်း

ဒီကနေ့အတွက်ပျော်ရွှင်ခြင်းဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အဖိုးတန် ဝတ်စုံဝတ်ထားပြီး

လှပတဲ့ အမျိုးသမီးတစ်ယောက်က

စိတ်ရောဂါ

အထူးကုဆရာဝန်ကြီးဆီ လာပြတယ်

သူဟာ စိတ်ဓာတ်ကျနေပြီး

သူ့ဘဝဟာ

အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့တယ်

ဆရာဝန်က

ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်တဲ့

အဘွားအိုကို လှမ်းပြောတယ်။

'မယ်ရီရေ

မင်းရဲ့ပျော်ရွှင်မှုကို

ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ

မျှဝေပေးပါဦး"

ဆရာဝန်က သူ့လူနာကို ကြည့်ပြီး

" သူပြောတာ ကို

နားထောင်ကြည့်ပေးပါ"လို့ ပြောတယ်။

အဲဒီတော့ အဘွားအိုက

တံမြက်စည်းကိုကိုင်ပြီး

ထိုင်ခုံမှာ ထိုင်ကာ

သူ့အကြောင်းပြောခဲ့တယ်။

"ကျွန်မ အမျိုးသားဟာ

ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။

အမျိုးသား တိမ်းပါးပြီး

သုံးလအကြာမှာ

တစ်ဦးတည်း သော သားလေးက

ယာဥ်တိုက်မှုနဲ့

ဘဝတစ်ပါးကို ကူးသွားတယ်။

ကျွန်မမှာ ဘာမှ မရှိတော့ဘူး။

ဘဝကြီးက ဗလာပဲ ။

အဓိပ္ပာယ်မဲ့သွားတယ်။

အိပ်မပျော် စားမဝင် ဖြစ်တယ်။

မပြုံးမရယ်ဖြစ်တော့ဘူး။

အလုပ်ထဲကလူတွေကိုတောင်

ဝတ်ကျေတန်းကျေ ပြုံး မပြနိုင်ဘူး။

ကိုယ့်ကိုယ်ကိုယ်

သတ်သေဖို့ထိစိတ်ကူးခဲ့တယ်"

အမျိုးသမီးက

စိတ်ဝင်တစားကြည့်ရင်း

နားထောင်နေတယ်။

"တစ်ညနေ မှာ ပေါ့။

ကျွန်မ အလုပ်က အပြန်မှာ

ကြောင်ကလေးတစ်ကောင်

အနောက်က လိုက်လာတယ်။

အပြင်မှာလည်း အေးနေလို့

ကြောင်ပေါက်လေးကို သနားတာနဲ့

အိမ်ထဲပေးဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပန်းကန်ထဲ နို့ထည့်ပေးတော့

ကြောင်လေးက

တစ်စက်မှ မကျန်တဲ့အထိ

ပန်းကန်ကို လျက်လိုက်တယ်။

နောက်ပြီး ကြောင်လေးက

ကျွန်မခြေထောက်ကို

ချစ်စဖွယ် အမူအရာနဲ့ ပွတ်သပ်တယ်။။

လပေါင်းများစွာအတွင်း

ပထမဆုံးအကြိမ်အဖြစ်

ကျွန်မ ပြုံးမိလိုက်တယ်။

ကြောင်ပေါက်လေးကို

ကူညီတာကတောင်

ကျွန်မကို ပြုံးရယ်စေမယ်ဆိုရင်

လူတွေအတွက် တစ်ခုခုလုပ်ပေးတာက

ကျွန်မကို

ပိုပြီးပျော်ရွှင်စေနိုင်မလားလို့

တွေးမိတယ်။

ဒါနဲ့ နောက်နေ့ကျ

ဘီစကစ်တွေ ဖုတ်ပြီး

နေမကောင်းဖြစ် အိပ်ယာထဲ လဲနေတဲ့

အိမ်နီးချင်းတစ်ယောက်ဆီ ပေးခဲ့တယ်

အဲဒီနေ့ကစပြီး

နေ့တိုင်း

တစ်စုံတစ်ယောက်အတွက်

ကောင်းတာတစ်ခုလုပ်ဖို့

အမြဲကြိုးစားတယ်။

သူတို့ပျော်တာကိုမြင်ရတာ

ကျွန်မလည်း ပျော်ရတယ်။

သူတစ်ပါးကို ပေးကမ်းခြင်းဟာ

ပျော်ရွှင်မှုပဲဆိုတာကို

ကျွန်မရှာတွေ့ခဲ့တယ်။”

အဘွားအို ပြောပြတာကို

ကြားတော့

လူနာ(သူဌေးမ)ကငိုတယ်။

ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အရာအားလုံးကို

သူပိုင်ဆိုင်ခဲ့ပေမယ့်

ပိုက်ဆံနဲ့ဝယ်လို့မရတဲ့

အရာတွေကို

သူဆုံးရှုံးခဲ့ရပါလားလို့ တွေးပြီး ငိုတယ်။

ဘဝရဲ့ အဖိုးတန် အလှတရားဆိုတာ

မင်းဘယ်လောက်

ပျော်နေလဲဆိုတဲ့

အပေါ်မှာမူတည်တာ မဟုတ်ဘူး၊

ဒါပေမယ့်

မင်းကြောင့်

တခြားသူတွေ

ဘယ်လောက်ပျော်နိုင်တယ်ဆိုတဲ့

အပေါ်မှာ မူတည်တယ်။

ပျော်ရွှင်မှုဆိုတာ

ပန်းတိုင်မဟုတ်ပါဘူး။

ခရီးတစ်ခုပါပဲ။

ပျော်ရွှင်မှုဆိုတာ

မနက်ဖြန်မှ မဟုတ်ဘူး၊ အခုပါပဲ။

ပျော်ရွှင်မှုဆိုတာ မှီခိုမှုမဟုတ်ဘူး၊

ဆုံးဖြတ်ချက်တစ်ခုပါ။

ပျော်ရွှင်မှုဆိုတာ

မင်းမှာရှိတဲ့အရာဝတ္ထုတွေမဟုတ်ဘဲ

မင်းဘယ်သူလဲဆိုတာပါပဲ။

Add new comment

3 + 14 =