ပီတာ ကလာဗား St. Peter Claver, SJ (၁၅၈ - ၁၆၅၄)

ပီတာ ကလာဗား St. Peter Claver, SJ (၁၅၈ - ၁၆၅၄)

 

ပီတာ ကလာဗား St. Peter Claver, SJ ဟာ ‌ယေဇူးအသင်း (ဂျက်ဇွစ်) ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး ကိုလံဘီယာရှိ ကျွန်များကို ကြည့်ရှုတဲ့ သူ့ရဲ့သာသနာပြု အလုပ်ကြောင့် သူ့ကို အာဖရိက သာသနာပြုများနဲ့ လူမျိုးရေးဆိုင်ရာ တရားမျှတမှုအတွက် လုပ်ဆောင် သူများကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။

ပီတာ ကလာဗားဟာ စပိန်နိုင်ငံ၊ ဗားတူ (Verdu) ရှိ ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ မွေးဖွားခဲ့ပြီး ဘာစီလိုနာမှာ ပထမဆုံးဘွဲ့ ရရှိခဲ့ပါတယ်။ ၁၆၀၁ ခုနှစ်မှာ ‌ယေဇူးအသင်း (ဂျက်ဇွစ်)ထဲကို ၀င်ရောက်ခဲ့ပါတယ်။ သူဟာ မဂျိုးကာ(Majorca) မှာ ဒဿနိကဗေဒ ကိုလေ့လာနေချိန် အမေရိကကို သာသနာပြုဖို့ ကောလိပ်ရဲ့ တံခါးစောင့်ကာ (ရဟန္တာ ဖြစ်လာမယ့်) ဂျက်ဇွစ် ဘရာသာကြီး အာဖုန်းဆို လိုဒရီကေ့စ် (Alphonsus Rodriguez) က သူ့ကို အားပေး ခဲ့ပါတယ်။ ကလာဗားဟာ ဘရာသာကြီးကို နားထောင်ပြီး ၁၆၁၀ ခုနှစ်မှာ လံဘီယာရှိ ကာတဂျန်နာ (Cartagena, Colombia)သို့ သာသနာပြု သွားခဲ့ပါတယ်။ သူဟာ ဆုတောင်းအားကောင်းသူ ဖြစ်ပြီး သူ့ရဲ့ ဆုတောင်းခြင်းကနေ ဘုရားသခင်ရဲ့ ခေါ်သံကို ကြားနိုင် ခဲ့တယ်။ တစ်ခါတလေ သူငယ်ချင်းကနေတဆင့် ဘုရားသခင်က စကားပြောနေတာ သူကောင်းကောင်း သိခဲ့ပါတယ်။

သူဟာ ၁၆၁၆ ခုနှစ် ကာတဂျန်နာမြို့မှာ ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။ တကယ်တော့ ကာတဂျန်နာမြို့ဟာ အာဖရိက ကျေးကျွန်တွေကို တောင်အမေရိသို့ ရောင်းချတဲ့ ဆိပ်ကမ်းမြို့လေးဖြစ်ပြီး အဲဒီမြို့မှာပဲ သာသနာပြုဖို့ ခန့်အပ်ခံ ခဲ့ရပါတယ်။ ၁၆၁၆ - ၁၆၅၀ခုနှစ်အတွင်း နှစ်စဉ်နှစ်တိုင်း ရောက်ရှိလာတဲ့ ကျေးကျွန်ပေါင်း ၁၀,၀၀၀ ‌ယောက်ရဲ့ လိုအပ်ချက်တွေကို ပီတာကလာဗား နေ့စဥ် ကြိုးစား ဖြည့်ဆည်း ကူညီပေးခဲ့ပါတယ်။

သူ့ဟာ သင်္ဘောတစ်စင်း ရောက်သောအခါတိုင်း အသီးအနှံ၊ ဘီစကွတ်နဲ့ သကြားလုံးတွေကို တခြားသူတွေ ဆီကနေ တောင်းယူပြီး ကျွန်တွေကို ကျွေးလေ့ ရှိပါတယ်။ သူတို့နဲ့ ပါးစပ်ကနေ စကားမပြောခင်၊ လက်နဲ့ ပေးကမ်းပြီး အရင်ပြောပါ လို့ဆိုခဲ့ပါတယ်။ “We must speak to them with our hands by giving before we try to speak to them without lips.” သူနဲ့အတူ ဘာသာပြန်ဆရာတွေကို ခေါ်ယူကာ ကျွန်တွေကို တရားပေးတဲ့အပြင် သူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ဆရာ၀န် အဖြစ်လည်း ကျွန်တွေကို ကုသပေး ခဲ့ပါတယ်။ ဘုန်းတော်ကြီး ကလာ‌ဗားဟာ ကျွန်တွေကို ကက်သလစ်ယုံကြည်ခြင်းအကြောင်း အတိုချုပ် သင်ပေးပြီး သူတတ်နိုင်သမျှ ကျွန်တွေကို ဆေးကြောခြင်း ပေးခြင်းအားဖြင့် ကျွန်ပိုင်ရှင်များရဲ့ လူမဆန်ဘဲ ရက်စက်ညှင်းဆဲခြင်းကနေ ကာကွယ်ပေး ခဲ့တယ်။ ကျွန်ပိုင်ရှင်တွေကိုလည်း လူသားအချင်းချင်း၊ ခရစ်ယာန် အချင်းချင်း လူသားချင်းစာနာထောက်ထားကြဖို့ တရားဟောခဲ့ပါတယ်။ ၁၆၅၁ ခုနှစ် အထိ ကြိုးစား သာသနာပြုကာ ကျွန်စုစုပေါင်း ၃၀၀,၀၀၀ ကျော်ကို ဆေးကြောြခင်း ပေးခဲ့ပါတယ်။

အဲဒီလို မတရားခံ ညှင်းဆဲ ရောင်းချခံကြရတဲ့ ကျွန်တွေအတွက် သာသနာပြု တိုက်ပွဲ၀င်ပေးရင်း ပလိပ်ရောဂါ ကူးစက်ခံရပြီး ၁၆၅၄ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ကာတဂျန်နာမြို့မှာ ပျံလွန်သွား ခဲ့တယ်။ ယနေ့ခေတ် အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ “black life matter” ဆိုပြီး အသားအရောင် ခွဲခြားဆက်ဆံမှု ပပျောက်အောင် တော်လှန်ကြသူတိုင်း စိန့်ကလာဗားရဲ့ ပါရမီများကို အတုယူ သင့်ပါတယ်။ သူမပျံလွန်ခင်လေးမှာ သူ့ကို ကြည့်ရှုစောင့်ရှောက်ဖို့ အရင်က ကျွန်ဖြစ်ဖူးသူကို ရှာငှားပေးတဲ့အခါ အဲဒီလူက ဘုန်းတော်ကြီးကို အစားမကျွေး၊ ‌ရေလည်းမချိုးပေးဘဲ ရက်စက်စွာ ဆက်ဆံပေမယ့် ဘုန်းတော်ကြီး ဘာမှမပြောဘဲ တည်တည်ငြိမ်ငြိမ် ခံယူခဲ့တယ် လိုဆိုပါတယ်။ သူ့သတင်းကို ကြားတဲ့ မြို့သူမြို့သား တချို့ အုပ်စုလိုက်ရောက်လာပြီး နောက်ဆုံးအကြိမ် သူ့အခန်းထဲမှာ လာကြည့်ခဲ့ကြတယ်။

စိန့်ပီတာ ကလောဗားကို သူ့ကို တောင်အာဖရိကသို့ သာသနာပြုဖို့ တိုက်တွန်းခဲ့တဲ့ ဘရာသာကြီး အာဖုန်းဆို လိုဒရီကေ့စ်နဲ့အတူ ၁၈၈၈ ခုနှစ်မှာ ရဟန္တာအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ ပွဲနေ့ကတော့ စက်တင်ဘာလ ၉ ရက်နေ့ ဖြစ်ပါတယ်။

*စိန့်ပီတာ ကလောဗား၊ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

Source: https://bit.ly/2GN0skj

 

Add new comment

2 + 12 =