ပါဒွါမြို့မှ စိန့် အန်ထော်နီ

ပါဒွါမြို့မှ စိန့် အန်ထော်နီ ပွဲနေ့ -ဇွန်လ (၁၃)ရက်

 

ဇွန်လ(၁၃) ကက်သလစ်ဘာသာသူများသည်၊ ပါဒွါမြို့မှ ဖရန်စစ်စကင်အသင်းဝင်ရဟန်း စိန့် အန်ထော်နီ ၏ ပွဲနေ့ကို ကျင်းပဂုဏ်ပြုကြသည်။ ဤယနေ့ချိန်ခါတွင် စိန်အန်ထော်နီကို အရာဝတ္တုုပစ္စည်းများပျောက်ဆုံး၍ အတိဒုက္ခရောက်နေသောသူများ အထူးအားကိုးရသောရဟန္တာအဖြစ်သိရှိကြသော်လည်း၊ သူ့ခေတ်အချိန်အခါ၌ စိန်အန်ထော်နီကို သူ၏ အဟောအပြော ကောင်းမွန်ခြင်းနှင့် ပါရမီများ ကျင့်ကြံအားထုတ်ပြီး ပုံသက်သေကောင်းများ ပြလျှက်ဒိဌိများကိုပင် ပြောင်းလဲစေ ခဲ့ခြင်းကြောင့် "ဒိဌိများ၏ တူ"ဟု လည်း လူသိများခဲ့သည်။

ပါဒွါမြို့မှ ရဟန္တာအန်ထော်နီဟု အသင်းတော်ကသိခဲ့ကြသော်လည်း သူသည် အီတလီနိုင်ငံ၊ ပါဒွါမြို့ တွင်မွေးဖွားခြင်းမဟုတ်သည့်အပြင် သူ၏ ငယ်နာမည်သည်လည်း အန်ထော်နီ မဟုတ်ခဲ့ပေ။ သူ၏ ငယ်နာမည်သည်ဖာဒီနန်ဖြစ်သည်။ သူသည် (၁၁၉၅)ခုနှစ် ပေါတူဂါ၊ လစ်(စ်)ဘွန်၌ စစ်ဘက်အရာရှိ မာတင် နှင့် ဘုရားတရား ကိုင်းရိူင်းသော မေရီတို့မှ ဖွားမြင်ခဲ့သည်။ မိဘများသည် ဖာဒီနန်ကို ဘုန်းတော်ကြီးများထံမှ ပညာသင်ယူစေခဲ့ပြီး၊ အသက်(၁၅)နှစ်အရွယ်ရောက်သောအခါ ဖာဒီနန်သည် ရဟန်းတော်တစ်ပါးဖြစ်လို၍ သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သာသနာဘောင်သို့ဝင်ခဲ့သည်။

 

ဖာဒီနန်သည် လစ်(စ်)ဘွန်မြို့ရှိ သြဂုတ်စတင်းရသေ့ကျောင်းတွင် သွားရောက်နေထိုင်စဉ် သူငယ်ချင်းများမကြာခဏ လာရောက် လည်ပတ်ခြင်းသည် တရားအားထုတ်ကျင့်ကြံရာ၌ အနှောက်အယှက်ဖြစ်စေသောကြောင့် လူသူကင်းဝေးပြီး ပို၍ ဆိတ်ငြိမ်သော တခြားနေရာ၌ရှိသည့် သြဂုတ်စတင်းကျောင်းသို့ ပြောင်းရွေ့နေထိုင်ပြီး တရားအားထုတ်ခဲ့သည်။ ဖာဒီနန်သည် မိမိကိုယ်​ကိုယ်​ခြိုးခြံချုပ်တီးခြင်းနှင့် ဘုရားသခင်​အား အကြွင်းမဲ့ ဆည်းကပ်​​သောဘဝမှာရှင်​သန်​ရင်း သမ္မာကျမ်းစာနဲ့ အသင်း​တော်​၏ ဖခင်​ကြီးများအ​ကြောင်းဖတ်​ရှုခြင်းအ​ပေါ် အာရုံစူးစိုက်​ခဲ့သည်။

 

ဖာဒီနန်သည် သြဂုတ်စတင်းကျောင်းတွင်
၈နှစ်ကြာတရားကျင့်ကြံပြီးနောက် ၁၂၂၀ ခုနှစ်တွင် မောရိုကို တွင် ယုံကြည်ခြင်းအတွက် မကြာသေးမှီက အသက်အသေခံခဲ့ရသော ဖရန်စစ်စကင်ရသေ့ဂိုဏ်းမှ သူတော်စင်ငါးပါး၏ ရုပ်ကလပ်များကို ရိုသေဂါရဝပြုဖို့ရန် ပေါတူကီ မြို့သို့ယူ ဆောင်လာစဉ်တွင် သူတို့၏ အကြောင်းကိုလေ့လာခွင့်ရခဲ့သည်သာမက ထိုသူတို့၏ သမ္မာကျမ်းစာကို နှလုံးသွင်းပြီးလက်တွေ့ကျင့်ကြံလျှက် ပြသခဲ့သောစံနမူနာများကို အတုယူလိုက်ကျင့်နိုင်ရန် စိတ်အားထက်သန်ခဲ့သည်။ ဖရန်စစ်စကင်ရသေ့များကျောင်းသို့လည်ပတ်ခဲ့စဉ်တွင်လည်း ဖာဒီနန်သည် သူတို့ကဲ့သို့ဆင်းရဲခြင်းနှင့် နှိမ့်ချခြင်းပါရမီကို ကျင့်လိုကြောင်းဖွင့်ဟပြောဆိုခဲ့သည်။

 

အချိူ့သောသြဂုတ်စတင်းရသေ့များပင်လျှင် ဖာဒီနန်အား ၁၂၀၉ခုနှစ်မှစ၍ တည်ထောင်ခဲ့သောသက်တန်းနုသည့် အသင်းဂိုဏ်းသို့ ဝင်လိုသောကြောင့် ဝေဖန် ပြတ်ရယ်ပြုခဲ့ကြသည်။မည်သို့ပင်ဖြစ်စေ ထိုအချိန်၌ အသက်ရှင်လျှက်ရှိနေသေးသောစိန့် ဖရန်စစ်၏ စံနမူနာ ပုံသက်သေကောင်းများကို လိုက်ကျင့်ရန်အတွက် ဖာဒီနန်၏ ပြင်းပြသော စိတ်ဆန္ဒသည် ဆုတောင်းမေတ္တာက ပိုမိုခိုမာစေသည်။

 

၁၂၂၁ခုနှစ်တွင် သြဂုတ်စတင်းမှထွက်ပြီး သက်တမ်းနုနေသေးသော ဖရန်စစ်စကင်အသင်းဂိုဏ်းသို့ဝင်ခွင့်ရခဲ့သည်။ ထိုအသင်းသို့ဝင်ပြီးနောက် အန်ထော်နီ နာမည်ကိုခံယူကာ ၁၄ ရာစုနောက်ပိုင်းတွင် အီဂျစ်ပြည်၊ သဲကန္တာရ ၌ တရားကျင်ကြံသော ရသေ့၊ ရဟန်းသာရ် အန်ထော်နီ ဖြစ်လာခဲ့သည်။

 

ထို့နောက် မိုရိုကိုမြို့ရှိ မွတ်စလင်များကို အကျင့်ပြောင်းလဲရန် ကြိုးပမ်းရင်း အသက်အသေခံခဲ့သော ဖရန်စစ်စကင်အသင်းဂိုဏ်းမှ ဓမ္မအာဇာနည်များ၏ စိတ်ဓာတ်ကို အတုယူလိုက်ကျင့်ရန် အန်ထော်နီသည် အလွန်ပင် စိတ်ဆန္ဒပြင်းပြခဲ့သည်။

 

ထို့အပြင် သူသည် အာဖရိကသို့ဘာသာပများကို သာသနာပြုရန် သဘော်ဖြင့် ခရီးနှင်ခဲ့ရာ သဘာ်တွင်နာမကျန်းဖြစ်သဖြင့် သူ၏ရည်ရွယ်ချက်များ မအောင်မြင်ခဲ့ပေ။ ထိုသဘော်သည် သူ့ကိုဆေးကုသပေးရန် ရည်ရွယ်ပြီး စပိန်သို့သွားရာ၌ သဘော်မှောက်သောကြောင့် အီတလီ၌သာ ခရီးအဆုံးသတ်ခဲ့ရသည်။

 

ထိုမတော်တဆဖြစ်မှုကြောင့် စိန်ဖရန်စစ်သည် သူ၏ အပေါင်းအဖော်များကို လမ်းညွန်မှုပေးရန် အစည်းအဝေးကြီးပြုုလုပ်ခဲ့သော အစီစီမြို့အနီး၌ခရီးစဉ်ကို အဆုံးသတ်ခဲ့ရသည်။ သူ၏ကျန်းမာရေးအခြေအနေ တစ်နေ့တခြား ပိုမိုဆိုးရွားလာသော်လည်းဘဲ ရဟန္တာ ဖရန်စစ်နှင့် အနီးကပ်နေလိုသောကြောင့် အီတလီ၌သာ နေရန်စီစဉ်ခဲ့သည်။အန်ထော်နီသည် သမ္မာကျမ်းစာနှင့် ဓမ္မသင်းဂြိုလ် ဆိုင်ရာ အသိတရားများကို ရင်ထဲ၌ကွယ်ဝှက်ပြီး ညီအစ်ကိုများကို မီးဖိုဆောင်၌သာ အသုံးတော်ခံလျှက် ဆက်ကပ်နေခဲ့သည်။ ထိုအချိန်၌ အန်ထော်နီကို နှိမ့်ချခြင်းရှိပြီး မီးဖိုဆောင်၌ အကူအဖြစ်အလုပ်လုပ်သော ရဟန်းတစ်ပါးအဖြစ်သိရှိခြင်းမှလွဲ၍ အနာဂတ်တွင် "ဒိဌိများ၏တူ" ဖြစ်လာမည်ဟုမည်သူမျှ သတိမမူခဲ့ပေ။

 

၁၂၂၄ခုနှစ်ခန့်တွင် အန်ထော်နီမည်သူမျှ ထင်မှတ်မထားသောအရာတခုကို ပြုလုပ်ခဲ့သည်။ထိုအရာကား သြဂုတ်စတင်းဘုန်းတော်ကြီးများနှင့် ဖရန်စစ်စကင်ဘုန်းတော်ကြီးများ နှီးနှောဖလှယ် ခြင်း အစည်းဝေး၌ သြဝါဒပေးရန်
မည်သူမျှ ပြင်ဆင်ထားခြင်းမရှိသောကြောင့် အန်ထော်နီကို အကူအညီတောင်းသောကြောင့်သူသည်ကြိုတင်ပြင်ဆင်မူမရှိဘဲ သြဝါဒပးခဲ့သည်။

သူ၏ကောင်းမွန်လှတဲ့ မိန့်ခွန်းပြောကြားမူကြောင့် လူတိုင်းအံ့အားသင့်ခဲ့ရပါသည်။ မီးဖိုဆောင်၌ ပန်းကန်ဆေးခြင်း အလုပ်ကို လုပ်ကိုင်လျှက်ရှိသော ရဟန်းသည် မည်ကဲ့သို့သော ရဟန်းဖြစ်သည်ကိုစိန့် ဖရန်စစ် ကိုယ်တိုင် မြင်တွေ့ ခဲ့ရပါသည်။
၁၂၂၄ခုနှစ်တွင် အန်ထော်နီကို ဖရန်စစ်စကင်ကျောင်းတွင် ဆုတောင်းခြင်း၊တရားဘာဝနာအားထုတ်ခြင်း နှင့် သဒ္ဒါကြည်ညိုခြင်းများပျောက်ပျက်မသွားရအောင် ဓမ္မသင်းဂြိုလ်ပညာရပ်များကို သင်ကြားပေးရန် တာဝန်ပေးခဲ့သည်။

အန်ထော်နီသည် လူအများကို ပုံမှန်တရားဟောခြင်း၊ သူလိုက်နာကျင့်ကြံရမည့်ရဟန်းတစ်ပါး၏ ကျင့်စဉ်များကို
တသွေမတိမ်းလိုက်နာကျင့်ကြံရင်း၊ ပြင်သစ်လူမျိုးများနှင့်အီတလီလူမျိူးများနေထိုင်ရာ မြို့များ၌ ဓမ္မသင်းဂြိုလ်ပညာရပ်များ သင်ကြားခြင်းပေးခဲ့ရင်း ဘဝကို ရှင်သန်ခဲ့ပါသည်။ ထို့နောက် သူသည် စပိန်၊အီတလီ၊ပြင်သစ်နိုင်ငံတို့ ၌ တရားဟောကြားခြင်းဖြင့် မိမိကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်အပ်နှံလျှက် ကိုယ်ကျင့်တရား၌ ပျက်စီးနေသောသူများကို သော်လည်းကောင်း၊ ကက်သလစ်ဘာသာကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်သွားသောသူများကို သော်လည်းကောင်း၊ စစ်မှန်သောဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို သင်ကြားပြသပေးရာ၌ လူတန်းစားမရွေး ဘုရင်မျိူးနွယ်များပါမကျန် မြောက်များစွာသောလူမားအား ရဲဝင့်ပြတ်သားစွာပြောကြားခဲ့သည်။

 

အန်ထော်နီသည်သူ၏ ရဲရင့်ပြတ်သားသော တရားဟောပြောမူနှင့် သူကျင့်ကြံရမည့်ပါရမီများကို တသွေမတိမ်းလိုက်နာကျင့်ကြံမှုတို့ကြောင့် လူသိများခဲ့သည့်အပြင်၊ သူ၏တန်ခိုးလက္ခဏာပြသမူတို့ကလည်း ဒိဌိများအကြား အငြင်းပွားမူများလည်း မကြာခဏ ဖြစ်ပေါ်စေခဲ့သည်။

 

အန်ထော်နီ၏ အတ္ထုပတ္တိကိုရေးသားသူများက သူ၏ တန်ခိုးလကဏာများအကြောင်း ရေးသားထားသည်မှာ အစာ(၃)ရက်မစားဘဲ ရှိသောမြင်းသည် ကိုယ်တော်မြတ်ရှေ့၌ အစာကိုထားရှိပြီး အန်ထော်နီကိုယ်တိုင်လာရောက်ကျွေးသောအခါမှ စားသည်ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

 

နောက်ထပ် တန်းခိုးလက္ခဏာတခုမှာ အဆိပ်ခပ်ထားသောအစာကို အန်ထော်နီမှ ခရစ္စတူးအမှတ်ပြုလုပ်ပြီးစားရာ သူ၏ အသက်အန္တရယ် ထိခိုက်မူမရှိကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

 

နောက်ဆုံး တန်ခိုးလကဏာတခုမှာ အန်ထော်နီသည် ဒိဌိများနေထိုင်သည့်နေရာများ၌ လိုက်လံတရားဟောကြားရာတွင် သူတို့က ငြင်းဆန်သောအခါ ငါးများသည်ပင်လယ်မှကမ်းစပ်သို့ကပ်လာပြီး အန်ထော်နီ၏ တရားများကို ကြားနာခဲ့ကြကြောင်းကိုလည်း သိရှိရသည်။

 

အန်ထော်နီသည်အစောပိုင်းတွင် ရသေ့ဘဝဖြင့်ကျောင်းတွင် နေထိုင်ခဲ့ပြီးနောက်သူ့ကို ကူညီရန်အဖော်နှစ်ယောက်ကိုခေါပြီး လူသူနှင့်ဝေးရာဆိတ်ငြိမ်သောအရပ်၌သွားရောက်နေထိုင်ကာ သူစံထားသောပုဂ္ဂိုလ်တော်မြတ်၏ ကျင့်စဉ်အတိုင်း လိုက်နာကျင့်ကြံနေခဲ့ရာ ဝါတွင်းကာလအပြီး၁၂၃၁ခုနှစ်တွင် အန်ထော်နီ၏ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။

 

အန်ထော်နီ၏ကျန်းမာရေးအခြေအနေတစ်နေသည် တစ်နေ့့တစ်ခြား ဆိုးရွားလာသောအခါ သူသဘောမတူသော်လည်း ပါဒွါရှိ ဖရန်စစ်စကင်ကျောင်းသို့ ပြန်လည်ခေါ်ဆောင်သွားရန်ပြင်ဆင်နေချိန် လူများသည်အုတ်အုတ်သဲသဲဖြင့် သန့်ရှင်းမွန်မြတ်လှသော ရဟန်းကို ဂါရဝပြုရန် မျှော်လင့်တကြီးနှင့်လာရောက်တွေ့ဆုံကြသည်။အန်ထော်နီကို သယ်လာသောလမ်းတလျှောက်၌ လူများသည် ရုပ်ရုပ်သဲသဲဝန်းရံထားသဖြင့် သူတို့လိုရာခရီးသို့မရောက်နိုင်ခဲ့ပေ။

 

စိန်အန်ထော်နီ၏အသက်ဝိညာဉ်မချုပ်ငြိမ်းမှီအသင်းတော်၏ထုံးတမ်းစဉ်လာနှင့်အညီရွတ်ဆိုရသည့်နောင်တတရားနှင့်ဆိုင်သော ဆာလံကျမ်း(၇) ပုဒ်ကိုရွတ်ဆိုဆုတောင်းခြင်း၊ အမိမယ်တော်အားသီချင်းတပုဒ်ဖြင့်သီဆိုဆုတောင်းခြင်းစသောကိုးကွယ်ခြင်းနှင့်ဆိုင်သော နောက်ဆုံးအသက်ထွက်ခါနီးပြုလုပ်ရသည့်ဝတရားများပြုလုပ် ခံယူပြီးနောက် သူ၏အသက်(၃၆)နှစ်၊ ဇွန်လ (၁၃)တွင်ပျံလွန်ခဲ့ပါသည်။ အန်ထော်နီသည်သူအသက်ရှင်စဉ် သန့့်ရှင်းဖြူစင်ခြင်းကိုကောင်းမွန်စွာကျင့်ဆောက်တည်ခဲ့ပြီး သာသနာပြုရာ၌ တန်းခိုးလက္ခဏာများ ပေါင်းထည့်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။ သူကွယ်လွန်ပြီးနောက်တစ်နှစ်ခန့်ကြာသောအခါ ပုဂ္ဂိုလ်ရေးအရကောင်းမွန်စွာသိကျွမ်းခဲ့သော ရဟန်းသူတော်မြတ် အန်ထော်နီကို နဝမမြောက် ပုဒ်ရဟန်းမင်းကြီး ဂရေဂေါရီကိုယ်တိုင် ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါသည်။

 

စိန်ထော်နီသည် သူ၏သချိုင်းတွင်နေ့စဉ် တန်ခိုးလက္ခဏာများပြသသောကြောင့် လောကတွင် လူများ၏ သဒ္ဒါကြည်ညို ကိုးစားခြင်းကိုခံရသည်ဟူသော ခိုင်လုံသည့် သက်သေအထောက်အထားစာများအားဖြင့်
စိန်အန်ထော်နီကောင်းကင်နိုင်ငံ တော်၌ရောက်ရှိနေ ခြင်းကို သိရှိရကြောင်း၊ ၃ရာစုတှငျ ပုဒ်ရဟန်းမင်းကြီးမှ ကြေငြာခဲ့ပါသည်။

Sr. Rita Roi (SJA)

 

Add new comment

3 + 1 =