ဒေါသ နဲ့ အချစ် (Anger & Love)

ဒေါသ နဲ့ အချစ် (Anger & Love)

တစ်နေ့မှာ မာသာထရေဇာဟာ ဂင်းဂါမြစ်ကမ်းဘေး မိဘမဲ့ ကလေးငယ်ကို ရေချိုးပေးနေတဲ့အချိန် အနီးအနားအိမ်က မိသားစုတစ်စုအတွင်း တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်နေတာကို ကြားနေရပါတယ်။ သူမရဲ့ ကျောင်းသူတစ်ယာက်က မာသာထရေဇာဆီလှည့်ပြီး “လူတွေက ဒေါသထွက်တဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘာကြောင့် အော်ဟစ်နေကြတာလဲ” လို့မေးတဲ့အခါ၊ “စိတ်မရှည်တော့လို့ အော်ဟစ်တာပေါ့” လို့ မာသာထရေဇာ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ဘေးလူကို ဘာကြောင့် အော်ဟစ် နေကြတာလဲ။ ပြောချင်တာကို ကောင်းကောင်းပြောလို့ ရတာပဲ မဟုတ်လား။” မာသာထရေဇာကို ထပ်မေးပါတယ်။ နောက်ဆုံးတော့ "လူနှစ်ယောက် ဒေါသထွက်ရင် သူတို့ရဲ့ စိတ်နှလုံးသားက အရမ်းကို ဝေးသွားပါတယ်။ အဲဒီလို ဝေးလံခေါင်သီတဲ့ ခရီးကို သွားနိုင်ဖို့ သူတို့ တစ်ယောက်ကို တစ်ယောက် အော်ဟစ် ကြရတယ်။ ပိုပြီး ဒေါသထွက်လေလေ ပိုကျယ်အောင် အော်ဟစ်လေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ဦး စလုံးရဲ့ အကွာအဝေးက ပိုဝေးသွားလို့ပါပဲ။" လို့ မာသာထရေဇာ ပြန်ဖြေခဲ့ပါတယ်။

ဒါပေမယ့်လည်း လူနှစ်ဦး ချစ်ကြိုက်ကြ တဲ့အခါမှာကော် ဘာဖြစ်မလဲ ဆိုတာ မာသာထရေဇာဆက်ပြီး ရှင်းပြပါတယ်။ "ချစ်သူနှစ်ယောက်က အချင်းချင်း မအော်ကြဘူး။ သူတို့က နှလုံးသားချင်း အတူတူ နီးစပ်နေလို့ သူတို့ ညင်သာစွာပဲ ပြောဆိုကြပါတယ်။ နှစ်ဦးစလုံးရဲ့ နှလုံးသား အကွာအဝေးလည်း အရမ်းနီးတယ်။"... မာသာထရေဇာ ခဏကြာ စဉ်းစားပြီး သူမဆက်ပြောပါတယ်။ ..."သူတို့ အချင်းချင်း ပိုချစ်လာရင် ဘာဆက်ဖြစ် လာမှာလဲ။ သူတို့က စကားပြောစရာ မလိုတော့ဘူး။ တိုးတိုးလေး ပြောပြီး အရမ်းကို ချစ်ကြတယ်။ နောက်ဆုံးတော့ သူတို့က တိုးတိုးလေး စကားပြောဖို့တောင် မလိုတော့ပါဘူး။"

မာသာထရေဇာဟာ သူမရဲ့ကျောင်းသူကို ကြည့်ပြီး “နင်လည်း အော်ဟစ်ရန်ဖြစ်ပြီး နှလုံးသားကို ဝေးမသွား ပါစေနဲ့။ နှလုံးကို ဝေးကွာစေတဲ့ စကားလုံးတွေကိုလည်း မပြောပါနဲ့။ ဘုရားသခင်ထံ ချဉ်းကပ်ပါ၊ ဒါမှလည်း ပိုချစ်တတ်လာပြီး ပိုပျော်ရွှင်လာနိုင်မှာ ဖြစ်ပါတယ်"... လို့ မှာကြားခဲ့ပါတယ်။ ဒေါသထွက်တိုင်း သတိရပါ။ မအော်ပါနဲ့။ ဒေါသစိတ်ကို သည်းခံစိတ်နဲ့ အနိုင်ယူလိုက်ပါ မိတ်ဆွေ။
(ဧဖက် ၄း၃၁) “ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ခြင်း၊ သူအသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။”

Thang Ha SJ

Add new comment

14 + 0 =