ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ဟာ သံတာမော်နီကား၏ ပွဲနေ့ဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ဟာ သံတာမော်နီကား၏ ပွဲနေ့ဖြစ်ပါတယ်။

သံတာမော်နီကား အမည်ကိုခံယူထားကြသူများအားလုံးကို ဂုဏ်ယူ၀မ်းမြောက်ဖွယ်ရာနေ့ပါဟု နှုတ်ဆက်လိုက်ပါရစေ။

သံတာမော်နီကားကို သူမ၏သား စိန်သြဂုစ္စတင်းနှင့်ဆက်စပ်ပြီး လူသိများကြပါတယ်။ သြဂုစ္စတင်းသည် လူပေလူတေနဲ့ အယူဝါဒခက်ထန်လွန်းပြီး ဒိဠိတစ်ယောက်အဖြစ်ပင်နေထိုင်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ မိခင်သံတာမော်နီကား၏ဆုတောင်းမေတ္တာကြောင့် ဘုရားသခင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသင်းတော်၏ကြီးမြတ်သော ဓမ္မသင်္ဂြိုလ်နှင့် ရဟန္တာကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဤသည်မှာ သံတာမောနီကား၏ဆုတောင်းမေတ္တာကြောင့်သည်မှာ ထင်ရှားလှသလို၊ စိန်သြဂုစ္စတင်းကိုယ်တိုင်လည်း သက်သေခံခဲ့ပါတယ်။

သံတာမော်နီကားသည် အလွန်ပင်ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်ကိုယုံကြည်သက်၀င်သူတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း သူမဘ၀ဟာ အရပ်သားစကားနဲ့ဆိုရလျှင် အိမ်ထောင်ဖက်ကံမကောင်းခဲ့ရှာပါဘူး။ ဒါဟာ တကယ်တန်းတော့ ဘုရားသခင်၏ စုံစမ်းခြင်းဟုဆိုရပါလိမ့်မယ်။ ဒါ့အပြင် သားဦး သြဂုစ္စတင်းကျပြန်တော့လည်း ညှင်ဆိုးလေးနဲ့ ပေပေတေတေနဲ့ ဘုရားသခင်ကို ယုံကြည်သူဖြစ်မလာခဲ့ဘဲ ဆန့်ကျင့်ဘက်တွေကို လုပ်နေတော့တယ်။ သူမဘ၀ ဆုံးမပဲ့ပြင်နိုင်သမျှတော့ လုပ်ခဲ့ပါတယ်။ ထို့အပြင် ဘုရားသခင်ဆီမှာ အမြဲဆုတောင်းပါတယ်။ လင်ယောက်ျားနှင့်သားကြီးတို့အကျင့်ပြောင်းလဲလာဖို့ သူမဆုတောင်းလာခဲ့တာ နှစ်ပေါင်း ၄၀ ခန့်ကြာပေတယ်။ နောက်ဆုံးတော့ သူမဆုတောင်းသံကို အဖဘုရားသခင်နားညောင်းတော်မူခဲ့ပါတယ်။

ယနေ့ သံတာမော်နီကားမှ ကျနော်တို့အား ဆုတောင်းခြင်းမှာပင် ဇွဲရှိဖို့၊ မျှော်လင့်ချက်ထားဖို့ မီးမောင်းထိုးပြနေပါတယ်။ ကျနော်တို့တတွေ သူမကဲ့သို့ စိတ်ရှည်ရှည်နဲ့ဆုတောင်းဖြစ်သလား။ သူမကဲ့သို့ ကိုယ့်ဆုတောင်းခြင်းမှာ မျှော်လင့်ချက်အပြည့်ရှိရဲ့လား။ ယုံကြည်ခြင်းမည်မျှပင် ဆုတောင်းနေကြသလဲ။ စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။

ဒိုမီနီကန်ကိုရင်

Add new comment

5 + 6 =