တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်၏ပွဲနေ့

တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်၏ပွဲနေ့

-----------------------------------သြဂုတ် ၈ရက်နေ့

သြဂုတ်လ ၈ ရက်နေ့ဟာ ဒိုမီနီကန်အသင်းဂိုဏ်းဟု ခေါ်တွင်တဲ့ တရားဟောသူတော်စင်များအသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ စိန်ဒေါမီနစ်ရဲ့ ပွဲနေ့ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ် ၈၀၀ ကျော်မှစတင်လာခဲ့ပြီး အသင်းတော်အတွင်း ပြောင်းလဲမှုကြီးအဖြစ်သာမဟုတ်ဘဲ ဥရောပယဉ်ကျေးမှုကိုပါ ပြောင်းလဲမှုကြီးတစ်ခုဖြစ်စေခဲ့တဲ့ ခေတ်လယ်ပိုင်း-အသိပညာခေတ်ကို စတင်ခဲ့သူအဖြစ် စိန်ဒေါမီနစ်ကို ပြောဆိုသမုတ်ကြပါတယ်။

အသင်းတော်အတွင်းမှာတော့ တရားဟောခြင်း၊ သင်ကြားခြင်း၊ အုပ်ချုပ်စံမံခြင်းစတဲ့ သိက္ခာကြီးသုံးခုဟာ ဆရာတော်တွေသာလျှင် ပိုင်ဆိုင်တာမို့ ဒီနေ့ခေတ်လို ဘုန်းကြီးတွေတရားဟောရခြင်းမရှိသေးပါ။ ဒါ့ကြောင့် စိန်ဒေါမီနစ်က တရားဟောသူတော်စင်များအသင်းလို့ အသင်းဂိုဏ်းအမည်ကိုတင်ပြသောအခါ ကာဒီနယ်ကြီးများက ဆရာတော်များအသင်းဂိုဏ်း တည်ထောင်မည်ဟု ထင်မှတ်ခဲ့ကြပါသေးတယ်။ သို့ပေမယ့် ရဟန်းများဖြင့်သာ တည်ထောင်မည်ဟု တုန့်ပြန်မှုကြောင့် အသင်းတော်ရဲ့ ခေါင်းဆောင်ကြီးများက အံ့အားသင့်ခဲ့ရသည်ဟု ဆိုပါတယ်။ -ထိုအချိန်မှစ၍ တရားဟောခြင်းသိက္ခာကိုဆရာတော်ကြီးများထံမှ ရဟန်းတော်များက ခွဲဝေတာ၀န်ယူခဲ့ပြီး အသင်းတော်အတွင်း တရားဟောခြင်းများကို ပြုလုပ်လာခဲ့ခြင်းဖြစ်ပါတယ်။

ဥရောပမှာတော့ ထိုအချိန်မှစပြီး ယုံကြည်ခြင်းအပေါ် စဉ်းစားတွေးခေါ်လာခြင်းများပြုလုပ်လာပြီး လူတိုင်းက ပညာတတ်၊ စာပေဖတ်တတ် စသဖြင့် အသိပညာအတတ်ပညာဘက်သို့ ဦးတည်လာနေခဲ့ပါပြီ။ ဒါ့ကြောင့် စိန်ဒေါမီနစ်ဦးဆောင်သော ဒိုမီနီကန်ရဟန်းတော်များက ကက်သလစ်အသင်းတော်၏ယုံကြည်ခြင်းဟာ မှန်ကန်ကြောင့် သိပံနည်းကျစွာ ကာကွယ်ရပ်တည်လျက် ဟောပြောသက်သေခံလာသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ပါတယ်။ ယုံကြည်ခြင်းနှင့် စဉ်းစားတွေခေါ်မှု၊ အသိပညာ အတတ်ပညာများဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင့်မှုမရှိဘဲ ဘုရားသခင်တည်းဟူသော အမှန်တရားကိုပဲ မီးမောင်းထိုးပြသက်သေခံနေကြောင်းပင်ဖြစ်ပါတယ်။

ဒီနေ့စိန်ဒေါမီနစ်၏ပွဲနေ့မှာ အကျွန်ုပ်တို့ ဒိုမီနီကန်ရဟန်းတော်များ၊ သီလှရှင်များ၊ စစ္စတာများနှင့် လူ၀တ်ကြောင်များအားလုံးကို သတိရဆုတောင်းပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သို့ဖြစ်၍ ယနေ့လို ရုပ်၀တ္ထုတွေ လွှမ်းမိုးလွန်းတဲ့ ခေတ်ကာလမှာလည်း ဝိညာဉ်ရေးရာရဲ့ အမှန်တရားသို့ မီးမောင်းထိုးပြရင်း ဘုရားသခင်ကို သက်သေခံနိုင်ကြမှာဖြစ်ပါတယ်။

အလားတူပင် ယနေ့ နည်းမျိုးစုံဖြင့် ဟောပြောသက်သေခံနေကြသော ရဟန်းရှင်လူအားလုံးအတွက်လည်း သတိရဆုတောင်းပေးကြပါစို့။

စိန်ဒေါမီနစ်- အကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။အာမင်။

စိန်ဒေါမီနစ်သည် အသင်းတော်အတွင်း စိတ်ပုတီးစိတ်နည်းကို မယ်တော်မာရိယာထံမှ သယ်ဆောင်လာခဲ့သည့် စိတ်ပုတီးတမန်တော်ကြီးအဖြစ်လည်း ထင်ရှားသည်။

ဒိုမီနီကန်ကိုရင်

Parlare di Dio o non parlare nulla!

Add new comment

2 + 2 =