တမန်တော်ကြီးသံအန္ဒြူး

ဒီကနေ့မှာတော့ နိုဝင်ဘာလ(၃၀)ရက်နေ့ရဲ့ပွဲနေ့ရှင်ဖြစ်တဲ့တမန်တော်ကြီးသံအန္ဒြူးရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သံအန္ဒြူးဟာဂါလီလေအာပြည်ဂေနေဇရက်အိုင်ကမ်းပေါ်ရှိဗက်ဇဲဒမြို့ဇာတိဖြစ်ပါတယ်။အဲဒီမြို့ကယောနရဲ့သားဖြစ်ပြီးစီမွန်ပေတရူးရဲ့အစ်ကိုလည်းဖြစ်ပါတယ်။
ဘုရားဝတ်မှာမွေ့လျော်ပြီးကောင်းမှုပြုလိုတဲ့သူဖြစ်ပါတယ်။တောကန္တာရမှာသံယောဟန်ဗတ္တိစတားနောင်တတရားဟောတဲ့အခါအခြားသူတွေလိုနားထောင်ရုံပဲမဟုတ်ပဲသံယောဟန်ရဲ့တပည့်ဖြစ်လာပြီးသူ့ရဲ့ဆုံးမသွန်သင်ချက်ကိုလိုက်ကျင့်ကာသံယောဟန်ကိုအတုယူခဲ့ပါတယ်။သို့ပေမဲ့မကြာမကြာသူ့တံငါလုပ်ငန်းရှိရာအိမ်ကိုပြန်သွားတတ်ပါတယ်။သံယောဟန်နဲ့အတူရှိနေစဉ်သခင်ယေဇူးဆေးကြောခြင်းခံယူတဲ့နေ့မှာသခင်ယေဇူးလျောက်သွားတာကိုမြင်တဲ့သံယောဟန်က ဘုရားသခင်၏သိုးငယ်တော်ကိုကြည့်လော့ လို့ဆိုပါတယ်။အဲဒီစကားကိုကြားတဲ့အန္ဒြူးနဲ့ယောဟန်ရဲ့တခြားတပည့်တော်ကသခင်ယေဇူးရဲ့နောက်တော်ကိုလိုက်ခဲ့ကြပါတယ်။ထက်သန်ပြီး ပြင်းပြတဲ့ဆန္ဒနှင့်ဘာသာရေးကျင့်စဉ်တိုင်းကိုသစ္စာရှိရှိကျင့်တာကြောင့်အလင်းကျေးဇူးခံစားရပြီးဒီနက်နဲတဲ့ဘုရားသခင်ရဲ့သိုးငယ်တော်ဆိုတဲ့ဆိုလိုချက်ကိုနားလည်လာပါတယ်။ကိုယ်တော်သည်နောက်တော်သို့လှည့်ကြည့်ပြီးသူတို့လိုက်လာတာကိုမြင်တဲ့အခါသင်တို့ဘာကိုရှာသလဲလို့မေးတော်မူပါတယ် အဲဒီအခါမှာ ကိုယ်တော်ဘယ်အရပ်မှာနေတာကိုသိလိုပါတယ်လို့သူတို့ကဆိုတဲ့အခါသခင်ခရစ်တော်ကလိုက်လာပြီးကြည့်လော့လို့မိန့်တော်မူပါတယ်။ကိုယ်တော်ဟာမေဆီယားသခင်ဖြစ်ကြောင်းကိုသူဟာချက်ချင်းသိရှိပြီးချိန်မှစ၍ကိုယ်တော်ရဲ့နောက်တော်ကိုလိုက်ဖို့စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူဟာကိုယ်တော်ရှင်ရဲ့အဦးဆုံးတမန်တော်ဖြစ်ခဲ့ပါတယ်။သံအန္ဒြူးဟာမိမိတွ့ခဲ့ရသမျှနှင့်ကြားနာခဲ့ရသမျှကိုစီမုန်ပေတရူးကိုမပြောပဲမနေနိုင်တာကြောင့်ပြောပြီးစီမုန်ပေတရူးကိုသခင်ယေဇူးထံတော်ကိုခေါ်လာခဲ့ပါတယ်။စီမုန်ပေတရူးဟာလည်းမကြာခင်မှာသခင်ယေဇူးရဲ့တမန်တော်တစ်ပါးဖြစ်လာခဲ့ပါတယ်။သခင်ယေဇူးဟာမိမိဟောကြားတဲ့တရားဒေသနာမှန်ကြောင်းကိုအလုပ်နဲ့သက်သေပြဖို့ရန်ဂါလီလေအာနယ်ကာနမ်မြို့လက်ထပ်ပွဲမှာပထမဆုံးအကြိမ်တန်ခိုးတော်ပြတော်မူခဲ့ပါတယ်။ကိုယ်‌တော်ရဲ့မယ်တော်နဲ့အတူအန္ဒြူးတို့ညီအစ်ကိုနှစ်ဦးလည်းရှိခဲ့ကြပါတယ်။သခင်ယေဇူးဟာပါစကားပွဲကျင်းပဖို့ရန်ယေရူဇလိမ်မြို့ကိုတက်ပြီးယုဒိယပြည်မှာခဏနေပြီးဂျော်ဒန်မြစ်မှာဆေးကြောခြင်းကိုပြုတော်မူခဲ့ပါတယ်။ပေတရူးနှင့်အန္ဒြူးတို့လည်းကိုယ်‌တော်ရဲ့အခွင့်အာဏာနှင့်နာ‌မတော်အားဖြင့်ဆေးကြောခြင်းပြုကြပါတယ်။သူတို့ညီအစ်ကိုနှစ်ဦးဟာသူတို့ရဲ့အလုပ်ကနေအခွင့်သာရင်သာတိုင်းကိုယ်တော်ထံကိုလာကြပြီးတရားတော်ကိုနာယူကြပါတယ်။သူတို့ရဲ့အလုပ်နှင့်မိသားစုကိစ္စကိုလည်းပြန်ပြီးဆောင်ရွက်ကြပါတယ်။တစ်နေ့မှာအန္ဒြူးတို့ညီအစ်ကိုဟာအိုင်ထဲမှာငါးဖမ်းနေတာကိုကိုယ်တော်တွေ့တော်မူတဲ့အခါလူကိုဖမ်းတဲ့တံငါသည်များဖြစ်စေမယ်လို့မိန့်တော်မူပြီးဧဝံဂေလိတရားကိုအစဥ်ဟောပြောဖို့ရန်ခေါ်တော်မူခဲ့ပါတယ်။သူတို့ဟာလည်းပိုက်ကွန်ကိုပစ်ပြီးကိုယ်တော်ရဲ့နောက်ကိုလိုက်ခဲ့ကြပါတယ်။သခင်ယေဇူးရှင်ပြန်ပြီးတဲ့နောက်မှာသံအန္ဒြူးဟာဧဝံ‌ဂေလိတရားကိုအရပ်ဒေသများကိုသွားရောက်ဟောတော်မူခဲ့ပါတယ်။နောက်ဆုံးမှာတရားတော်အတွက်တံကျင်ပေါ်တင်ပြီးအသတ်ခံရပါတယ်။ရောမဘုရင်ဧဂျီယာ့စ်အမိန့်နဲ့သံအန္ဒြူးကိုကြာကြာဒုက္ခခံပြီးမှသေရအောင်တံကျင်ပေါ်မှာသံနှင့်မရိုက်ပဲကြိုးနှင့်ချည်ထားပါတယ်။တံကျင်ဟာလက်ဝါးကပ်တိုင်ပုံမဟုတ်ပဲသစ်သားတိုင်နှစ်တိုင်ကိုတဘက်နှင့်တဘက်ခပ်ယိုင်ယိုင်ကြက်ခြေခတ်ဖြစ်စေပြီးအောက်ခြေကိုမြေမှာစိုက်ထားပါတယ်။လက်နှစ်ဖက်ကိုအပေါ်ဘက်တိုင်နှစ်တိုင်မှာတတိုင်မှာလက်တဖက်စီခြေထောက်တွကိုလည်းအောက်ဘက်နှစ်တိုင်မှာတတိုင်မှာခြေတဘက်စီခပ်ကားကားချည်ထားပါတယ်။သူ့ကိုတင်ဖို့ကြက်ခြေခတ်တိုင်ကိုမြင်တဲ့အခါသူဟာဣန္ဒြေမပျက်တုန်လှုပ်ခေျာက်ချားခြင်းမဖြစ်ပဲကျွန်ုပ်တို့သခင်၏ကိုယ်ခန္ဓာလက်ခြေတို့ဖြင့်တန်ဆာဆင်ခြင်းခံရပြီးတန်ဖိုးရှိသောကရူစူးကျွန်ုပ်သည်သင့်ထံသို့အားရရွင်လန်းစွာလာပါပြီ။ကျွန်ုပ်ကိုလက်ခံပြီးသင့်အပေါ်တွင်ကျွန်ုပ်ကိုကယ်တင်သောခရစ္ဆတူးထံသို့ပို့ပေးပါလို့ရွှင်လန်းစွာဆိုခဲ့ပါတယ်။နေရိူးဘုရင်လက်ထက်သက္ကရာဇ်၆၀ခုနှစ်နိုဝင်ဘာ၃၀ရက်နေ့မှာအသတ်ခံခဲ့ရပါတယ်။သံအန္ဒြူးရဲ့ရုပ်ကလပ်ကိုပါတရာအီအရပ်ကနေကွန်စတန်တီနိုပဲမြို့ကိုသက္ကရာဇ်၃၅၇ခုနှစ်တွင်ရွှေ့ပြောင်းခဲ့ပါတယ်။ကွန်စတန်တီနိုပဲမြို့ကိုပြင်သစ်လူမျိုးတွေသိမ်းတဲ့အခါအဲဒီအောက်မေ့ဖွယ်ကျန်ရစ်တဲ့အရာတွေကိုအီတလီပြည်ကိုသက္ကရာဇ်၁၂၀၁မှာယူသွားတယ်လို့ဆိုကြပါတယ်။သံအန္ဒြူးရဲ့ကြက်ခေခတ်တံကျင်ကိုပြင်သစ်ပြည်မာဆေးမြို့ကို၁၂၅၀ခုနှစ်မတိုင်ခင်ကယူသွားပြီးစိန်ဗစ်တာကျောင်းတော်ကြီးမှာရှိတယ်လို့ဆိုပါတယ်။သံအန္ဒြူးဟာရုရှားပြည်နဲ့စကော့တလန်ပြည်တို့ကိုမှိုင်းမတဲ့ရဟန္တာတစ်ပါးဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။အားလိုးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Add new comment

4 + 12 =