ဇွန်လ (၇): #နားထောင်တော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ (၇): #နားထောင်တော်မူသော_ယေဇူးရွှေနှလုံးတော်

ငါ့သား၊ ယနေ့ငါသည် လောကကြီးကိုလှည့်လည်ကြည့်ရှုရန် နားထောင်ခြင်း ပါရမီသည် လောကကြီးထဲ၌ ပျောက်ဆုံးသကဲ့သို့ ရှိနေသည်ကို တွေ့ရသဖြင့် ငါ၏ရွှေနှလုံးတော်သည် မသာမယာ ဝမ်းနည်းဖြင်းဖြစ်ရာ၏။ မိဘများသည်လည်း ၎င်းပါရမီကို လေ့ကျင့်ရန်အတွက်သားသမီးများကို အတင်းအကြပ် မပြုကြတော့ချေ။ ကလေးများသည်လည်း လွတ်လွတ်လပ်လပ်နေခြင်းကို မိမိတို့အခွင့်အရေးဖြစ်သည်ဟု ယူဆကြကုန်၏။ သို့သော်ငါ့ခမည်းတော်သည် လူအပေါင်းတို့အား ၎င်းပါရမီကိုသင်ပေးရန်အလို့ငှါ ငါ့အားကောင်းကင်မှ လောကသို့ ဆင်းလာစေရန် အလိုတော်ရှိ၏။ ငါသည် ဗက်သလေဟိမ်မှ ကာလ်ဝါရီတောင်ပေါ်အထိ နားထောင်ခဲ့၏။ ပဌမဆုံး ငါဖန်ဆင်းထားသော သတ္တဝါများဖြစ်သည့် ငါ့မယ်တော်နှင့် သံဇူဇယ်ကို နားထောင်သည့်အပြင် ကာလ်ဝါရီတောင်ပေါ်၌ အာဏာသားများကိုပင် ငါနားထောင်ခဲ့၏။ ငါ၏တသက်တာအတွင်း၌ နားထောင်ခြင်းနှင့် မိမိအလိုကိုငြင်းပယ်ခြင်း ဟူသောပါရမီများကို အမြဲငါလေ့ကျင့်ခဲ့၏။ ငါ့ခမည်းတော်ဘုရားကို နားထောင်ရန်အတွက် ငါသည်ဆင်းရဲစွာဖွားမြင်ခြင်းကိုခံခဲ့၏။ ငါ့ခမည်းတော်၏ ဘုန်းတော်ဂုဏ်တော်အတွက်ငါ၏ ဉာဏ်ပညာနှင့်ထက်သန်သောစိတ်ကိုဖုံးကွယ်၍သိမ်ငယ်သော နာဇရက်အိမ်၌ငါနေခဲ့၏။

ငါအထင်အရှား လှည့်လည်သွားလာနေသော အချိန်အတွင်းတစ်နေ့သောနေ့၌ တပ်တော်ကြီးများသည် မည် ကဲ့သို့ဆုတောင်းရမည်ကို သင်ကြားပေးပါရန် တောင်းဆိုကြသဖြင့် သူတို့အားငါ၏ မေတ္တာကိုငါသင်ပေးခဲ့၏။ သူတို့ အား ငါသင်ပေးခဲ့သော ပဌမဆုံးသောအချက်ကားကောင်းကင်ဘုံ၌ သိကြားရဟန္တာများသည် ဘုရားသခင်၏ အလို တော်ကိုပြည့်စုံစွာ ဆောင်ရွှက်သကဲ့သို့ မြေကြီးပေါ်၌ရှိသော လူများသည်လည်း စုံလင်စွာဆောင်ရွက်နိုင်ကြရန် ဖြစ်သတည်း။

တခါတရံနားထောင်ခြင်းသည် သင့်အတွက်အမှန်ပင် ခြိုးခြံမှုဖြစ်ပေမည်။ သို့သော် ကာလ်ဝါရီတောင်ပေါ် တွင်ငါသည် အာဏာသားများအား ပြုခဲ့သောနားထောင်ခြင်းနှင့် နှိုင်းစာပါလျှင် သင်၏ခြိုးခြံမှုသည် သေးငယ်၍ အမှု မထားလောက်ပေ။

ငါ့သား၊ သင်၏နားထောင်ခြင်းသည် ငါ၏နားထောင်ခြင်းနှင့်တူညီပါသလော။ သင်၏နှလုံးသည် နားထောင်ခြင်းရှိသော ငါ၏နှလုံးကို စံနမူနာပြုနေပါသလော။

အိုချစ်ဖွယ်လှသော ယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်သည်ကိုယ်တော်၏ နားထောင်ခြင်းကို စုံလင်စွာအတုယူ ခြင်းနှင့် ဝေးသေးကြောင်းကိုသိမြင်၍ ရှက်ကြောက်ခြင်းနှင့်ဦးခေါင်းကိုညွှတ်ပါသည်။ ကိုယ်တော်အားပို၍ နှစ်သက် ဖွယ်ရာဖြစ်စေရန် ၎င်းင်းပါရမီကိုသာ၍စုံလင်စွာလေ့ကျင့်ရန် ကြိုးစားပါမည့်အကြောင်း ယနေ့ဝန်ခံပါသည်။

#ကျင့်ရန်။ ။ အိုချစ်ဖွယ်လှသောရွှေနှလုံးတော်၊ ကျွန်ုပ်သည် ကိုယ်တော်၏နားထောင်းခြင်းကို စုံလင်စွာအတုယူ ခြင်းနှင့် ဝေးသေးကြောင်းကိုသိမြင်၍ ရှက်ကြောက်ခြင်းနှင့် ဦးခေါင်းကိုညွှတ်ပါသည်။ ကိုယ်တော်အား ပို၍နှစ်သက် ဖွယ်ရာဖြစ်စေရန် ၎င်းင်းပါရမီကိုသာ၍ စုံလင်စွာလေ့ကျင့်ရန် ကြိုးစားပါမည့်အကြောင်း ယနေ့ဝန်ခံပါသည်။

#ဆုတောင်း။ ။ နားထောင်ခြင်းရှိတော်မူသော ယေဇူး၏ ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

မစ္စတာဟောက်ဝပ်(Howard)သည် မျက်မှေင်ကုတ်လျက် သတင်းစာကို ထိုင်၍ဖတ်နေလေသည်။ သူ၏ဇနီး ကိုကြည့်ရသည်မှာလည်း စိတ်ဆိုးနေသည်နှင့် တူလေသည်။ သမီးကလေး အက်ဗလင်း(Evelyn)က ဖခင်ထံသို့ ချည်းကပ်လျက် ဖေဖေ၊ ကျွန်မနှင့်အတူကစားပါဟု စ၍ပြောမှသာလျှင် စ၍စကားပြောလေ၏။ ဖခင်က ငါ့မှာအချိန် မရှိပါဘူး၊ ငါ ကလပ်ကိုသွားရအုံးမယ် ဟုတိုတိုဖြေလိုက်လေ၏။ ထိုအခါ ကလေးမလေးသည် စာအုပ်တစ်အုပ်ကို ကိုင်၍ မိခင်ထံသွားပြီး သူမအား ပုံပြင်ဖတ်ပြရန် ပြောလေ၏။ မိခင်ကလည်း ငါရုပ်ရှင်သွားကြည့်တော့မလို့၊ ငါနောက်ကျလိမ့်မည်။ မင်းကို အိပ်ရာထဲသိပ်ဖို့ ဂျင်မ်းကိုပြောလိုက်ဟူသော အဖြေမျိုးကိုသာ ရပြန်၏။ အက်ဗလင်းသည် ဝမ်း နည်းစွာနှင့် အပေါ်ထပ်သို့ တက်သွားလေ၏။ မိဘနှစ်ပါးကိုလည်း ဤကဲ့သို့အမြဲတန်းဖြစ်မနေကြရန် သူမအလိုရှိ၏။

နောက်တနေ့၌ ကျောင်းတွင် ဆရာမသည် ရွှေနှလုံးတော်၏ ကတိချက်များကို ရှင်းပြပေးလေ၏။ ကျောင်း ဆင်းသောအခါ အက်ဗလင်းသည် ဆရာမ၏ စားပွဲနားသို့သွား၍ ဆရာမ၊ ကျေးဇူးပြု၍ ယေဇူးရွှေနှလုံးတော်ရုပ်ပုံ တစ်ပုံလောက် အိမ်ကိုယူသွားဖို့ ပေးပါဟုတောင်းလေ၏။ ဆရာမလည်းပြုံး၍ ရုပ်ပုံလေးတစ်ခုကိုပေးလိုက်၏။ သူမ ကလည်း ကျေးဇူးတင်ပါတယ် ဆရာမ၊ ယခုအချိန်ကစပြီး ကျမတို့ပျော်ရွှင်ကြတော့မှာပဲ ဟုပြောလေ၏။

အက်ဗလင်းသည် အိမ်သို့ရောက်လျှင်ရောက်ခြင်း ဧည့်ခန်းသို့ပြေးသွား၍၊ ၎င်းရုပ်ကလေးကို နံရံပေါ်တွင် အပ်ဖူးလုံးကလေးနှင့် ထိုးထားလိုက်လေ၏။ မိခင်က အက်ဗလင်၊ စက္ကူနံရံပေါ်မှာ အပ်နှင့်ထိုးမထားရဘူး ဟုပြောရာ သူမက ရွှေနှလုံးတော်က သူ့ကိုကြည်ညိုစွာထားသော အိမ်၌ ငြိမ်သက်ခြင်းပေးမည်ဟု ကတိပေးထားပါသည်။ ဒီပုံ တော်ရှေ့ကိုဖြတ်သွားတိုင်း အိုယေဇူး၏ရွှေနှလုံးတော်၊ ကိုယ်တော်ကိုချစ်ပါသည်၊ ဟု ကျမဆိုမည်။ ထိုအခါကျမတို့ အားလုံး ပျော်ပျော်ရွှင်ရွှင်ရှိကြ၍ ဖေဖေက ကျမနှင့်အတူကစားမည်။ မေမေက ကျမကို ပုံပြင်ဖတ်ပြ ပါလိမ့်မည်ဟု ပြောလေ၏။

မိဘနှစ်ဦးမှာ မည်သည်ကိုမျှမပြောဘဲ သမီးကလေးပြောသည်ကိုသာ နှလုံးသားထဲ၌ သိမ်းထားကြလေ၏။ ရွှေနှလုံးတော် ရုပ်ပုံကားကလေးသည် အယ်ဗလင်းခဏခဏနမ်းသဖြင့် ဟောင်းနွမ်းညစ်ပေနေသော်လည်း သူ၏နေ ရာ၌ပင်ရှိနေ၏။ မကြာခဏ ရွှေနှလုံးတော်အား ကိုယ်တော့ကိုချစ်ပါသည်ဟု မိမိရွတ်ဆိုသောဆုတောင်းသံကို နား ညောင်းရန် တောင်းပန်လေ၏။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ဖခင်သည်ကလပ်သို့ မသွားတော့ချေ။ မိခင် သည်လည်း ရုပ်ရှင်ရုံသို့ မသွားတော့သဖြင့် မိသားတစ်စုတို့သည် အိမ်၌သာပျော်ရွှင်သင့်မြတ်စွာကစားကြလေ၏။

တစ်ညနေတွင် အက်ဗလင်းသည် ဖခင်၏အပြန်ကိုစောင့်နေစဉ်၊ ဖခင်သည် မိမိကားထဲမှကြီးသောအထုပ် တစ်ထုပ်ဆွဲထုတ်လာသည်ကို မြင်၍ ကြည့်လိုသော ဆန္ဒပြင်းပြစွာဖြင့် ဖခင်အားကြည့်နေလေ၏။ ဖခင်ကပြုံး၍ ရွှေနှလုံးတော်သည် မိမိပေးထားသော ကတိအတိုင်း ငါ၏ရွှေနှလုံးတော်အား ကြည်ညိုစွာပလ္လင်တင်ထားသောအိမ်၌ ငြိမ် သက်ခြင်း ရောက်စေမည်ဟူသော အချက် ပြည့်စုံခြင်းသို့ရောက်သဖြင့်၊ ဤအရာကား ရွှေနှလုံးတော်အားကျေးဇူးတင် ရန်အတွက်ဖြစ်သည်ဟု မိမိယူလာသောအထုပ်ကိုအကြောင်းပြု၍ပြောလေ၏။ ၎င်းကားယေဇူးရွှေနှလုံးတော်၏ရုပ် ပုံကားချပ်ဖြစ်၍ ဤလှပသောရုပ်ပုံတော်ကြီးကို သေးငယ်သော ရုပ်ပုံကလေးနေရာမှာထားရန်ဖြစ်လေသည်။ အက်ဗလင်းသည် ရုပ်ပုံသစ်ကိုခဏမျှတိတ်ဆိတ်စွာ စူးစိုက်ကြည့်ပြီးလျှင် ချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော် ယခုကိုယ်တော့ကို ကျွန်ုပ်တို့အားလုံးချစ်ပါပြီဟု ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်လေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 0 =