ဇွန်လ (၆)။ #သည်းခံတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၆)။ #သည်းခံတော်မူသောယေဇူး_ရွှေနှလုံးတော်

ယေဇူးရွှေနှလုံးတော်ကို ချစ်မြတ်နိုးပြီး၊ သဒ္ဓါကြည်ညိုကြသော မိတ်ဆွေများအတွက် (ဇွန်လ) တစ်လတာလုံးကို #ယေဇူးရွှေနှလုံးတော်နှင့်_နှလုံးသားချင်းပေါင်းစပ်လျှက်ဖြတ်သန်းသွားလိုသူများအတွက် ထောက်ရှုစရာလေးနဲ့ ပုံပြင်တို လေးတွေကို ဖတ်ရင်း ဝိညာဉ်ခွန်အားတိုးပွါးစေကြောင်း ကြိုးစားဝေမျှလိုက်ပါတယ်။

ငါ့သား၊ ငါ၏နှလုံးတော်ကား သည်းခံခြင်းပါရမီ၏ စုံလင်သောပုံစံတော်ဖြစ်၏။ ထိုပါရမီကိုလေ့လာသင်ကြားရန် ငါ့ထံသို့ချဉ်းကပ်ပါလော့။ ဖြစ်သမျှအရာအားလုံးကို သည်းခံစိတ်နှင့် ခံထမ်းရန်သင်ကြားရာ၏။ အကြောင်းမူကား သင်၏ တစ်သက်တာသည် ပုခက်တွင်းမှသင်္ချိုင်းတွင်းအထိ ကရုစူးထမ်းရာလမ်းဖြစ်သတည်း။

ဗက်သလေဟိမ်မြို့၌ အချမ်းအအေးနှင့်ဆင်းရဲသောနွားစားခွက်တွင် ဘွားမြင်ခြင်းကိုမညည်းတွားပဲ ငါခံ ထမ်းခဲ့၏။ ငါမထင်မရှားအသက်တော်ရှိစဉ်အခါ ငါ၏ကိုယ်ချင်းစာတရားနှင့် ပြည့်ဝသောနှလုံးတော်သည် အံ့ဖွယ်ရာ တန်ခိုးလက္ခဏာများကို ပြုလုပ်ရန်တိုက်တွန်းခဲ့၏။ သို့သော်ငါ၏အချိန်နာရီမရောက်သေးသဖြင့် ငါ့ကိုယ်ကို ချုပ် တည်းခဲ့၏။ ငါ၏မိတ်ဆွေများ ဒုက္ခခံနေရသည်ကို ငါမြင်သော်လည်း ငါသည်သက်သာခွင့်မပေးခဲ့။ ငါသည် သေသောသူကို ရှင်အောင်ပြုလုပ်နိုင်ပါလျက်နှင့် သံဇူဇယ်သေဆုံးသည်ကို ကြည့်နေခဲ့၏။ ငါသည်နာဇရက် အိမ် ထောင်စုဆင်းရဲဒုက္ခများကို စိတ်ရှည်စွာခံထမ်းခဲ့၏။ ထိုသို့ပြုသည်ကား၊ ထိုကဲ့သို့ဒုက္ခများကို သင်ခံရသည့်အခါ သည်းခံခြင်းစိတ်နှင့် ခံထမ်းရမည်အကြောင်း စံနမူနာသင်ပြရန်ဖြစ် သတည်း။

ငါ့သား၊ ငါ၏သည်းခံခြင်းနှင့် သင်၏သည်းခံခြင်းကိုနှိုင်းယှဉ်ကြည့်ပါလော့။ တူသည့်အရာတခုခု သင်၌တွေ့ ပါသလား။ အကြောင်းမညီညွတ်၊ အဆင်မပြေသည့်အခါ ဒေါသနှင့် အပြစ်တင်စကားများ မပြောရန် သင့်ကိုယ်သင် ချုပ်တည်းခဲ့ပါလော့။ ဒုက္ခများကို ငါနှင့်အတူခံထမ်းနေသည်ဟု လူတစုံတယောက်မျှမရိပ်မိနိုင်သော သည်းခံခြင်းကို သင်ဆည်းပူးပါလော့။ ထိုပါရမီကိုရအောင်ကြိုးစားပါလော့။ ငါသည် သင်၏အောင်မြင်ခြင်းများကိုခံယူ၍ ငါ၏နှလုံး တော်ထဲ၌ ထည့်သွင်းထားပါမည်။

ချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်သည် ကိုယ်တော်ကဲ့သို့သည်းခံခြင်းပါရမီကို ဆည်း ပူးရန် အလိုဆန္ဒရှိပါသည်။ သည်းမခံနိုင်သောအပြောအဆိုများနှင့်အပြုအမူများကို ဆည်းပူးရန်အလိုဆန္ဒရှိပါသည်။ သည်းမခံနိုင်သောအပြောအဆိုများနှင့် အပြုအမူများကို အောင်မြင်နိုင်ရန် ကျွန်ုပ်ကိုကူညီတော်မူပါ။ သို့မှသာလျှင် တနေ့သ၌ ကိုယ်တော်နှင့်တူနိုင်ပါလိမ့်မည်။

#ကျင့်ရန်။ ။ ယေဇူးသခင်၏ သည်းခံခြင်းမျိုးကို ဤယနေ့ပင်အတုယူရန်။

#ဆုတောင်း။ ။ သည်းခံခြင်း ကြီးတော်မူလှသောယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

ရွှေနှလုံးတော်လအတွင်း သာယာသောနံနက်ခင်းတစ်ခု၌ ဘုန်းတော်ကြီးဖာသာရ်လူဝီသည် စားပွဲ၌ထိုင် ကာ ရွှေနှလုံးတော်၏ကြင်နာသနားခြင်းအကြောင်းကို သြဝါဒပေးရန်ပြင်ဆင်လျှက်နေလေ၏။ ထိုရဟန်းတော်သည် စိန်ဂျွန်းခေါ် သင်္ဘောသားတို့၏ကျောင်းကို အုပ်ချုပ်ရသောဇွဲထက်သန်သည့်ပုဂ္ဂိုလ်တစ်ပါးဖြစ်၏။ သူသည်သင်္ဘော များဆိုက်လာရန် စိတ်အားကြီးစွာနှင့် စောင့်စားမျှော်လင့်လျက်နေ၏။ အကြောင်းမူကား သင်္ဘောသားများနှင့်တွေ့ ဆုံ၍ ကာလ်ဝါရီတောင်ပေါ်၌ သခင်ဘုရားကကျွန်ုပ်တို့အားပြသခဲ့သောချစ်ခြင်းနှင့်ကြင်နာခြင်းများကို သူတို့၏နှလုံး တွင်းသို့သွင်းပေးခြင်းကားသူ၏ တစ်သက်တာတွင်အပျော်မွေ့ဆုံးဖြစ်၏။

ရုတ်တရက်တယ်လီဖုန်းမြည်သံကြားရ၍ နားထောင်ကြည့်ရာ မက်ဂျက်စတီးခေါ်သင်္ဘော၏ ကပ္ပတိန်ထံမှ ဖြစ်ကြောင်းသိရ၏။ ကပ္ပတိန်က ကိုယ်တော်ဘုရား၊ တပည့်တော်တို့၏သင်္ဘော ယခုပင်ဆိုက်ရောက်ပါသည်။ တပည့်တော်တို့သင်္ဘော ပြန်မထွက်မှီအချို့သင်္ဘောသားများကို ကိုယ်တော်တွေ့ချင်လိမ့်မည်ဟုထင်ပါသည်။ တ ပည့်တော်တို့ ဤနေရာမှာသုံးရက်ကြာကြာနေပါလိမ့်မည်ဟုဖုန်းဆက်လိုက်၏။ ရဟန်းတော်က မကြာမှီကျွန်ုပ်လာခဲ့ ပါမည်။ သင်တို့အားလုံးကိုတွေ့ရန်မျှော်လင့်ပါသည်၊ ဟုပြန်ဖြေလိုက်၏။

ရဟန်းတော်သည်သင်္ဘောပေါ်သို့ရောက်သောအခါ ကပ္ပတိန်သည်သူ့အား စောင့်နေသည်ကိုတွေ့လေ၏။ သင်္ဘောသားအားလုံးလိုလိုပင် သူ့အားလောကဝတ်ပျူပျူငှါငှါနှင့် ဆီးကြိုနှုတ်ဆက်ကြ၏။ သင်္ဘောသားအားလုံး နှုတ်ဆက်ပြီးနောက် လမ်းတဖက်တွင်ရှိသော ဘုရားကျောင်းကလေးသို့လာရန်ပြောလေ၏။ ထိုနောက်ရဟန်းတော် က ကိုယ်တော်မြတ်ကိုပင့်ယူခြင်းအားဖြင့်ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်းကိုပြုရန်တိုက်တွန်းလေ၏။ ထို့ပြင် ဤကဲ့သို့ပြုခြင်းအားဖြင့် ရွှေနှလုံးတော်သည်သူတို့၏ တသက်တာအတွင်း လိုအပ်သောကျေးဇူးများကိုပေး၍သူတို့ ၏လမ်းခရီး၌ ကွယ်ကာမည့်အကြောင်းရှင်းပြလေ၏။

ရဟန်းကြွလာသည်ဟုကြား၍ မတွေ့ရန်ရှောင်နေသောလူတစ်ယောက်မှတပါး အခြားသောသင်္ဘောများ သည် ရဟန်းတော်၏ဖိတ်ကြားခြင်းကိုလက်ခံကြသောအခါ ရဟန်းတော်သည်ရွှေနှလုံးတော်အကြောင်းကို ထိထိ ရောက်ရောက်ဟောပြောလေ၏။ ကိုယ်တော်မြတ်ပင့်ခြင်းအားဖြင့် ဘုရားသခင်အားတထူးတခြားကြည်ညိုခြင်းပြု ရန်တိုက်တွန်းလေ၏။ လမ်းလွဲနေသောသိုးတည်းဟူသော တိမ်းရှောင်နေသည့်သင်္ဘောသားသည် စက္ကရမင်တူး မခံယူသည်မှာ လေးဆယ်ငါးနှစ်ရှိပြီဖြစ်ကြောင်းကို သူ၏သူငယ်ချင်းတစ်ယောက်က ရဟန်းအားလျှောက်ထား တိုင်ကြားလေ၏။ ရဟန်းတော်သည်သူ့အား ရွှေနှလုံးပုံကလေးကိုပေး၍သူ၏ သူငယ်ချင်းအားထိုပုံကိုဝတ်ဆင်ရန် ပြောခိုင်းလေ၏။

နောက်တစ်နေ့၌ ရဟန်းတော်သည် သင်္ဘောသို့တဖန်ကြွသွားပြန်ရာ တိမ်းရှောင်နေသောသင်္ဘောသားကို တွေ့လေ၏။ သူနှင့် ငါးမိနစ်ခန့်စကားပြောပြီးနောက် ထိုသူသည် စက္ကရမင်တူးများကိုခံယူရန်သဘောတူလေ၏။ ရွှေ နှလုံးတော်၏ရုပ်ပု့တော်သည် မိမိအလုပ်ကိုပြီးမြောက်စေလျက် ဝိညာဉ်တစ်ခုကို ဘုရားသခင်၏ခြေတော်ရင်းသို့ ပို့ ဆောင်ခဲ့လေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

4 + 3 =