ဇွန်လ (၅) #ချစ်ခင်တတ်သောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၅) #ချစ်ခင်တတ်သောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ချစ်လေးမြတ်ခြင်းပါရမီသည် ငါ၏နှလုံးတော်အလွန်နှစ်သက်မြတ်နိုးတော်မူသော ပါရမီဖြစ်သဖြင့် ငါသည်သင်တို့ကိုချစ်သကဲ့သို့သင်တို့သည်လည်း အချစ်ချင်းချစ်ကြကုန်လောဟု၊ ငါ၏တပည့်တော်ကြီးများအား နောက်ဆုံးပညတ်တော်ငါပေးခဲ့၏။ နှလုံးအပေါ်င်းတို့၏သခင်ဖြစ်သောငါသည်ဝိညဉ်တိုင်း၏ အကြံအစည်နှင့် ရည် ရွယ်ချက်များကိုသိသော်လည်း ငါ၏ပတ်ဝန်းကျင်ရှိဝိညာဉ်တို့၏ချို့ယွင်းခြင်းများကို ဘယ်အခါမျှအသမပေးခဲ့ပေ။ လောကီသားတို့အပြစ်တင်စေခြင်းငှါ သူတစ်ပါးတို့၏အပြစ်ကိုထုတ်ဖော်ပြမည့်အစား ဖုံးကွယ်ရန်ငါကြိုးစားခဲ့၏။

သင်၏နှလုံးထဲ၌ကြင်နာတတ်သော အကြံအစည်များ၏မျိုးစေ့ကို နက်နက်ကြဲချပါလော့။ သင်နှင့်တွေ့ကြုံ ဆက်ဆံရသောသူတို့၏ ပါရမီများကိုသာအောက်မေ့ပါလော့။ ဝိညာဉ်ဆောင်ရွက်ခြင်းတို့၏အကြောင်းရင်းကိုသာ လျှင် ဆုံးဖြတ်နိုင်ခွင့်ရှိ၏။ အမှားမရှိသောနေရာတွင် အမှားမမြင်ပါနှင့်။ ဤအကြံအစည်တို့၏မျိုးစေ့များကို သင်၏ နှလုံးထဲ၌ ကြဲချပြီးနောက်ပေါက်လာသောအဖိုးတန်သစ်ပင်သည် ကြင်နာသောစကားတည်းဟူသော အပွင့်များပွင့် လာသည့်တိုင်အောင် ငါ၏ကျေးဇူးတော်စမ်းရေဖြင့် သွန်းလောင်းတော်မူမည်။ ကြင်နာသောစကားများသည် များ သောအားဖြင့် လမ်းလွဲနေသောသိုးများကို ငါ၏ခြံတွင်းသို့ပြန်ခေါ်ရန် အကောင်းဆုံးသောနည်းလမ်းတစ်ခုဖြစ်၏။ ကြင်နာသောစကားများကို အမြဲသုံးခြင်းအားဖြင့်ဝိညာဉ်များသည်ငါ၏နှလုံးသားအတွင်း၌ ချစ်ခြင်းနှင့်သနားခြင်းကို တွေ့ရန်လမ်းပြသော တမန်တော်တစ်ဦးဖြစ်လာပါလိမ့်မည်။ တစ်စုံတစ်ယောက်သောသူသည် မရွှင်မလန်းငြီးငွေ့နေ ခဲ့ပါလျှင် သင်၏ရွှင်လန်းစွာနှုတ်ဆက်ခြင်းသည် ထိုသူ၏ဝန်ထုတ်ကိုပေါ့စေပါလိမ့်မည်။ ကြင်နာသောစကားများ သည် လောက၏နာပျော်ဖွယ်သောတူရိယာသံများဖြစ်ကြသည်။ ထို့ကြောင့်စည်းလုံးညီညွတ်ခြင်းကို ချစ်လေးမြတ် ခြင်းကင်းမဲ့သော စကားကြမ်းတမ်းသောအပြုအမူအားဖြင့် မည်သည့်အခါမျှမဖျက်စီးပါနှင့်။

အသီးသည်အပွင့်မှဖြစ်လာသကဲ့သို့ အပွင့်တည်းဟူသောထိုသင်ခန်းစာမှ အသီးတည်းဟူသောချစ်လေး မြတ်ခြင်း၏ အပြုအမူများသိပါစေ။ သင်သည်ဤချစ်ခင်ခြင်းပါရမီကို သစ္စာရှိရှိဆောက်တည်ပါလျှင် ငါအလွန်နှစ် သက်သောသူဖြစ်ပါလိမ့်မည်။ အခြားသူများကလည်းငါ့နှလုံးတော်၏ စစ်သားဖြစ်ကြောင်း အသိအမှတ်ပြုကြပါလိမ့် မည်။

ချစ်လေးမြတ်ခြင်းအလွန်ကြီးလှသော အိုယေဇူးသခင်၊ ချစ်လေးမြတ်ခြင်းပါရမီကို ဆည်းပူးရာ၌ ပေါ့လျော့ ခြင်းမရှိစေရန် ကူညီစောင်မတော်မူပါ။ သို့မှသာလျှင် ကျွန်ုပ်သည်ရွှေနှလုံးတော်အား အတုယူသူ ကိုယ်တော်၏တ ပည့်တော်ဟု လူအားလုံးတို့ သိလာကြပါလိမ့်မည်။

#ကျင့်ရန်။ ။ ချစ်လေးမြတ်ခြင်းပါရမီ၏ အပြုအမူများကို တတ်နိုင်သမျှ ယနေ့ပင်ပြုလုပ်ရန်။

#ဆုတောင်း။ ။ ချစ်လေးမြတ်ခြင်းအလွန်ကြီးမားတော်မူလှသော ယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကို သနား တော်မူပါ။

#ဥပမာပုံပြင်

ရွှေနှလုံးတော်ပွဲနေ့ မစ္ဆားတရားတော်မြတ်ကြီးပြီးဆုံးပြီးနောက် ဒေါရစ်သည် ညနေပိုင်း၌ရွှေနှလုံးတာ် ဆင်း တုလှည့်လှယ်ပူဇော်မည်အကြောင်း၊ ထိုရွှေနှလုံးတော်လှည့်လှည်ရာ၌ မိမိသည်ဆင်းတုတော်ထမ်းဆောင်ရန် ရွေး ချယ်ခံရသည့်အကြောင်း၊ မိခင်အားပြောကြားရန်ပြေးသွားလေ၏။ မာမာ၊ ကျမသိပ်ဝမ်းသာတာပဲ၊ ကျွန်မ ယေဇူးရွှေ နှလုံးတော်ကို သိပ်ချစ်တယ်။ ဒါကြောင့်ရွှေနှလုံးတော်အတွက် တစ်ခုခုပြုလုပ်ချင်ပါတယ်၊ ဟုပြောလေ၏။ မိခင်က သမီး၊ ချစ်ဖွယ်လှသောဘုရားသခင်က သမီးကို ကိုယ်တော်၏နှလုံးသားထဲမှာ အမြဲသိမ်းထားပါလိမ့်မယ်လို့ မျှော် လင့်ပါတယ်၊ ဟု ပြန်ပြေလေ၏။ ဒေါရစ်သည် ရွှေနှလုံးတော်ဆင်းတုလှည့်နေစဉ်အခါ မိမိသည် ရွှေနှလုံးတော်အား အမြဲသစ္စာရှိစွာ အစေခံ၍ ရွှေနှလုံးတော်ကတောင်းဆိုသမျှကိုမိမိအားအဘယ်မျှလောက် နစ်နာစေကာမူ မည်သည့် အခါမျှ မငြင်းပယ်ပါမည့်အကြောင်း ကတိထားခဲ့လေ၏။

နှစ်ပေါင်းများစွာအတွင်း ဒေါရစ်သည် ဘုရားသခင်အားမိမိပြုခဲ့သောကတိကိုမေ့လျော့လျှက် လောကီသွေး ဆောင်ခြင်းများနောက်သို့သာလျှင်လိုက်ခဲ့လေ၏။ တခါတရံသူ၏အတွင်းစိတ်ထဲ၌ကြားရသည်မှာ ငါ့သမီးသင်သည် ဤကဲ့သို့အသက်မွေးနေထိုင်ရမည်မဟုတ်။ မြတ်သောအသက်မွေးမြူမှုအတွက်သာလျှင် ဘုရားသခင်သင့်ကို ဖန် ဆင်းထား၏။ ယခုကဲ့သို့သောအသက်မွေးခြင်း၌ မည်သည့်အခါမျှ သင်ပျော်ရွှင်ခြင်းရှိလိမ့်မည်မဟုတ်။

ဒေါရစ်သည် လောကီပျော်ရွှင်မှုများ၌ စိတ်ဝင်စားနေရကား ထိုချိုသာသောအသံကို မကြားတော့ချေ။ တ နေ့သ၌ ထိုလောကီပျော်ရွှင်မှုများသို့သွားနေစဉ် ရုတ်တရက်ကားတိုက်မိလေ၏။ တိုက်မိချင်းတွင် ရွှေနှလုံးတော် အား သတိယလျက် ကူညီရန်တောင်းဆိုခဲ့၏။ သူမ၏အဖော်နှစ်ယောက်မှာ ထိုနေရာ၌ပင်သေဆုံးသွားကြ၏။ ဒေါရစ်မှာ ရွှေနှလုံးတော်၏စောင်မခြင်းကြောင့်အနည်းငယ်မျှသာဒဏ်ရာရလေ၏။ သူမအားဆေးရုံသို့ပို့ဆောင်ကြ သဖြင့် အတွင်းလူနာအဖြစ် ရက်အနည်းငယ် ကုသနေရ၏။

တစ်နေ့သောအခါ ဒေါရစ်သည် သတိမရတချက်ရတချက်နှင့် အိပ်ယာတွင်လျောင်းနေစဉ် ယေဇူးရွှေနှလုံး တော်သည် သူမအနားလာရပ်၍ လောကီပျော်ရွှင်ခြင်းကို သင်မြည်းစမ်းခဲ့လေပြီ။ ဟုတ်မှန်သောပျော်ရွှင်ခြင်းသည် ကား ငါ၏ရွှေနှလုံးတော်အားအစေခံခြင်းနှင့် ချစ်ခင်ခြင်း၌သာတည်ရှိကြောင်း သင်နားလည်စေခြင်းငှါ သင့်အား အ နာတရ ရစေသည်ဟု ပြောသကဲ့သို့ထင်မှတ်ရ၏။

ဒေါရစ်သည် ဆေးရုံမှဆင်းလာသောအခါ သူမ၏အခြေအနေစိုးရိမ်စရာရှိကြောင်းကို မိဘများသတိပြုမိ၏။ ထိုသို့ဖြစ်ရခြင်းကား မတော်တဆတွေ့ကြုံရသော မော်တာကားတိုက်ခြင်းနှင့် မိမိ၏အဖော်များသေဆုံးခြင်းကို မြင်ရ သဖြင့် ထိတ်လှန့်သွားခြင်းကြောင့်ဖြစ်သ်ဟု ယူဆကြ၏။ သို့ဖြစ်၍ စိတ်ပြေလက်ပျောက်စေခြင်းငှါ ပျော်ရွှင်မှုအမျိုး မျိုးတို့ဖြင့်ဖျော်ဖြေကြ၏။ သူငယ်မသည် ထိုကောင်းမှုများအတွက် ကျေးဇူးတင်သော်လည်း ထိုမတည်မြဲသောပျော် ရွှင်မှုတို့၌ စိတ်မဝင်စားတော့ချေ။ သူမအနည်းငယ်နေကောင်းလာသောအခါ မကြာခဏ ဘုရားရှိခိုးကျောင်းရှိရာသို့ သွား၍ ရွှေနှလုံးတော်သည် သူမအပေါ်၌ပြုခဲ့သောကျေးဇူးတော်များအတွက် အဘယ်ကဲ့သို့ဆပ်တင်ရမည်ကို စဉ်း စားကာနေလေ၏။

ရွှေနှလုံးတော်ပွဲကျရောက်သောအခါ ဒေါရစ်သည် ဘုရားစင်ရှေ့၌တဖန်ဒူးထောက်၍ သူမ၏တစ်သက်တာ အတွင်း ရွှေနှလုံးတော်အားအစေခံလျက် ဆင်းရဲသားလူမမာ၊ အရိုင်းအစိုင်းကလေးများကို ကိုယ်ထိလက်ရောက် ကြည့်ရှုနိုင်သော အသင်းထဲသို့ဝင်မည်ဟု ဆုံးဖြတ်လိုကက်လေ၏။

ဒေါရစ်သည် သီလရှင်ဖြစ်ကျောင်းသို့ဝင်သောနေ့၌ပင် ရွှေနှလုံးတော်သည် ကလေးသူငယ်ကဲ့သို့ထင်ရှားပြ ခြင်းဖြင့် သူ၏လိုအင်ဆန္ဒကိုလက်ခံကြောင်း သူမအားသိစေလေ၏။ ဒေါရစ်သည် ဘုရားစင်ရှေ့၌ဒူထောက်၍ ကြီး စွာသောကျေးဇူးတင်ခြင်းနှင့် အောက်ပါသံအီညာစီအူး၏ကောင်းမြတ်လှသော ဆုတောင်းမေတ္တာကလေးကို ရွတ် ဆိုလေ၏။ အိုသခင်၊ ကျွန်ုပ်၏မှတ်ဉာဏ်၊ နားလည်တတ်ခြင်းနှင့် အလိုဆန္ဒများကိုလက်ခံသိမ်းပိုက်တော်မူပါ။ ကျွန်ုပ်၌ရှိသမျှနှင့် ဖြစ်ပျက်သမျှအားလုံးကို ကိုယ်တော်အလိုတော်အတိုင်း အသုံးပြုရန် ကိုယ်တော်အားတင်ပူဇော် ပါသည်။ ကိုယ်တော်၏ချစ်ခြင်းနှင့် ကျေးဇူးတော်ကိုသာ ပေးတော်မူပါ။ ထိုအရာများသည် ကျွန်ုပ်အတွက်လုံတော် မူပါ၏။

Credit: Printed by Catholic Press, Taungoo. 1961.

 

Add new comment

7 + 10 =