ဇွန်လ (၃၀) သန့်ရှင်းသောပထမဓမ္မအာဇာနည်များနေ့

 

အေဒီ ၆၄ ခန့်က နီရိုဘုရင်လက်ထက်မှာ ခရစယာန်တွေကို မဟုတ်မမှန် အမျိုးမျိုးစွပ်စွဲပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြတယ်။ ဘုရားရှင်၊ သခင်ယေဇူးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ အမိအသင်းတော်ကြီးကတော့ ဘယ်လောက်ပဲ လူတွေဖျက်စီးပစ်ဖို့ အမျိုးမျိုးကြိုးစားနေကြပေမယ့် ယနေ့တိုင် ယုံကြည်ခြင်းအပြည့်နဲ့ မားမားမတ်မတ် ရပ်တည်နေဆဲပါ။

ယုံကြည်သူ ဓမ္မအာဇာနည်တွေရဲ့ သွေးစက်တွေက အမိအသင်းတော်ကြီးရဲ့ မျိုးစေ့သဖွယ် ဖြစ်တာကြောင့်နှိပ်စက်ညှဉ်းပန်းမှုများလာလေအသင်းတော်ရဲ့ယုံကြည်ခြင်းခိုင်မာလာလေ ဖြစ်ပါတယ်။ ဒီအချက်က အခြားဘာသာတွေကြားမှာ လူနည်းစု ဘာသာအဖြစ် တည်ရှိနေတဲ့ ခရစ်ယာန်မိသားစုတွေအတွက် သူတို့ရဲ့ ယုံကြည်ခြင်းမှာ ခွန်အားတွေ ဖြစ်စေပါတယ်။

ကနဦး ကက်သလစ် အသင်းတော်ကြီးကို ဦးဆောင်ခဲ့ကြတဲ့ စိန့်ပီတာနဲ့ စိန့်ပေါ်တို့လည်း ညှဥ်းပန်း နှိပ်စက် ခံရပေမယ့် ယုံကြည်အပြည့်နဲ့ လက်ခံခဲ့ကြပါတယ်။ ဓမ္မအာဇာနည်တွေလို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင် ဆကိလက် ဆုတောင်းရင်း ကြိုးစားကြပါစို့။

Add new comment

2 + 6 =