ဇွန်လ (၂၄) #ဆေးကြောခြင်းဆရာယောဟန်_မွေးနေ့ပွဲ

ဇွန်လ (၂၄) #ဆေးကြောခြင်းဆရာယောဟန်_မွေးနေ့ပွဲ
Happy Birthday of St. John Baptist!

ယနေ့ အမိကက်သလစ်သာသနာတော်ကအမှတ်ရကျင်းပနေ့ သည့် ဆေးကြောခြင်းဆရာယောဟန်သည် ယေဇူး၏ ရှေ့တော်ပြေးတမန်တော်၊ ကန္တာရ၌ အော်နေ သောအသံ၊ နတ်ဆိုးဖမ်းစားခံထားရသူစသည်ဖြင့် ဘွဲ့နာမဆိုးကောင်းကို ခံထားရသူ၏ မွေးနေ့ဖြစ်သည်။

ဤပွဲ တော်သည်သမ္မာကျမ်းစာ အထောက်အထားများ တိကျစွာအခြေအမြစ်ရှိရှိ ကျင်းပသည့်ပွဲနေ့ ဖြစ်သည်။ အမိကက်သလစ်သာသနာ တော်၏ပွဲတော်အမျိုးအစား (၄) (ယခင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။) မျိုးအနက် ပထမအမျိုးအစားဖြစ်သော Solemnity (ခမ်းနားစွာကျင်းပရ သော) ပွဲ တော်အမျိုးအစားဖြစ်သည်။

ခမ်းနာသည်ဟုဆိုရာ၌ ဘုရားကျောင်းအပြင်အဆင်ကိုအသားပေး ညွှန်းဆိုခြင်းမဟုတ်။ ၀တ်ပြုခြင်းဆိုင်ရာ၏ ဆုတောင်းမေတ္တာများ၏ခမ်းနား ထည်ဝါခြင်းကိုဆိုလိုပါသည်။

အဘယ်သို့ ခမ်းနားထည်ဝါသနည်း။ တနင်္ဂနွေကဲ့သို့ ပင်ဝတ်ပြု ခြင်းသည် ထည်ဝါခမ်းနားပါသည်။ သို့ သော်တနင်္ဂနွေနေ့ ကိုကားအစားထိုး ကျင်းပ၍ မဖြစ်။ အဘယ်ကြောင့်ဆိုသော် တနင်္ဂနွေနေ့သည် ယေဇူးသခင် ရှင်ပြန်ထမြောက်သောနေ့ ဖြစ်၍ မည်သည့်ပွဲ တော်နှင့်မျှအစားထိုးမရ ပေ။

ခမ်းနားသည်ဟုဆိုရာ၌ တနင်္ဂနွေနေ့ တွင်ဘုရားသခင် သနားတော်မူပါ (Kyrie)၊ ဘုရားသခင်အာချီးမွှမ်းခြင်း (Gloria)၊ ယုံကြည်ခြင်းအချုပ် (Creedo) ကို ရွတ်ဆို ပူဇော်သကဲ့သို့ Solemnity အမျိုးအစားပွဲ တော် အမျိုးအစားလည်းရွတ်ဆိုပူဇော်ပါသည်။

ဤသို့ ရွတ်ဆိုပူဇော်သောပွဲတော် အမျိုးအစားသည် တနင်္ဂနွေ နေ့ ဝတ္တရားဖြည့်ဆည်းသကဲ့သို့ ကက်သလစ်ဘာသာတူများ သည်ဖြည့်ဆည်းရမည်။ ဤသို့ ဖြည့်ဆည်းရန်လည်း သာသနာနာ၏ ကျင့်ဝတ် (၆) ပါးအနက် ပထမတစ်ပါးတွင်ဦး စွာဖော်ပြထားပါသည်။ ယ ခုလ၌ Solemnity ပွဲ တော်တစ်ပွဲ ကျန်ပါသည်။ ထိုပွဲ တော်မှာ ဇွန်လ (၂၉) ရက်နေ့ တွင် ကျရောက်မည့် ရှင်ပေတရုနှင့်ရှင်ပေါလုတို့၏ပွဲနေ့ ပင်ဖြစ်သည်။ အခါအခွင့်သင့်လျင် တစ်နှစ်ပတ်လုံး၏ Solemnity ပွဲ အမျိုးအစား အားလုံးကို နေ့ ၊ လ အစဉ်အတိုင်းဖော်ပြ ပေးပါဦးမည်။ ဘာသာတူများ မှတ်သားထား၍ ဘာသာရေးဝတ္တရားများကိုပိုမိုလေးနက်စွာခံယူချက်မှန် ကန်ပြည့်ဝစွာဖြည့်နိုင်ရန်ရည်ရွယ်ပါသည်။

Crd: Cle Pike
Photo from Google Image

Add new comment

14 + 2 =