ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့ Blessed Thomas Woodhouse, SJ ( 1535- 1573)

ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့
Blessed Thomas Woodhouse, SJ ( 1535- 1573)

*သူတော်စင် သောမတ်စ်၀ူးဟောက်စ် သည် အင်္ဂလန်ဘုရင်မနှင့် ကက်သလစ်အသင်းတော်အကြား ပဋိပက္ခ ပထမဦးဆုံး အသတ်ခံရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ အင်္ဂလန်တွင် ဘုရင်မ အဲလစ်ဇဘက် မတိုင်မီက ၀ူးဟောက်စ်၏ ဘ၀အကြောင်း အနည်းငယ်သာ သိရ၏။သူသည် အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး ၁၅၅၈ခုနှစ်ခန့်တွင် ကက်သလစ် ရဟန်းသိက္ခကို ခံယူခဲ့သည်။

ထို့အချိန်၌ အင်္ဂလန်နိုင်ငံကို ကက်သလစ်ဘုရင်မ မေရီတူသော် အုပ်ချုပ်ခဲ့သည်။ သို့သော် ပထမကြိမ်မြောက် ဘုရင်မ အဲလစ်ဇဘက် လက်ထက်တွင် ကက်သလစ်အသင်းတော်နှင့် ဆန့်ကျင်ကာ အသင်းတော်၏ ဆုတောင်းစာအုပ်များ၊ သွန်သင်ချက်များကို ပြန်လည်ပြုပြင်လျက် ၁၅၅၉ခုနှစ်တွင် (ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာကို ဆန့်ကျင်ကာ) သူမသည် ဘာသာရေး၌ အထွတ်အထိပ်ဖြစ်ကြောင်း ကြောငြာခဲ့သည်။ သူမကို အသိအမှတ်အပြု သူများကိုလည်း အမျိုးမျိုး ညှဉ်းဆဲသတ်ဖြတ်ခဲ့၏။ မစ္ဆာတရားဟောခြင်းကို ဥပဒေဖြင့် တားမြစ်ထား၏။ ထိုအချိန်တွင် ဘုန်းတာ်ကြီး၀ူးဟောက်စ်သည် ဝေ့လ်ဒေသရှိ ချမ်းသာသည့် မိသားစု၏ သားသမီးများကို စာသင်ကြားပေးခဲ့သည်။ ထိုဘုရင်မ လက်အောက်တွင် မစ္ဆားတရားဟောကြားခြင်းသည့် ရာဇဝတ်မှု ကျူးလွန်သူအဖြစ် သတ်မှတ်ထားသော်လည်း သူရနိုင်သမျှ အချိန်များ၌ တိတ်ဆိတ်စွာ မစ္ဆားတရားဟောခဲ့သည်။ ထို့ကြောင့် ၁၅၆၁ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဘုန်းတော်ကြီး၀ူးဟောက်စ် မစ္ဆားတရားဟောနေစဉ် အဖမ်းခံခဲ့ရ၏။ သူသည် လန်ဒန်မြို့ရှိ ဖရစ်ထောင်၌ ၁၂ နှစ်ကြာသည့်အထိ ထောင်ချ ခံရ၏။ ထောင်ထဲတွင် ထောင်မှူးက နားလည်ပေးသဖြင့် ထောင်သားများ၏ ဝိညာဉ်ရေး၌ ကူညီအားပေးနိုင်ခဲ့သည်။ ထောင်သားတချို့လည်း ကက်သလစ်ဘာသာသို့ ပြန်ဝင်လာခဲ့ကြ၏။

၁၅၇၂ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ ဂျက်ဇွစ် (ယေဇူးအသင်း)၏ အကြီးအကဲထံသို့ စာရေးကာ အင်္ဂလန်နိုင်ငံ၌ ဂျက်ဇွစ်သာသနာပြု မရှိသဖြင့် ဂျက်ဇွစ်အသင်းသို့ ဝင်ရောက်လိုကြောင်း တောင်းခံခဲ့သည်။ ထို့ကြောင့် ဂျက်ဇွစ်အသင်းဂိုဏ်းမှ သူ၏ တောင်းဆိုချက်ကို လက်ခံခဲ့ပြီး သူ့ကို ဂျက်ဇွစ်ဘုန်းတော်ကြီးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့နောက် သာသနာပြုစိတ်ဓာတ်ပြင်းထန်သည့် ဘုန်းတော်ကြီး ၀ူးဟောက်စ်သည် ဘုရင်မ၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် သူငယ်ချင်း ဝီလျှံဆဲလ်ချီအား ဘုရင်မကို ပုပ်ရဟန်းမင်းကြီး၏ အာဏာကို လက်ခံရန် ဆွဲဆောင် စာရေးတိုက်တွန်း ခဲ့သည်။ သို့သော် ဝီလျှံဆဲလ်ချီက သူ့၏တောင်းဆိုချက်အစား ရာဇဝတ်မှုဖြင့် တရားစွဲကာ ဘုရင်မ၏ အခွင့်အာဏာကို လက်ခံရန် အကြပ်ကိုင်ခဲ့သည်။ တရားရုံး၌ အမှုရင်ဆိုင်နေစဉ် ဘုရင်မ၌ ဘာသာရေးတွင် ဆုံးဖြတ်နိုင်သည့် အမိန့်အာဏာ မရှိကြောင်း ဘုန်းတော်ကြီး၀ူးဟောက်စ် ထပ်တလပ်လပ် ငြင်းဆန်ခဲ့သဖြင့် သူ့ကို အများပြည်သူရှေ့တွင် ကြိုးမိန့်ပေးခြင်းခံခဲ့ရသည်။

ဘုန်းတော်ကြီး၀ူးဟောက်စ်သည် ယုံကြည်ခြင်းအတွက် အသက်ခံရသည့် ပထမဦးဆုံး ဂျက်ဇွစ်ဘုန်းတော်ကြီး ဖြစ်သည်။ ၁၈၈၆ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး Leo XIII က သူတော်စင်အဖြစ် ကြေငြာခဲ့သည်။ ယုံကြည်ခြင်းခိုင်မာပြီး အသင်းတော်ကို သေသည့်အထိကာကွယ်ခဲ့သည့် သူတော်စင် ဓမ္မအာဇာနည် ၀ူးဟောက်စ်၊ ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။

✍️ထန်းဟာ,SJ
Ref: The Jesuits Prayer Ministry

 

Add new comment

6 + 10 =