ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၂)#တစ်ကိုယ်တည်းဆိတ်ငြိမ်ညိုးငယ်စွာနေရသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ မည်သည်မျှငါ၏နှလုံးတော်လောက်ဆိတ်ငြိမ်ညှိုးငယ်သည်ဟူ၍မရှိ။ အကြောင်းမူကား သခင်ဘုရား ၏ ညှိုးငယ်ခြင်းနက်နဲရာကို လူတို့တွင် မည်သူတစ်စုံတစ်ယောက်မျှ တိုင်းထွာ၍မပြနိုင်သောကြောင့်တည်း။

လူသတ္တဝါများ၏ ကြင်နာသနားခြင်းဖြင့် နှစ်သိမ့်ခြင်းမရနိုင်သော ဝမ်းနည်းညှိုးငယ်ခြင်းသည် ဤတသက် တာအတွင်းဖြစ်စမြဲတည်း။ ဤသို့သောဒုက္ခစုံစမ်းခြင်းအချိန်နာရီတို့၌ အင်အားနှင့်နှစ်သိမ့်ခြင်းကိုရရန်၊ ငါ၏ရွှေနှလုံး တော်ထံ အလျှင်အမြန်ပြေးဝင်းခိုလှုံပါလော။ အကြောင်းမူကား သင်ခံထမ်းရသည့် ပြင်းထန်လှစွာသော စိတ္တဒုက္ခ၊ ကာယဒုက္ခများကို ငါကိုယ်တိုင်ခံစားရလေပြီ။ သင်သည် သင်၏အိမ်သူအိမ်သားများ၊ ချစ်မိတ်ဆွေများနှင့် ချစ်မိတ် ဆွေများနှင့် ကွေကွင်းခွဲခွာနေရသည်ဖြစ်အံ့။ ဝမ်းနည်းခြင်းရှိကောင်းရှိပေလိမ့်မည်။ ငါသည် ဤလောက၌ နေထိုင် ရန် ငါ၏အိမ်ဖြစ်သောကောင်းကင်နိုင်ငံတော်ကို ငါစွန့်ပစ်ခဲ့လေပြီ။ ငါသည် အထင်အရှားလှည့်လည်သွားလာခြင်း ကို အစမပြုမှီ ငါ၏မယ်တော်ကိုစွန့်ခဲ့ပြီးမှ တောကန္တာရ၌ရက်ပေါင်း(၄၀)ပတ်လုံးနေထိုင်ခဲ့လေပြီ။ ထိုတောကန္တာရ၌ ငါခံခဲ့ရသော တစ်ကိုယ်တည်းဆိတ်ငြိမ်ညှိုးငယ်စွာနေရခြင်းသည် ဂျက်ဆေမာနီဥယျာဉ်နှင့် ကာလ်ဝါရီတောင်ပေါ် မှာ ငါခံခဲ့ရသောဒုက္ခများမှတပါး အခြားဒုက္ခများအားလုံးတို့ထက် လွန်ကဲပါသည်။ သို့သော်ထိုဒုက္ခများကို ငါသည်ရဲ ရင့်စွာခံထမ်းခဲ့ပါသည်။ ၎င်းဒုက္ခများကိုခံထမ်းခဲ့သည်မှာလည်း သင်သည်စိတ်ပျက်ဝမ်းနည်းခြင်းနှင့် ဆိတ်ငြိမ်ညှိုး ငယ်စွာ နေရသည့်အချိန်တို့၌ ရဲရင့်စွာခံထမ်းဘို့အင်အား ဖြည့်တင်းပေးရဖြစ်သည်။

သင်ချစ်ခင်သူများဆုံးရှုံးသောအခါ သင်၏နှလုံးသည်ဝမ်းနည်းခြင်းဖြစ်ပေလိမ့်မည်။ ငါသည်လည်း သံဇူဇယ် သေသောအခါ ဝမ်းနည်းပြီးငြီးတွားခဲ့၏။ လာဇရူးသင်္ချိုင်း၌လည်းမျက်ရည်ကျခဲ့၏။ သင်သည်ဖျားနာသောအခါ သင် ၏မိတ်ဆွေများ သင့်ထံအကြည့်မရှုလာရန် တောင့်တမျှော်လင့်နေပေလိမ့်မည်။ ငါသည်လည်းနှစ်ပေါင်း (၂၀၀၀)အ တွင်းမှာ ငါချစ်သောဝိညာဉ်များ၊ ငါ့အားအကြည့်အရှုလာရန် စောင့်စားနေခဲ့၏။ သို့သော်အခါများစွာသူတို့သည် ငါ့ ကိုကျော်လွန်သွားကြကုန်၏။ သင်သည်မည်သို့ပင်တစ်ဦးတည်းဆိတ်ငြိမ် ညှိုးငယ်စွာနေရစေကာမူ၊ ငါ၏ရွှေနှလုံး တော်ကကို ယုံကြည်ကိုးစားခြင်းအားဖြင့် ဖိတ်ခေါ်ပါလော့။ အကြောင်းမူကား ဝန်လေး၍ပင်ပန်းသောသူအပေါင်း တို့ ငါ့ထံသို့လာကြလော့။ ငါသည်သင်တို့ကိုအားဖြည့်တင်းပေးမည်ဟု သင်တို့အားငါပြောခဲ့၏။ သို့ဖြစ်၍ဆိတ်ငြိမ် ညှိုးငယ်ခြင်းရှိသော အချိန်ကာလတို့၌ ငါ၏ရွှေနှလုံးတော်ထံ ပြေးဝင်ခိုလှုံပါလော။ အကြောင်းမူကားငါ၏နှလုံးတော် သာလျှင် သင်၏ဝမ်းနည်းခြင်းကို ကောင်းစွာနားလည်၍ ငါ၏နှလုံးတော်သာလျှင် သင့်အားနှစ်သိမ့်ခြင်းကိုပေးနိုင် လေ၏။

အိုချစ်ဖွယ်လှသော ဆရာတော်ဘုရား၊ တစ်သက်တာအတွင်း၌ဖြစ်ရောက်တတ်သောစိတ်ညှိုးငယ်ခြင်း၊ ငြီး ငွေ့ခြင်းများကို မည်သို့ခံထမ်းရမည်အကြောင်း တပည့်တော်တို့အား ကိုယ်တော်သည် သင်ကြားပေးတော်မူခဲ့ပေ သည်။ သို့ဖြစ်၍တပည့်တော်ခံရသော ဒုက္ခစုံစမ်းခြင်းများကို ကိုယ်တော်ခံထမ်းရသော ဒုက္ခများနှင့်ပူးပေါင်းပြီးလျှင် ဗိမာန်တော်ထဲတွင်နာရီပေါင်းများစွာ တစ်ဦးတည်းစွန့်ပစ်ထားရခြင်းများအတွက် ကိုယ်တော်၏ရွှေနှလုံးတော်အား နှစ်သိမ့်ခြင်းပေးလိုလိုပါသည်ဘုရား။

#ကျင့်ရန်။ ။ တစ်ကိုယ်တည်းဆိတ်ငြိမ်စွာနေရတော်မူသော ရွှေနှလုံးတော်အား ကိုယ်တော်မြတ်ကို မကြာ မကြာဖူးမျှော်ခြင်းအားဖြင့် ယနေ့နှစ်သိမ့်ခြင်းပေးရန်။

#ဆုတောင်း။ ။ ကိုယ်တော်မြတ်စက္ကရမင်တူး၌ တစ်ကိုယ်တည်းဆိတ်ငြိမ်စွာ ကိန်းအောင်းတော်မူယေဇူး၏ရွှေ နှလုံးတော်၊ ကျွန်ုပ်တို့ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

ဖာသာရ်ဝေါလေ့စ်(Wallace)ခေါ် ရဟန်းတော်တစ်ပါးသည် အတွေးများနက်နဲလျက် မိမိဥယျာဉ်လေးထဲ တွင် ခေါက်ချိုးခေါက်ပြန် လမ်းလျှောက်လျက်နေ၏။ ထိုရဟန်းတော်သည် မိမိ၏သိုးစုကို သခင်ဘုရား၏ခြေတော် ရင်းသို့ ပြန်ရောက်ရန် မပြုနိုင်ခြင်းကြောင့် ဝမ်းနည်းပူဆွေးလျှက်ရှိနေ၏။ အကြောင်းမူကား ()လပတ်လုံးဤသတ္တု တွင်းတူးဖော်ရာမြို့ကလေး၌ အလုပ်လုပ်နေပါသော်လည်း တိုးတက်ကြီးပွါးခြင်းကို မတွေ့ရချေ။ သူတို့သည် မစ္ဆား သို့ တခါတရံမျှသာသွား၍ စက္ကရမင်တူးကိုမူကားခံယူရန်ငြင်းပယ်ကြလေသည်။

ထို့ကြောင်းရဟန်းတော်သည်ဘုရားကျောင်းသို့သွား၍ ကောင်းသောသိုးထိန်းဖြစ်တော်မူသောယေဇူးဘုရား ရှင်ထံ ထိုလမ်းလွဲနေသောသိုးများ၊ သိုးခြံတွင်းသို့ပြန်ရောက်ရန် အဘယ်ကဲ့သို့ပြုရမည်ကိုသူ့အား ညွှန်ကြားပေးပါ မည့်အကြောင်း တောင်းပန်လေ၏။ နောက်များမကြာမှီ ရဟန်းတော်သည် စာတိုက်၌ပို့လာသောစာကိုကြည့်ရှုသော အခါ ရွှေနှလုံးတော်အားသဒ္ဓါကြည်ညိုခြင်းဟုခေါင်းစဉ်နာမည်တပ်ထားသော စာအုပ်ကလေးတစ်အုပ်ကိုတွေ့ရလေ ၏။ ၎င်းစာအုပ်ကိုဖတ်ကြည့်သောအါ အခိုင်မာဆုံးနှလုံးများကိုထိ၍ နူးညွှတ်သွားစေရန်ငါသည် ရဟန်းများအား အားတန်ခိုးအစွမ်းသတ္တိပေးမည်ဟု ပါရှိသည်ကိုတွေ့လေ၏။ ထိုမှန်ကန်ချက်သည် အမှန်ပင်သူ၏ဆုတောင်းမေတ္တာ ၏အဖြေပင်ဖြစ်သည်ကိုယုံကြည်၍ ဖာသာရ်ဝေါလေ့စ်သည် ပြုံးမိလေ၏။ သူသည်ရွှေနှလုံးတော်ဆင်းတုတစ်ဆူကို ဝယ်ယူ၍ ဘုရားကျောင်းတော်ထဲတွင်ထားမည်ဟုစိတ်ကူးကြံစည်သည့်အတိုင်း ဆင်းတုတော်ကိုမှာလိုက်ရာ မကြာ မှီရောက်လာလေ၏။

ဖာသာရ်ဝေါလေ့စ်(Wallace)သည် သတ္တုတွင်းနှင့် အိမ်များသို့လှည့်လည်၍ ဘာသာတူတို့အား ဆင်းတုအ သစ်ရောက်လာသောကြောင့် တနင်္ဂနွေနေ့ မစ္ဆားပြီးလျှင် ကောင်းကြီးဘင်သောင်ပေးမည်ဟုပြောကြားလေ၏။ ထို အခမ်းအနားသို့ သတ္တုတွင်းတူးဖေါ်သော အလုပ်သမားတို့သည်လာရောက်ကြသဖြင့် ရဟန်းတော်သည်ရွှေနှလုံး တော်အားသဒ္ဓါကြည်ညိုခြင်းအကြောင်း သြဝါဒပေးလေ၏။ တဖြည်းဖြည့်နှင့်ပင် သူတို့၏စိတ်နှလုံးသည်ပြောင်းလဲ လာသဖြင့် မစ္ဆားယဇ်ပူဇော်ခြင်း၌ပါဝင်ခြင်းသည် အရေးကြီးကြောင်းကို ရဟန်းတော်သည် မတိုက်တွန်းရတော့ချေ။ စက္ကရမင်တူးများကိုလည်း သူတို့သည် သစ္စာရှိစွာခံယူကြလေသည်။ ဤသို့အားဖြင့် ရွှေနှလုံးတော်သည် မိထား သောကတိကို ပြည့်စုံအောင်ဆောင်ရွက်လေသည်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 5 =