ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၁)#ရက်ရောတော်မူသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ရက်ရောခြင်းသည် ပေးကမ်းစွန့်ကြဲခြင်း၌သာတည်ရှိသည်မဟုတ်။ သူတပါးအတွက် မိမိကိုယ် ကိုယ်ခြိုးခြံပူဇော်ရခြင်း၌လည်း တည်ရှိသတည်း။ ငါ့ရွှေနှလုံးတော်၏ရက်ရောခြင်းစေတနာသည် ကြးလွန်းလှသဖြင့် လူအပေါင်းတို့၏ကယ်တင်ခြင်းအတွက် ငါ့အသက်ကိုမပူဇော်ရမချင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိနိုင်ချေ။

ငါသည်လူအပေါင်းတို့အား ပုံစံတော်ကိုချပြပေးခဲ့၏။ ငါသည်ဤလောက၌ အသက်ရှင်ထင်ရှားရှိနေစဉ်အခါ လူနာများအား ပျောက်ကင်းချမ်းသပေးခဲ့၏။ သေသောသူတို့ကို ရှင်ပြန်စေခဲ့၏။ ထိုသူတို့အားငါ၏ အသင်းတော်ကို လည်းကောင်း၊ ငါ၏စက္ကရမင်တူးများကိုလည်းကောင်း၊ ငါ၏မယ်တော်ကိုလည်းကောင်းပေးခဲ့၏။ လူများကို ကယ် တင်အံ့ငှါ ကာလ်ဝါရီတောင်ပေါ်တွင် နေက်ဆုံးသွေးစက်ထိအေင် ငါ၏ဒဏ်ရာတော်များမှ အဖိုးထိုက်လှသော အ သွေးတော်ကို စီးယိုစေခဲ့၏။ ငါ၏မြင့်မြတ်လှသောနှလုံးတော်သည် ဤမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိသေးသဖြင့် လူခပ်သိမ်းတို့အင်အားနှင့် နှစ်သိမ့်ခြင်းကိုရရန်အတွက် ကမ္ဘာကုန်မည့်တိုင်အောင် တည်ရှိမည်ဖြစ်သောကိုယ်တော် မြတ်စက္ကရမင်တူးကို ငါထားခဲ့၏။

ငါ့သား၊ ငါ၏ရက်ရောခြင်း စေတနာအားလုံးအတွက် ငါ့အားသင်သည် ဘယ်အမှုကိုပြုပါသနည်း။ မစ္ဆားယဇ် ပူဇော်ခြင်း၌ သင်ပါဝင်ပါသလား။ တတ်နိုင်သမျှမကြာခဏ ကိုယ်တော်မြတ်စားပွဲတော်သို့သွား၍ ကိုယ်တော်မြတ် ကို ပင်းယူပါသလား။ သင်သည်တခြားသူများအပေါ်၌ ရက်ရောခြင်းရှိပါသလား။ ဆင်းရဲသားများကိုကူညီရန် အ တွက် အချို့သောပျော်ရွှင်မှုများကို ပူဇော်ရန် အလိုဆန္ဒရှိပါသလား။ ငါ့သား၊ ငါ၏နှလုံးတော်ထံသို့လာ၍ ဟုတ်မှန် သောရက်ရောခြင်း၏ သင်ခန်းစာကိုသင်ကြားပါလော။

အိုချစ်ဖွယ်လှသောယေဇူး၊ တပည့်တော်၏ရက်ရောခြင်းကို ကိုယ်တော်၏ရက်ရောခြင်းနှင့်နှိုင်းစာ၍ကြည့်ပါ လျှင်၊ တပည့်တော်ရှက်လှပါသည်။ တပည့်တော်သည်ဆင်းရဲသားများနှင့် အကူအညီလိုသော သူများအားကူညီရန် မကြိုးစားသည့်အပြင် ကိုယ်တော်တပည့်တော်အပေါ်၌ ပြုသောကျေးဇူးများအတွက်ပင် ကျေးဇူးကန်းသေး၏။ ချစ် ဖွယ်လှသောယေဇူး၊ တပည့်တော်၏ စိတ်သဘောသေးသိမ်ခြင်းကိုအခွင့်ပေးသနားတော်မူပါ။ အကူအညီလိုသော သူများအား ကူညီခြင်းအားဖြင့် ကိုယ်တော့ကိုအတုယူရန် ကြိုးစားပါတော့မည်။

#ကျင့်ရန်။ ။ ယနေ့အတွင်း အကူအညီလိုသောသူတစ်စုံတစ်ယောက်အားကူညီရန်အတွက် မိမိကိုယ်ကိုယ် ခြိုး ခြံခြင်းပြုလုပ်ရန်။

#ဆုတောင်း။ ။ မြင့်မြတ်လှသောယေဇူး၏ရွှေနှလုံးတာ်၊ ကျွန်ုပ်ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

ဘာသာရ်(Bertha)ဆိုသောမိန်းကလေးသည် ဘုရားစကားသင်ကြားခြင်း၌ တံဆိပ်ရထားသူတစ်ဦးဖြစ် သည်။ သူသည် မိမိသင်ကြားရသည့်အတိုင်း သစ္စာရှိစွာဘာသာတရား၌လေ့လာဆည်းပူး၏။

တစ်ညနေ၌ကိုယ်တော်မြတ်ကိုဖူးမျှော်နေစဉ် ရွှေနှလုံးတော်လဖြစ်သည့်အတိုင်း ရွှေနှလုံးတော်အားနှစ်သိမ့် အားရခြင်းဖြစ်ရေန် ဘယ်အမှုကိုပြုရပါမည်နည်းဟု စဉ်းစားနေ၏။ စဉ်းစားပြီးနောက် နောက်တစ်နေ့တွင် ရွှေနှလုံး တော်၏ ရုပ်ပုံကလေးကိုတတ်နိုင်သမျှ ဝေငှပေးပါမည်ဟုဆုံးဖြတ်ချက်ချလိုက်လေ၏။

နောက်တစ်နေ့နံနက်၌ သူသည် မစ္ဆားတရားနာယူရန်မသွားမှီ၊ ရွှေနှလုံးတော်ရုပ်ပုံအချို့ကို မိမိ၏လက်ဆွဲ အိတ်ထဲ၌ ညှပ်ထည့်ထားလိုက်၏။ အောက်သို့ဆင်းလာရာ နေ့စဉ် နွားနို့ပို့လာသူလူကြီးနှင့်တွေ့လေ၏။ ထိုသို့ နွား နို့ပို့လာသောလူကြီးထံသို့ ရွှေနှလုံးတော်ရုပ်ပုံကလေးကိုပေးရန်ကား ရဲရင့်ခြင်းအလွန်လိုအပ်လှပေသည်။ သို့သော် လူ့မျက်နှာကိုထောက်ထားခြင်းမရှိပဲ မိမိအ်ိတ်ထဲမှ ရွှေနှလုံးတော်ရုပ်ပုံကလေးတစ်ခုကိုထုတ်၍ ဒီမှာလူကြီးရှင့် သင့် အတွက်သေးငယ်သောလက်ဆောင်လေးတစ်ခု၊ ၎င်းကိုသိမ်းထားပေးပါ။ သင့်ကိုဘေးဒုက္ခများမှကာကွယ်ပါလိမ့် မည်ဟုပြောလေ၏။ ထိုအခါနွားနို့ပို့လာသောလူကြီးကလည်း လက်ခံလိုက်လေ၏။ ဘာသာရ်က ပထမဆုံးကြုံလာ သောအခွင့်အရေး၌ ရွှေနှလုံးတော်အားမိမိပြုထားသော ကတိအတိုင်းကောင်းစွာဆောင်ရွက်နိုင်ခြင်းကြောင့် ဝမ်းမြောက်ခြင်းနှင့် မစ္ဆားနာယူရန်သွားလေ၏။

နေ့ခင်းအချိန်၌ ဘာသာရ်သည် မိမိမခင်နှင့်အတူဧည့်ခန်း၌ထိုင်နေစဉ် အစေခံမိန်းခလေးသည်ဝင်လာ၍ အိမ်အောက်၌နို့ပို့လာသောလူကြီးသည် ဘာသာရ်နှင့်စကားပြောလိုကြောင်းပြောလေ၏။ ထိုအခါသူ့မိခင်က သူဘာ ဖြစ်လို့သင်နှင့်တွေ့လိုသလဲ၊ သင်နှင့်အတူမေမေလိုက်တွေ့မယ်ဟုပြောလေ၏။ သားအမိနှစ်နှစ်ယောက်သည် အိမ် အောက်သို့ရောက်ကြသောအခါ နွားနို့ပို့လာသောလူကြီးက ဘာသာရ်အား၊ ယနေ့နံနက်ကျွန်တော်သည် အလွန် စိတ်ဆိုးလှသဖြင့် ကြောက်မက်ဖွယ်ရာပြစ်မှုတစ်ခု ကြံမိပါသည်။ သင်သည် ဤပုံကလေးကို ကျွန်တော်၏လက်ထဲ၌ ထည့်လိုက်သောအခါ၊ ယခင်မကောင်းကြံစည်ထားခြင်းစိတ်မှ ပြောင်းလဲသွားပါသည်။ ကျွန်တော်တို့ကို ကယ်ချွတ် တော်မူသော သခင်၏ရွှေမျက်နှာတော်ကို ကြည့်လိုက်သောအခါ၊ ကျွန်တော်ယခင်ကပြုရန် ကြံစဉ်သောပြစ်မှုသည် ကျွန်တော့ကို သူ့ထံမှထာဝရကွဲကွာစေမည်ကိုနားလည်၏။ ထို့ကြောင့် သင်ကျွန်တော့အတွက်ပြုသမျှကိုသင့်အား ပြောသင့်သည်ဟု ကျွန်တော်ထင်ပါသည်။ သို့ဖြစ်၍ ကျွန်တော်အားစိတ်ဆိုးခြင်းမှ ကာကွယ်လိမ့်မည်ဖြစ်သော ဤ ရုပ်ပုံကလေးကို ကျွန်တော်အမြဲဆောင်ထားပါမည်ဟုပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 2 =