ဇွန်လ (၁၀)#သမစိတ္တမျှတခြင်းရှိသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ (၁၀)#သမစိတ္တမျှတခြင်းရှိသောယေဇူး_ရွှေနှလုံးတော်

ငါ့သားလောကကြီးမှာတကိုယ်ကောင်းစ်ိတ်သည် ဝမ်းနည်းခြင်းဖြစ်စရာအကြောင်းဖြစ်၏။ လူတို့သည်မိမိတို့ ကောင်းကျိုးအတွက်သာ လုံးပန်းနေရ၍ တစ်ခြားလူများ၏လိုရာကိုဆောင်ကြဉ်းရန အချိန်မရှိကြချေ။ ဝမ်းမြောက် ရွှင်လန်းခြင်းနှင့် အကျိုးကျေးဇူးရရာအကြောင်းဖြစ်သောအခွင့်အရေးများကို မိမိကိုယ်ကျိုးရှာဖွေခြင်းအားဖြင့် ပျောက်ဆုံးစေကြလေသည်။ နေ့တစ်နေ့ကိုသူတပါးကောင်းကျိုးအတွက် စဉ်းစား၍သူပါးအားကူညီခြင်းပြုပါလော့။ ထိုနေ့ကုန်ဆုံးသောအခါ သင်သည်သူတပါးကိုကူညီရ၍ မည်မျှဝမ်းမြောက်သည်၊ ကူညီရသောအချိန်နာရီများသည် မည်မျှကုန်ဆုံးလွယ်သည်ကိုတွေ့မြင်ရပါလိမ့်မည်။

နာဇရက်အိမ်ငယ်တွင်စုံလင်သောငြိမ်သက်ခြင်းရှိသည့်အကြောင်းကား တကိုယ်ကောင်းစိတ်မရှိသောကြောင့် ဖြစ်သည်။ လောကတွင် ငါလှည့်လည်သွားလာနေထိုင်ပုံကို ဆင်ခြင်ပါလော့။ ငါသည်ခရီးရှည်ကြာစွာ သွားရ၍မောပန်းနေသော်လည်း လူအစုအဝေးတို့သည် ငါ့ထံသို့လာသောအခါ သူတို့ကို မျက်နှာမလွဲပဲ သူတို့အလိုရှိသည်ကို ဆောင်ရွက်ပေးခဲ့၏။ ငါသည်လူနာများကိုပျောက်ကင်းစေခြင်းနှင့် ဝမ်းနည်း သောသူများအားနှစ်သိမ့်ခြင်းပေးရန် မောပန်းသည်ဟူ၍ အဘယ်အခါမျှမရှိခဲ့ချေ။ ကြင်နာတတ်သောစကား တစ် ခွန်းဖြင့်ဖြစ်စေ အကျင့်တရားအားဖြင့်ဖြစ်စေ သူတပါးကိုကူညီရန် ငါသည်အမြဲအသင့်ရှိ၏။

သင်သည်ကိုယ်ကျိုးရှာခြင်းစိတ်ကို ခဲခဲယဉ်းယဉ်းတိုက်ခိုက်၍ သူတပါးတို့အား အမြဲအကူအညီပေးရသဖြင့် သည်းမခံနိုင်လောက်အောင်စိတ်ပျက်လာလျှင် အကူအညီရရန် ငါ၏ရွှေနှလုံးတော်ထံသို့ ချည်းကပ်ပါလော့။ သင် ရှာဖွေသောနှစ်သိမ့်ခြင်းကိုရပါလိမ့်မည်။

ချစ်ဖွယ်လှသောယေဇူးရွှေနှလုံးတော် မိမိကိုယ်ကိုယ်အောင်မြင်ရန်တိုက်ခိုက်ရသဖြင့် ခဲယဉ်းပင်ပန်းသော ကြောင့် ရဲရင့်ခြင်းယုတ်လျှော့သောအခါ ကူညီတော်မူပါ။ သို့သော် ကိုယ်တော်၏တစ်သက်တာအတွင်း ဆည်းပူးခဲ့ သောချိုးခြံပူဇော်ခြင်းများကို စဉ်းစားသောအခါ ကျွန်ုပ်၏အားနည်းခြင်းများကြောင့်ရှက်လှပါသည်။ ကျွန်ုပ်၏ပြဌါန်း ချက်များကို ကိုယ်တော်၏ရွှေနှလုံးတော်ထဲ၌ သိမ်းထားတော်မူပါ။ ထိုအရာခပ်သိမ်းတို့သည် ထမြောက်အောင်မြင် ပါလိမ့်မည်။

#ကျင့်ရန်။ ။ ဤယနေ့သူတပါးတို့ ကောင်းကျိုးအတွက်လုံးပန်းရာ၌ အခွင့်အရေးတစ်ခုမျှလက်မလွှတ်စေရန်။

#ဆုတောင်း။ ။ အိုယေဇူး၏ရွှေနှလုံးတော်၊ အားလုံးကိုယ်တော်အတွက်ဖြစ်ပါသည်။

#ဥပမာပုံပြင်

ယနေ့သည်ကား ရွှေနှလုံးတော်ပွဲကြီးအကြိုနေ့ဖြစ်၏။ ထမင်းစားခန်းထဲ၌ အယ်မလီနှင့်အဲလစ်တို့သည် နောက်တစ်နေ့ပျော်ပွဲစားသွားရန်အတွက် ပြင်ဆင်နေရ၍အလုပ်ရှုပ်နေကြ၏။ ဂျွန်သည်အခန်းထဲသို့ဝင်လာပြီးလျှင် ကားအဆင်သင့်ရှိနေပြီ၊ အာပတ်ဖြေသွားဖို့အဆင်သင့်ရှိပြီလားဟုမေးရာ အယ်အလီက ကောင်းပြီ သွားမည်ဟု ပြောလိုက်၏။ သို့သော်အဲလစ်က မျက်မှောင်ကုတ်လျှက် သင်တို့နက်ဖြန်နံနက်မစ္ဆားသို့သွားလျှင် ပျော်ပွဲစားထွက်ဖို့ လှေထွက်ချိန်ကို မှီမှာမဟုတ်ဘူး ဟုပြောလိုက်လေ၏။

အယ်မလီသည် သူ့ညီမလေး၏လက်ကိုဆွဲကိုင်ကာ ညီမလေး၊ လာပါ။ ရွှေနှလုံးတော်ပွဲနေ့မှာ ကိုယ်တော် မြတ်မပင့်ယူပဲ နေဖို့မသင့်ပါဟုပြောလေ၏။ သို့သော်အဲလစ်မှာမျက်နှာဆူပုပ်လျက် မသွားဘူးဟု ငြင်းပယ်လိုက်သ ဖြင့် ဂျွန်နှင့်အယ်မလီသာ ဘုရားကျောင်းသို့သွားကြလေ၏။ သူတို့အိမ်ပြန်လာသောအခါ အဲလစ်မှာ အ်ိပ်နှင့်နေလေ ပြီ။

နောက်နေ့နံနက်သည် အလွန်သာယာသောာ နံနက်ခင်းကလေးဖြစ်လေ၏။ အဲလစ်မျှော်လင့်ထားသည့် အတိုင်း မစ္ဆားတွင်ကိုယ်တော်မြတ်ပင့်ယူသူမျာပြားလှသောကြောင့် ဘုရားကျောင်းဆင်းနောက်ကျလေ၏။ ဂျွန်နှင့် အယ်မလီသည် ဘုရားကျောင်းမှထွက်လာသောအခါ ဂျွန်ကပြုံး၍ ငါတို့လှေဆိပ်ကိုသွားရန် အချိန်အနည်းငယ်သာ လိုတော့သည်။ အဲလစ်စိတ်ဆိုးမှာစိုးရိမ်သည်ဟု ပြော၏။ သူတို့သည် ကော်ဖီကိုလျှင်မြန်စွာသောက်၍ သင်္ဘော ဆိပ်သို့ အလျှင်အမြန်သွားကြလေ၏။ သို့ရာတွင် လှေသင်္ဘောကလေးသည် ထွက်ခွါနှင့်နေပြီကိုသာ မြင်တွေ့ လိုက်ကြသည်။ ဘုရားတရားကြည်ညိုသူများသည် ပျော်ပွဲစားသွားရမည့်နေ့ကိုဖျက်သောကြောင့် အဲလစ်သည် စိတ်ကောက်သည်ထက်ကောက်ကာ မကြည်မသာဖြစ်နေ၏။ ဂျွန်ကပျော်ပွဲစားခြင်းကို တော်သင့်ရာဥယျာဉ်အတွင်း ၍ ပြုလုပ်ရန်အကြံပေးလေ၏။ သို့သော် အဲလစ်ကား ငြင်းပယ်၍ အိမ်သို့ပြန်သွားပြီး တစ်နေ့လုံးမျက်နှာပုပ်နှင့်နေ လေ၏။

ညနေပိုင်း၌ မိသားတစ်စုသည် ညစာစားပွဲ၌ရှိစဉ် သတင်းစာပို့လာသောသူငယ်ကလေးသည် သတင်းစာ တစ်စောင်ကိုယူလာခဲ့သည်။ ဂျွန်သည်သတင်းစာစောင်ကို ဖွင့်လိုက်ရာ ခေါင်းစဉ်စာလုံးကြီးကြီးနှင့် သူတို့စီးသွား မည့်လှေသင်္ဘောပေါ်၌ ပေါက်ကွဲခြင်းဖြစ်ကြောင်းပါရှိ၏။ တစ်ချို့ကားရေနှစ်၍၊ တစ်ချို့ကားမီးလောင်၍ သေဆုံး သည်ဟူ၍လည်းပါရှိ၏။ ထိုအခါအဲလစ်သည် စားပွဲမှထ၍ မိမိအခန်းထဲသို့သွားပြီးလျှင် ယေဇူးရွှေနှလုံးတော်ပုံရှေ့၌ ဒူးထောက်ပြီးနောက် ရွှေနှလုံးတော်အပေါ်မှာ နောင်လာလတံ့သောအချိန်များ၌ ပို၍သစ္စာရှိပါမည်ဟုကတိထားလေ ၏။ အကြောင်းမူကားအကယ်၍သာ ဂျွန်နှင့်အယ်မလီသည် မစ္ဆားပူဇော်ခြင်းသို့မသွားခဲ့ပါမူ သင်္ဘောပေါ်တွင်ဒုက္ခ တွေ့ကြသောသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်မည်ကိုသူသိသွားလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

11 + 6 =