ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်

ငါ့သား၊ မစ္ဆားယဇ်ပူဇော်ခြင်းပြီးဆုံးသည်ဖြစ်၍ ရဟန်းသည် ဘုရားစင်ခန်းမှထွက်ခွါသွားလေပြီ။ သိကြား တမန်တော်များမူကား မစ္ဆားယဇ်ပူဇော်ရာပလ္လင်ကို ဝန်းရံကာ ရှိခိုးကိုးကွယ်လျက်ရှိနေကြသေး၏။ ငါ့သား၊ မကြောက်ပါနှင့်။ သင့်ကိုငါပစ်ထားသည်မဟုတ်ပါ။ ကိုယ်တော်မြတ်ခွက်ထဲတွင်ရှိသော သြစတီးယားမုန့်အချပ်တိုင်း ၌ ငါသည်ဘုရားအဖြစ်လူ့အဖြစ်နှစ်ပါးနှင့်တကွ ကောင်းကင်ဘုံမှာကဲ့သို့ ကိန်းအောင်းလျက်ရှိသည်ဖြစ်၍ ငါ့ကိုပင့် ယူလိုသောသူတို့ထံသို့ကြွလာရန် ချစ်ခြင်းစိတ်ဇောနှင့် ငါ၏နှလုံးတော်သည်ခုန်လျက်ရှိနေ၏။ သို့ဖြစ်၍ ငါဖိတ်ခေါ် နေသည်ကိုမငြင်းပယ်ပါလေနှင့်။ သင်၏နှလုံးထဲသို့ ငါကြွလာနိုင်တော်မူရန် ကိုယ်တော်မြတ်စားပွဲတော်သို့ နေ့စဉ် နံ နက်တိုင်းချည်းကပ်ပါလော့။

ဆည်းလည်းသံကလေးကား ရဟန်းသည်ငါ၏တန်ခိုးအာဏာနှင့် ကောင်းကင်ဘုံမှ ဘုရားစင်ပေါ်သို့ ဆင်း ကြွလာရန်ငါ့အားဖိတ်ခေါ်နေသည်ကိုကြေညာလျက်ရှိ၏။ ငါ့သား၊ ကိုယ်တော်မြတ်ကျောင်းဆောင်အတွင်းမှ ငါ့ကို ဖိတ်ခေါ်သောဆည်းလည်းသံကား ကိုယ်တော်မြတ်စားပွဲတော်၌ ငါ့ကိုပင့်ယူရန်ဖိတ်ခေါ်သော သင်၏ချစ်ခြင်းဆန္ဒ ပေတည်း။ သင်သည် ငါ့ထံသို့လာလိုလျှင် သင်လက်ခံရန် ငါသည်အမြဲအသင့်ရှိပါ၏။ ကိုယ်တော်မြတ်စက္ကရမင်တူး တွင် ကိန်းအောင်းလျက်ရှိသော ငါ၏နှလုံးတော်ထံမှတောင်းသမျှကိုပေးရန် စောင့်ငံ့နေသည်ဖြစ်၍ ငါ့ကိုမကြခဏ ဖူးမျှော်ရန်လာပါလေလော။ ကိုယ်တော်မြတ်ကောင်းကြီးဘင်သောင်ပေးခြင်းသို့ တက်ရောက်ရန်ဘယ်သောအခါမျှ ပျက်ကွက်ခြင်းမရှိပါစေနှင့်။ အကြောင်းမူကား နှင်းစက်ကလေးများသည်မြက်ပင်ပေါ်သို့ကျ၍ မြက်ပင်ကလေးများ ကိုလန်းဆန်းစေသည့်နည်းတူ ဘုရားကျောင်းတွင်ရှိသောလူများကို ကောင်းကြီးပေးရန်ရဟန်းတော်က ငါ့ကိုပင့် မြှောက်လိုက်သောအခါ ငါ၏ကျေးဇူးတော်များသည်လည်း ထိုသူများအပေါ်သို့ ဆင်းသက်လေ၏။

အိုချစ်ဖွယ်လှသော ယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်သည် နံနက်တိုင်းကိုယ်တော်ထံသို့ မပျက်မကွက် ပဲလာပါတော့မည်။ တပည့်တော်၏ အဆွေတော်ဖြစ်သော ကိုယ်တော်ထံသို့လာရောက်ဖူးမျှော်ရန် အရင်အချိန်က ပျက်ကွက်ခြင်းများကိုလည်း နောက်နောင်သစ္စာတည်ကြည်ခြင်းဖြင့် ဆပ်ဖြေပါတော့မည်။ ကိုယ်တော့ကိုနေ့စဉ် လာရောက်ဖူးမျှော်၍ ကိုယ်တော်၏ကောင်းကြီးတော်ကို ခံယူရန်၊ ကိုယ်တော်မြတ်ဘင်သောင်သို့ မပျက်မကွက်ပဲ အစဉ်တက်ရောက်နိုင်ရန် ကြိုးစားပါတော့မည်။

ကျင့်ရန်။ ။ ဖြစ်နိုင်ပါက၊ ကျွန်ုပ်သည် ကိုယ်တော်မြတ်ကို နေ့စဉ်ပင့်ယူပါမည်။ ဘုရားရှိခိုးကျောင်းအနားကို ဖြတ်သွားတိုင်း ဘုရားကျောင်းထဲသို့ဝင်၍ ကိုယ်တော်မြတ်ကိုခေတ္တခဏ ဖူးမျှော်ပါမည်။

ဆုတောင်း။ ။ ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသော ယေဇူး၏ရွှေနှလုံးတော် ကျွန်ုပ်တို့ကို သနားတော်မူပါ။

ဥပမာပုံပြင်။

တစ်နေ့သ၌ ဦးစီမောင်တို့မိသားတစ်စုသည်အတူထမင်းစားနေကြစဉ်၊ ဖခင်ဖြစ်သူဦးစီမောင်က မိမိပန်းကန် ကိုတွန်းပြီးလျင်၊ မျက်မှောင်ကုတ်၍ သားကြီးဂျွန်အား ဒေါသနှင့်ဆိုသည်မှာ၊ ဂျွန်၊ မင်းရဲ့မကောင်းတဲ့အကျင့် စာရိတ္တ တွေကို ငါတာရှည်သီးမခံနိုင်တော့ဘူး။ မင်းရဲ့မကောင်းကျင့်များအတွက် ငါနာမည်ပျက်လှပြီ။ ထိုအခါ သားကြီးဂျွန် သည်ချက်ချင်း စားပွဲမှထ၍ အိမ်မှထွက်သွားလေ၏။ တဖန်သားငယ်ပီတာဘက်သို့ သားကြီးအားဆိုသကဲ့သို့ ဆိုပြန် လေ၏။ သားငယ်ပီတာသည်လည်း စကားတစ်ခွန်းမျှမပြောပဲ မျက်မှောင်ကုတ်၍သာနေလျက် ထမင်းစားပြီးနောက် အိမ်ကထွက်သွားပြန်၏။

မိခင်ဖြစ်သူမှာ ကလေးများအတွက်တောင်းပန်လိုသော်လည်း အချည်းနှီးသာဖြစ်မည်ကိုသာသိ၍ ဆိတ် ဆိတ်နေလေ၏။ အကြောင်းမူကားမိမိခင်ပွန်းသည် အကြောင်းမရှိပဲ မည်သည့်အခါမဆမြည်တွန်တောက်တီးခြင်း ကို ပြုလုပ်လေ့မရှိကြောင်းသိပြီးဖြစ်၏။ သမီးငယ်ရိုဇားမှာ ဤကဲ့သို့ဖြစ်ရခြင်းအတွက် ဝမ်းနည်းလျက်စိတ်မကောင်း ဖြစ်ရရှာ၏။ မအိပ်နိုင်မစားနိုင်နှင့် မိမိအဖေနှင့်အစ်ကိုများကို သင့်မြတ်အောင်အဘယ်ကဲ့သို့လုပ်ရမည်နည်းဟု စဉ်း စားလျက်နေလေ၏။ မိမိအိမ်၌အဖြစ်အပျက်ပိုမိုဆိုးဝါးလာသည်ကိုမြင်လေလျှင် အဘယ်ကဲ့သို့ပြုရမည်နည်းဟု အမိ မယ်တော်အားဆုတောင်းလျက်အိပ်ပျော်သွားလေ၏။

နောက်တစ်နေ့နံနက်၌ ရိုဇားသည်အိမ်အပေါ်ဆုံးထပ်တွင်ရှိသော သေတ္တာဟောင်းတစ်လုံးကိုရှင်းလင်းရာ ဘောင်များဟောင်း၍ စွန့်ပစ်ထားသောရွှေနှလုံးတော်ကားချပ်ကိုတွေ့လေ၏။ ထိုအခါရိုဇားသည် ငါ၏နှလုံးတော်ကို မိမိတို့အိမ်၌ ပလ္လင်တင်သောသူတို့အား ငြိမ်သက်ခြင်းကိုပေးမည်ဟု မာဂရက်မေရီအားယေဇူးသခင်ထားတော်မူ ကတိချက်ကိုချက်ချင်းသတိရလျက် မှန်ဘောင်အသစ်ကိုဝယ်ပြီးလျင် လှပသောရွှေနှလုံးတော်ပုံကို သွင်းလိုက် လေ၏။ ထိုကားချပ်ကိုလည်း ဧည့်ခန်းထဲမှာ ချိတ်ထားပြီးလျှင် အရှေ့၌မီးတိုင်တစ်တိုင်ကို အမြဲထွန်းညှိ၍ ပူဇော်ထား ၏။ တစ်အိမ်လုံးအိပ်ပျော်နေကြသည့်အခါ ရိုဇားသည်တိတ်ဆိတ်စွာထိုနေရာသို့သွား၍ မိမိအိမ်ထောင်တစ်စုအပေါ် သို့ ငြိမ်သက်ခြင်းပေးပါမည့်အကြောင်း ရွှေနှလုံးတော်အားဆုတောင်းလေ၏။ မိန်းကလေး၏ဆုတောင်းသံကို ရွှေနှ လုံးတော်နားညောင်းတော်မူ၏။ အကြောင်းမူကားများမကြာမီ ဂျွန်နှင့်ပီတာတို့သည် မိမိတို့၏အမှားများကိုဝန်ချ တောင်းပန်ကြလျက် အကျင့်ဆိုးတို့ကိုဖြတ်တောက်လိုက်ကြလေ၏။ ဖခင်ဖြစ်သူသည်လည်း မိမိ၏သားများကိုယုံ ကြည်အားထားလာ၏။ မကြာမီ တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင်နေကြလျက် အိမ်ထောင်စု၌ငြိမ်သက်ခြင်းကိုတဖန်ရ ကြလေ၏။ ထို့နောက်ရိုဇားသည် ယေဇူးရွှေနှလုံးတော်အသင်းသို့ဝင်သွားလေ၏။ အိမ်မှမထွက်ခွါမီ အိမ်ထောင်စု၌ ပြောင်းလဲခြင်း၏ လျို့ဝှက်ချက်ကို မိခင်အားပြောလေ၏။ သူမ၏မိခင်သည်လည်းရွှေနှလုံးတော်၏ ရုပ်ပုံကားချပ်ရှေ့ ၌ ကျေးဇူးတင်သည့် အနေနှင့် မီးတိုင်ကလေးကို အမြဲထွန်းညှိထားလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 4 =