ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။

ငါ့သား၊ ဘုရားစင်အနီးသို့ချဉ်းကပ်၍ တင်ပူဇော်မည့်ဆဲဆဲဖြစ်သောမစ္ဆားယဇ်ပူဇော်ခြင်းအမှုကို အာရုံစိုက်၍ ကြည့်ပါလော့။ ရဟန်းသည် ဘုရားစင်ခြေရင်း၌ငုံ့လျက် အပြစ်လျောက်ခြင်းမေတ္တာကိုစ၍ဆို၏။ သိကြားတမန်တို့ သည် တပ်မဟာဗိုလ်အပေါင်းနှင့် ဘုရားစင်ကိုဝန်းရံကြလျက် ကြွလာတော်မူအံ့သောဘုရင်ကိုစောင့်ငံ့လျက်နေကြ ၏။ ရဟန်းသည် မစ္ဆားတရားတော်ကို ဆည်းလည်းကလေးလှုပ်သည့်တိုင်အောင်ဆက်လက်၍ဟောနေ၏။ ဆည်း လည်းကလေး၏ အသံကားငါကျေကျေနပ်နပ် ချစ်ရတော့မည့်အချိန်နီးကပ်လျက်ရှိကြောင်းကိုသတိပေးလေ၏။

ရဟန်းတော်ကား ငါသည်အဆင်သင့်ရှိပြီဟုတီးတိုးပြောဆိုလျက် ငါ၏လက်တော်များကို သူ့အပေါ်မှာ ကောင်းကြီးပေးသည့်အနေနှင့်မိုးထား၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ဟူသော စကားကိုသီဆိုသည်နှင့်တပြိုင်နက် ကောင်းကင်ဗိုလ်ခြေတို့သည် အံ့သြဖွယ်ရာနက်နဲလှစွာသောအချက်ပြည့်စုံခြင်း သို့ရောက်ပြီဟုဦးညွတ်ကြကုန်၏။ ထိုနောက်ရဟန်းက ဤအရာသည်ငါ၏ကိုယ်ဖြစ်၏။ ဤအရာသည်ငါ၏ အသွေး ဖြစ်၏ဟု တိုးတိုးရွတ်ဆို၏။

ငါ၏အလိုတော်ပြည့်ဝသဖြင့် ငါ၏နှလုံးတော်သည် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ခုန်လျက်နေ၏။ ငါ့သား၊ ငါနှင့်အတူ ထာဝရဘုရားကိုကိုးကွယ်ပါလော့။ ကမ္ဘာသူကမ္ဘာသားအားလုံးကိုထိခိုက်ကျူးလွန်ခဲ့ကြသောအပြစ်များ အတွက် ဝမ်းနည်းပူဆွေးခြင်းနှင့် သင်၏ဦးခေါင်းကိုညွတ်ပါလော့။ သင်၏နှလုံးကိုပင့်မြှောက်၍ ဤလောကသို့ ငါ ယူဆောင်ခဲ့သော လက်ဆောင်များအတွက် ကျေးဇူးဆပ်တင်ပါလော့။ သင်လိုရာကျေးဇူးအားလုံးကို ခမည်းတော် ဘုရားထံတော်မှ ငါတောင်းလျှောက်၏။ သို့ဖြစ်၍ ငါ၏အသွေးတော်ဖြင့်ပြည့်ဝနေသော ကာလစ်ခွက်ထဲ သင်၏ တောင်းဆိုခြင်းများကိုထည့်ပါလော့။ ငါ၏အသွေးတော်နှင့်ရောစပ်နေသဖြင့် သင်၏တောင်းဆိုခြင်းများကို အဘယ် အခါမျှငြင်းပယ်လိမ့်မည်မဟုတ်ပေ။

ရဟန်းသည် မစ္ဆားတရားတော်မြတ်ကို ဆက်လက်ဟော၏။ ကာလ်ဝါရီတောင်ပေါ်မှာ ကရုစူးတံကျင်ပေါ်၌ ပူဇော်သကဲ့သို့ ယခုတဖန်သင့်အတွက် ပူဇော်ခြင်းကိုငါသည်ထပ်မံပြု၏။ ငါ့သား၊ ဤမျှလောက်ကြီးမြတ်သော မစ္ဆားတရားတော်မြတ်၏ ကျေးဇူးတော်ကိုမြင်လျက်၊ သင်သည် မစ္ဆားတရားယဇ်ပူဇော်ခြင်းအမှု၌ နံနက်တိုင်းပါဝင် ပါလျှင် ငါ၏နှလုံးတော်အား အမှန်ပင်သင်သည် နှစ်သိမ့်ပေလိမ့်မည်။

အိုချစ်ဖွယ်လှသော ယေဇူး၏နှလုံးတော်၊ မစ္ဆားယဇ်ပူဇော်ခြင်းတစ်ခုတည်း၏ ကြီးမြတ်သောတန်ဖိုးကို သိ နားလည်နိုင်ရန် ကိုယ်တော်၏ ယဇ်ပလ္လင်အနီးသို့ တပည့်တော်ကိုပို့ဆောင်တော်မူပါ။ နံနက်တိုင်း၌ ယဇ်ပလ္လင်ကို ဝန်းရ့လျက်နေသော သိကြားတမန်တော်များနှင့်အတူ တပည့်တော်တို့ကိုတွေ့ပါလိမ့်မည်။

ကျင့်ရန်။ ။ နေ့စဉ်မစ္ဆားတရားပူဇော်ခြင်းအမှု၌ ပါဝင်ရန်။

ဆုတောင်း။ ။ အလွန်သန့်ရှင်းစင်ကြယ်တော်မူသောယေဇူး၏ ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကို သနားတော်မူပါ။

ဥပမာပုံပြင်။

မစ္စစ်မိုက်ဒေါနယ်နှင့်သားအန်ဒြေအင်တို့သည် ရွှေနှလုံးတော်လဖြစ်သော ဇွန်လ၏ပဌမသောကြာနေ့တွင် မစ္ဆားတရားတော်ကိုနာယူပြီးမှ အိမ်သို့ပြန်လာကြရာ လမ်းတွင်သားက၊ မေမေ၊ ကျွန်တော်တို့ဥရောပတိုက်သို့ အလည်မထွက်မှီ သောကြာ(၉)ပတ်ပြည့်သွားတာ ဘယ်လောက်ကောင်းသလဲဟုပြောရာ အမေဖြစ်သူက၊ ဟုတ်ပါ တယ်ငါ့သားရယ်။ ရွှေနှလုံးတော်က လမ်းခရီးမှာငါတို့ကို အမှန်တကယ်ပဲစောင့်ရှောက်ပါလိမ့်မယ်၊ ဟုပြန်ပြောလိုက် ၏။ နောက်တနင်္လာနေ့တွင် သားအမိနှစ်ယောက်တို့သည် ဥရောပသို့ထွက်သွားကြလေ၏။ ပဌမ နှစ်ရက်တွင် ပင် လယ်ပြင်သည် ငြိမ်ဝပ်သာယာလျက်ရှိ၏။ တတိယမြောက်သောနေ့တွင်မူကား လေမုန်တိုင်းကြီးကျလလေ၏။ သင်္ဘောသည်လည်း လှိုုင်းတံပိုးအလယ်တွင် ကြက်ဥခွံကလေးပမာ မျှောနေသလိုဖြစ်၍ ခရီးသည်တို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြကုန်၏။ သင်္ဘောသည် တဖက်ကနေတဖက်သို့စောင်းသွားတိုင်း သင်္ဘောခန်းထဲမှ ကြောက်ရွံ့သံများပေါ်ထွက်လာ၏။

ထိုအခါ အန်ဒြေအင်သည် မိမိအပေါ်အင်္ကျီပေါ်တွင်တွယ်ထားသော ရွှေနှလုံးတော်၏ရုပ်ပုံကိုယူ၍ မိခင်အ နားတွင်ဒူးထောက်ပြီးလျင် အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်သည်ကိုယ် တော်အားယုံကြည်ကိုးစားပါ၏၊ ဟုထပ်တလဲလဲရွတ်ဆိုလေ၏။ ထိုနောက် ငြိမ်စေလော့၊ ရွှေနှလုံးတော်သည် ငါနှင့် အတူရှိ၏ဟု ထိုရုပ်ပုံလေး၌ရေးထားသောစာသားလေးများကို ထပ်လောင်း၍ရွတ်ဆိုလေ၏။

ခရီးသည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထိုသူငယ်ကိုအတုယူကြလျက် ဘုရားသခင်အထံ တော်မှအကူအညီကိုတောင်းလျှောက်ကြလေ၏။ ထိုအခါ အန်ဒြေအင်၏ယုံကြည်ခြင်းကိုဘုရားသခင်သည် ဆုချ တော်မူလေ၏။ အကြောင်းမူကား မိမိတပည့်တော်ကြီးများ တောင်းလျှောက်သောကြောင့် ပင်လယ်၌မုန်တိုင်းကို ငြိမ်းစေတော်မူသော ယေဇူးဘုရားရှင်သည် ယခုလည်းအမိန့်တော်ရှိတော်မူသဖြင့် မကြာမှီလှိုင်းတံပိုးသည် ရပ်စဲ သွားလေ၏။

အန်ဒြေအင်နှင့်သူ၏မိခင်သည် သင်္ဘောကုန်းပတ်ပေါ်သို့ တက်လာကြ၍သက်တန့်ကိုမြင်ကြလေသော် မိခင်ဖြစ်သူကဆိုသည်မှ ဤအမှတ်သည် နောင်အခါရေလွမ်းမိုးခြင်းဖြင့်မဖျက်ဆှးမည်အကြောင်းဘုရားသခင်က နောဧအားပေးသော ပ​ဋိညာဉ်ဖြစ်၏။ အန်ဒြေအင်သည်ခဏမျှစဉ်းစားပြီးသော် ယေဇူးရွှေနှလုံးတော်သည် မာဂရက် မေရီအားပြုခဲ့သည့်ကတိတော်၌ တည်ကြည်ကြောင်းကိုပြရန်အလို့ငှါ သက်တန့်ကိုယနေ့ပေါ်စေကြောင်း ကျွန်တော် ထင်မြင်သည်ဟု ပြန်ပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 0 =