ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။

ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။

ငါ့သား၊ မည်သည့်အချိန်မှာမဆို ကျေးဇူးတော်လို၏။ အထူးသဖြင့်ဝိညာဉ်များ ငါနှင့်ဝေးလေအောင် နေရာတိုင်းတွင် တစ်လုံးတစ်စည်းတည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြသည့် ယခုအချိန်ကြီးမှာသာ၍ လို၏။

ငါ၏ရွှေနှလုံးတော်သည် ကျေးဇူးတော်၏မူလရင်းဖြစ်ရကား ထိုနှလုံးအတွင်မှ ဖြစ်နှစ်သ်ွစီးဆင်းလျက်ရှိ၏။ ပဌမမြစ်တစ်သွယ်သည် ငါ၏လကျာ်ဘက်မှစီးဆင်း၍ ဖန်ဆင်းခြင်းကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း ကျေးဇူးတော် ကိုလူအပေါင်းတို့အားပေး၏။ ငါ၏လက်ဝဲဘက်မှစီးဆင်းသော ဒုတိယမြစ်တစ်သွယ်မူကား စောင်မခြင်းကျေးူးများ အထူးသဖြင့်ခေါ်တော်မူခြင်းကျေးဇူးကိုပေး၏။ ငါ့ကိုလုံးလုံးလျားလျားချစ်ခင်သောနှလုံးကိုငါတွေ့သောအခါ ထိုမြစ် နှစ်သွယ်ကို ပေါင်းတွဲပြီးလျှင် ကျေးဇူးအမြောက်အများပေးလျက်ထိုနှလုံးက ငါ့အားဖြည့်တင်းပေး၏။ ရဟန္တာများ အား ငါပေးသောကျေးဇူးများကား ဤသို့သောကျေးဇူးများပင်ဖြစ်သတည်း။ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်အောင် ကြိုးစားသူအမြောက်အများရှိပါက ငါသည်မည်မျှဝမ်းသာမည်နည်း။

ငါ၏နှလုံးတော်နှင့်နီးကပ်စွာနေလျက်၊ ဤလောက၌ငါရှိစဉ်အခါနေ့စဉ်ဆောင်ရွက်ခဲ့သောအပြုအမူများကို လေ့လာသင်ကြားခြင်းဖြင့်သန့်ရှင်းခြင်းသို့ရောက်စေသော အကြောင်းရင်းကို သင်နားလည်ပါလိမ့်မည်။ ငါ့နောက် သို့ တနေ့တခြားတိုး၍လိုက်နိုင်ရန်ကား သစ္စာတည်ခြင်းနှင့်ရဲရင့်ခြင်းစိတ်သတ္တိလိုပေလိမ့်မည်။ ငါ၏နှလုံးတော်သည် ရဟန္တာသူတော်သူမြတ်တို့၏ ပုံစံတော်ကို သင်ကြားအတုယူကြသောဝိညာဉ်များကိုတောင့်တလျက်ရှိ၏။ ထို့ကြောင့် ငါ့သား၊ ငါ၏အလိုတော်ကိုလိုက်လျော၍ ရဟန္တာအဖြစ်သို့ရောက်ရန် သစ္စာရှိရှိကြိုးစားအားထုတ်ပါမည် လော။

ငါ၏နှလုံးတော်သည် သင်အားရဟန္တာအဖြစ်သို့ရောက်ရန် ကြိုးစားပါမည်လောဟု ယနေ့ချိုသာစွာမေးမြန်း လျက်နေ၏။ သင်အလိုရှိသောကျေးဇူးများကိုလည်း ပေးရန်ငါအသင့်ရှိ၏။ သို့ဖြစ်၍ ငါ့အားရက်ရက်ရောရော အစေခံပါမည်လော။ ကျွန်ုပ်၏ ဘုရင်ဖြစ်တော်မူထသော အိုချစ်ဖွယ်လှသောခရစ္စတူး သခင်ကိုယ်တော်၏ ရွှေနှလုံး တော်တောင်းဆိုခြင်းကို လိုက်လျောရန်တပည့်တော်ကို ကိုယ်တော်၏ရွှေနှလုံးတော်တောင်းဆိုခြင်းကို လိုက်လျော ရန်တပည့်တော်ကို ကိုယ်တော်၏ လက်တော်သို့ လုံးလုံးလျားလျားအပ်နှံပါသည်။ ရဟန္တာအဖြစ်သို့ရောက်ရန် ကြိုး စားအားထုတ်ပါမည့်အကြောင်းကိုလည်း ကတိဝန်ခံချက်ပေးပါသည်။ တပည့်တော်ပြုသောသစ္စာကို မသွေမလှန်ပဲ စောင့်ထိန်းနိုင်ရန်လည်း တပည့်တော်ကို အားဖြည့်တင်းပေး၍ ကောင်းကြီးပေးတော်မူပါ။

ကျင့်ရန်။ ။ကြေကွဲနာကျင်လှသော ယေဇူးနှလုံးတော်အား ရဟန္တာအဖြစ်သို့ရောက်ရန်ကြိုးစား ပါမည့်အကြောင်း ယနေ့တွင်အခါများစွာ ဝန်ခံလော။

ဆုတောင်း။ ။ကျေးဇူးတော်၏ မူလရင်းဖြစ်တော်မူသောယေဇူး၏နှလုံးတော် ရဟန္တာအဖြစ်သို့ရောက်အောင် စောင်မတော်မူပါ။

ဥပမာပုံပြင်

မိန်းကလေးနှစ်ဦးတို့သည်ဈေးခြင်းတောင်းကြီးတစ်လုံးကိုကိုင်ကာကာသီဒရာယ်ဘုရားရှိခိုးကျောင်းကြီး၏ အလွန်လေးသောတံခါးမကြီးကို ဖြည့်ညှင်းစွာတွန်းဖွင့်ပြီးလျှင် ကျောင်းတော်ကြီးထဲသို့ဝင်သွားကြလေ၏။

ခြောက်နှစ်အရွယ်ရှိအကြီးဖြစ်သူ ထရေဇားက လေးနှစ်မပြည့်သေးသော ညီမလေး ဂျော်အန်အား ဘုရား စင်ရှေ့တွင်အဘယ်သို့ဒူးထောက်ရမည်ကို သင်ပေးလေ၏။ ထို့နောက် ယေဇူးရွှေနှလုံးတော်ပလ္လင်ရှေ့သို့သွားပြီး လျှင် သူတို့သယ်ယူလာသောတောင်းကြီးကိုချ၍ ဒူးထောက်လျက် ဆုတောင်းကြလေ၏။ ဘုရားကျောင်းထဲ၌သူတို့ ချည်းသာရှိသည်ဟုအောက်မေ့ကြလျက် အသံကျယ်စွာဆုတောင်းကြလေ၏။ ထရေဇားကစ၍ ဆုတောင်းသည်မှာ ချစ်ဖွယ်လှသောရွှေနှလုံးတော်၊ အမေက တပည့်တော်မတို့စားဖို့ဘာမျှပေးစရာမရှိဘူး။ တပည့်တော်မတို့ တအား ဆာတာပဲ။ ဒါကြောင့် ကိုယ်တော်ကကျေးဇူးပြု၍ သည်တောင်းထဲမှာတစ်စုံတစ်ခုထည့်ပေးပါဟု ဆုတောင်းလေ သော် ဂျော်အန်ကဆက်၍ ယေဇူးဘုရားတပည့်တော်မလည်း သိပ်ဆာတာပဲ။ ကျေးဇူးပြု၍ ပေးပါဘုရားဟု ဆုတောင်းလေ၏။

ကလေးနှစ်ယောက်တို့သည် အတန်ကြာမျှဒူးထောက်၍ တိတ်ဆိတ်စွာဆုတောင်းကြပါသော်လည်း သူတို့ အတွက်အလွန် ကြန့်ကြာသည်ဟုထင်မှတ်ကြ၏။ သူတို့တောင်းဆိုချက်ကိုလိုက်လျောရန် ရွှေနှလုံးတော်ကြွလာ သည်ကို မမြင်ကြသဖြင့်ကလေးတို့ သဘာဝအတိုင်းငြိမ်သက်စွာ မနေနိုင်တော့ပဲ ဂျော်အန်ကစ၍ မမဘုရားသခင် ဟာ အလုပ်ရှုပ်နေတယ်ထင်တယ်၊ ဟုတိုးတိုးလေးပြောလိုက်ရာ ထရေဇားက အိုချစ်ဖွယ်လှသောယေဇူး ကိုယ် တော်အလုပ်ရှုပ်နေသည်ကို တပည့်တော်မတို့သိပါတယ်။ ကိုယ်တော်နားထောင်စရာ လူကြီးတွေလည်းအများကြီး ရှိပါသေးတယ်။ ဒါကြောင့် တပည့်တော်မတို့တောင်းကိုဒီမှာချန်ထားခဲ့ပါတော့မယ်။ နောက်မှပြန်လာပါ့မယ်၊ လို့ပြော လျက် ကလေးတို့၏မိတ်ဆွေဖြစ်သော ယေဇူးအားနှုတ်ဆက်ပြီးမှ ကျောင်းက ထွက်သွားကြလေ၏။

ထိုအချိန်အတွင်းမှာ မိန်းမကြီးတစ်ဦးသည် ဘုရားကျေင်းတွင်းရှိ တိုင်တစ်တိုင်၏နောက်၌ ဒူးထောက်၍ဆု တောင်းနေသည်ကို ကလေးများမသိကြပေ။ ကလေးနှစ်ယောက် ထွက်သွားသောအခါ မိန်းမကြီးသည် အနီးအနား ရှိ ဈေးဆိုင်တစ်ဆိုင်သို့ အလျှင်အမြန်သွားပြီးလျှင် လိုရာအစားအစာများကိုဝယ်ယူပြီးနောက် ကလေးများပြန်မလာ ခင် သူတို့၏ တောင်းထဲ၌ တည့်ထားလေ၏။

ကလေးများသည် လျှင်မြန်စွာ ဘုရားကျောင်းသို့ပြန်လာကြရာ သူတို့၏တောင်းထဲ၌ အထုပ်များတွေ့ရ၍ ဘု ရားသခင်သည် သူတို့၏ဆုတောင်းသံကို နားညောင်းတော်မူသည်ဟု ယုံကြည်ကြလေ၏။ ဂျော်အန်က အထုပ်ထဲမှ မည်သည့်အရာ ပါရှိသည်ကို စုံစမ်းလို၏။ သို့ရာတွင်ထရေဇားက ဤကဲ့သို့ပြုလျှင် ဘုရားသခင်အပေါ်၌ရိုင်းပြရာ ရောက်ပါလိမ့်မည်။ ငါတို့ရသည့်ဆုများအတွက် ဘုရားသခင်ကိုသာ ကျေးဇူးတင်ရမည်ဟု ပြောလေ၏။ ထိုအခါက လေးတို့သည် အိုချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော် ကိုယ်တော်သည်တပည့်တော်တို့အပေါ်မှာ ဤမျှလောက် ကောင်းတော်မူသောကြောင့် က်ိုတော်အားကျေးဇူးတင်ပါ၏ဘုရား၊ ဟုဆိုကြလေ၏။ ထိုဆုတောင်းမေတ္တာသည် ဘုရားသခင်၏ရွှေနားတော်၌တက်ရောက်၏။ ထိုနောက် လေးနှစ်မပြည့်သေးသောဂျော်အန်ကဆက်၍ ဆိုပြန်သည် မှာ အိုယေဇူး ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။ ကိုယ်တော်ကို ဤကျောင်းတော်ကြီးလောက်ချစ်ပါသည်ဟု ပြော ပြီးနောက်၊ ယေဇူးသခင်အား ဒုတိယအကြိမ် နှုတ်ဆက်၍ အလွန်လေးသောခြင်းတောင်းကြီးကို မနိုင်တနိုင်နှင့်ဆွဲ သွားကြလျက် ဘုရားကျောင်းမှထွက်သွားကြလေ၏။

ကြင်နာတတ်သော ကျေးဇူးရှင် မိန်းမကြီးသည်လည်း သူတို့နောက်သို့လိုက်၍ မိမိမော်တော်ကားနှင့် ကလေးများအား အိမ်ရောက်သည်အထိ လိုက်လေ၏။ ထရေဇားက လမ်းညွှန်သဖြင့် အိမ်သို့ရောက်ကြသောအခါ ဂျော်အန်သည် မိခင်ထံသို့အလျှင်အမြန်ပြေးသွားပြီးလျှင်၊ ဘုရားသခင်သည် မိမိတို့၏ ဆုတောင်းသံကို နားညောင်း တော်မူကြောင်းပြောပြလေ၏။ ဧည့်သည်ဖြစ်သူကလည်း ဖြစ်ပျက်သမျှအားလုံးစုံကို ကလေးတို့၏မိခင်အား ပြောပြ လေ၏။ ထိုအခါကလေးတို့၏ မိခင်က ကျမသည် စက်ချုပ်အတတ်၌ ပထမတန်းကျွမ်းကျင်သူဖြစ်သော်လည်း မည် သူမျှ မငှါးရမ်းသဖြင့် အလုပ်လက်မဲ့ဖြစ်၍ ဒုက္ခနှင့်ရင်ဆိုင်နေရပါသည်ဟု ထုတ်ဖော်ပြောလေလျှင် ဧည့်သည်မိန်းမ ကြီးက ဦးထုတ်ချုပ်တတ်သလားဟု မေးလေ၏။ ကလေးတို့၏အမေကလည်း ထိုအလုပ်ကိုလုပ်ဖူးသဖြင့် ကျွမ်းကျင် ကြောင်းပြန်ပြောလေ၏။ ထိုအခါ ဧည့်သည်မိန်မကြီးကဆက်၍ပြောသည်မှာ ဤယနေ့ ယေဇူး၏ရွှေနှလုံးတော် သည် ကျမတို့နှစ်ဦးစလုံး၏အပေါ်တွင် အမှန်ပင်သနားတော်မူ၏။ ကျမသည် အထည်ဆိုင်ရှင်ဖြစ်ပါသည်။ ဦးထုပ် ချုပ်ခြင်းအလုပ်ကို ကြီးကြပ်လုပ်သောအလုပ်သမားတစ်ယောက်သည် နက်ဖြန်ထွက်တော့မည်ဖြစ်ပါသည်။ ထိုသူ နေရာကို အစားသွင်းရန် လူရှာမတွေ့သဖြင့် အခက်အခဲကြုံနေ၍ ကျမယုံကြည်အားထားထိုက်သူတစ်ဦးကို ညွှန် ကြားပေးပါရန် ရွှေနှလုံးတော်ထံသို့ သွားရောက်ဆုတောင်းနေစဉ် သင့်ကလေးများ၏ဆုတောင်းသံကိုနားညောင်း လျက်၊ သူတို့၏အလိုကိုဖြည့်ဆည်းပေးရန် ကျမအားခွင့်ပြုတော်မူလေသည်။ ဤသို့ပြုခြင်းဖြင့်လည်း ရွှေနှလုံးတော် သည် ကျမ၏တောင်းလျှောက်ခြင်းကို နားညောင်းတော်မူလေသည်။ ထိုအခါ ကလေးတို့၏မိခင်သည် သေးငယ် သောဖယောင်းတိုင်ကလေး ထွန်းညှိထားရာယေဇူးရွှေနှလုံးတော်ပလ္လင်ဘက်သို့ လှည့်၍၊ အိုယေဇူး၏ရွှေနှလုံးတော် တပည့်တော်မသည် ကိုယ်တော်အား မပျက်မကွက်ပဲ အမြဲယုံကြည်အားကိုးပါတော့မည်ဟု ဖြည်းညင်းစွာမြွက်ဆို လိုက်လေတော့သည်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 1 =