ဇွန်လ(၉) #စိန့်ဂျိုးဇက်ဒယ်ရှဲယ်တာပွဲနေ့ ( St. Joseph De Anchieta, SJ)

ဇွန်လ(၉) #စိန့်ဂျိုးဇက်ဒယ်ရှဲယ်တာပွဲနေ့ ( St. Joseph De Anchieta, SJ)
စိန့်ဂျိုးဇက်ဒယ်ရှဲယ်တာကို “ဘရာဇီးနိုင်ငံ၏ တမန်တော်” အဖြစ် လူသိများသည်။ သူသည် ၁၅၃၄-ခုနှစ်၊ မတ်လ ၁၉ရက်နေ့တွင် စပိန်နိုင်ငံ ချမ်းသာသည့် မိသားစုမှ မွေးဖွားခဲ့ပြီး မောင်နှမ ၁၀ဦးတွင် ၃ဦးမြောက်ဖြစ်သည်။ သူသည် ပေါ်တူဂီနိုင်ငံရှိ ကိုအင်ဗရာသက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ ထိုအချိန်က အာရှတိုက်တွင် သာသနာပြုခဲ့ကြသည့် စိန့်ဖရန်စစ်ဆေးဗီးယားနှင့် ဂျက်ဇွစ်အသင်းသားများ၏ အတွေ့အကြုံများကို စိန့်ဖရန်စစ်က စာပုံမှန်ရေးသားခဲ့သည်။ ထိုစာအုပ်သည် ဥရောပတစ်ခွင်လုံးရှိ လူငယ်များအကြား အထူးလွမ်းမိုးနေခဲ့သည်။ ထို့ကြောင့် သာသနာပြုရန် စိတ်အားထက်သန်သည့် ဂျိုးဇက်ဒယ်ရှဲယ်တာသည် ပေါ်တူဂီနိုင်ငံရှိ ဂျက်ဇွစ်အသင်းဂိုဏ်းသို့ ၁၅၅၁တွင် ဝင်ရောက်ခဲ့၏။ သူ၌ ခါးနာသည့်ရောဂါရှိသော်လည်း ၁၅၅၃-ခုနှစ်တွင် ဘရာဇီးနိုင်ငံ တတိယကြိမ်မြောက် ဂျက်ဇွစ်သာသနာပြုအဖြစ် စေလွှတ်ခြင်း ခံရသည်။

#လူရိုင်းများအကြားတွင်သာသနာပြုခြင်း

စိန့်ဂျိုးဇက်ဒယ်ရှဲယ်တာသည် သူရောက်ရှိသည့်နေရာရှိ ဒေသခံများ၏ စကားကို အချိန်အတိုအတွင်း တတ်မြောက်ကာ နောက်ပိုင်း၌ ထိုဒေသခံစကား (တူပီ-ဂူအာလာနီ)၏ ပထမဆုံး သဒ္ဒါစာအုပ်ကို လာတင်အသံဖြင့် ရေးသားခဲ့သည်။ သူအသက်ဆုံးသည်အထိ နှစ်ပေါင်း ၄၄နှစ်တိုင်အောင် ဘရာဇီးနိုင်ငံတစ်ဝှမ်း လှည့်လည်သွားလာကာ ဇွဲအပြည့်ဖြင့် သာသနာပြုခဲ့သည်ဖြစ်သည်။ နှစ်ပေါင်း ၄၄ နှစ်တွင် ၄၀နှစ်မှာ အများပိုင်း ခရီးသွားလာခြင်းဖြင့်သာ ကုန်လွန်စေခဲ့သည်။ (လူရိုင်းများအဖြစ် အသိများသည့်) တောထဲတွင်နေကြသည့် ဒေသခံအင်ဒီယန်းလူမျိုးများကို ကာကွယ်စောင့်ရှောက်သူ လည်းဖြစ်သည်။ သူသည် ဒေသခံတို့၏ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်၏။ ထို့ကြောင့် ဒေသခံများနှင့် အစိုးရအကြီးအကဲများက သူ့ကို အားကိုးကြသည်။

ယခင်က နေရာအတည်တကျမနေဘဲ တောလိုက်ပြီး လှည့်လည်သွားလာ နေထိုင်ကြသည် ဒေသခံလူရိုင်းများကို စိုက်ပျိုးနည်းစနစ်၊ ကုန်သည်နည်းနှင့် အခြားလိုအပ်သည့် ပညာမျိုးစုံကို သင်ပေးခဲ့လျက် တစ်နေရာတည်း၌ အတိတကျ နေထိုင်ကြရန် အားပေးခဲ့ကြသည်။ ထိုအချိန် အခက်အခဲဆုံး တစ်ခုမှာ လူရိုင်းအချင်းချင်း သတ်စားသည့် ဓလေ့ကို ဖျက်စီးခြင်းဖြစ်သည်။ ဒေသခံပြည်သူများကို စာသင်ကြားပို့ချပေးခြင်းနှင့် ဆေးကုသပေးခြင်းများကို ကြိုးစား လုပ်ဆောင်ခဲ့သည်။ သို့သော် သူနှင့်အတူ သာသနာပြုသည့် ဂျက်ဇွစ်တစ်ပါးက သူ့ကို ရက်ရောလွန်းသည်ဟု အပြစ်တင်သော်လည်း အခြားတစ်ပါးကမူ သူ့ကို ယုံကြည်ခြင်းအားကြီးသူ၊ ဇွဲရှိသူ၊ နှိမ့်ချသူဖြစ်ပြီး လူအများ၏ ချစ်ခြင်းကိုလည်း ခံရသူအဖြစ် ချီးမွမ်းခဲ့သည်။

၁၅၇၇ - ၁၅၉၅ ခုနှစ်အတွင်း ထိုဒေသတွင် သာသနာပြုသည့် ဂျက်ဇွစ်များ၏ အကြီးအကဲတာဝန် ကျန်းမာရေး အားနည်းသည့်ကြားမှ ကြိုးစားထမ်းဆောင်ခဲ့သည်။ အကြီးအကဲ တာဝန်မှ အနားယူပြီးနောက် သူ့အခြားကျေးရွာတွင် တာဝန်ထမ်ဆောင်နေစဉ် ဘရာဇီးနိုင်ငံရှိ ဂျက်ဇွစ်အသင်း၏ သာသနာပြုမူ သမိုင်းကို စတင်ရေးသားခဲ့သည်။ “ကျွန်တော်က ဓမ္မအာဇာနည်းအဖြစ် အသတ်ခံရဖို့ မထိုက်တန်းသော်လည်း ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်ကို ကျွန်တော့် ညီအစ်ကိုတွေအတွက် တောတောင်တစ်ခုမှာပဲ သေပါရစေ။ ကျွန်တော် ကိုယ်ခန္ဓာကတော့ တော်တော်အားနည်းပေမယ့် ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေက ကျွန်တော့်အတွက် လုံလောက်ပါတယ်” ဟု ဖာသာရ်ဂျိုးဇက်ဒယ်ရှဲယ်တာ ရေးခဲ့သည်။

#စာပေအရေးအသားနှင့်မြို့များတည်ထောင်ခြင်း

ဖာသာရ် ဂျိုးဇက် ဒယ်ရှဲယ်တာ ၁၅၆၄-ခုနှစ်တွင် ဆာအိုဗာအိုလို (Sao Paolo)မြို့ကို တည်ထောင်ခဲ့သည်။ ထိုအပြင် ဖာသာရ် နိုပရာဂါ Fr Nobrega (အစိုရ၏အကြီးအကဲနှင့် အမျိုးတော်သူ)တို့ ပူးပေါင်းကာ ၁၅၆၇ခုနှစ်တွင် ရီအိုဒယ်ဂျနီရို (Rio de Janeiro)ကို စတင်တည်ထောင် ခဲ့ကြသည်။ ထို့အပြင် ဖာသာရ် ဂျိုးဇက်ဒယ်ရှဲယ်တာ ရေးသားခဲ့သည့် အခြားစာအုပ်များမှာ religious drama, Universal preaching, Dialogues of the faith ( a major catechism for the instruction of the Indians in Christian doctrine), The grammar of the language, Tupi စသည့်တို့ဖြစ်သည်။ ဒေသခံ တာမိုယို အင်ဒီယန်းလူမျိုးများအကြား ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်နေစဉ် ၅လကြာမျှ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထိုဒေသခံများ ငြိမ်းချမ်မှုရပြီနောက် Blessed Virgin Mother of God Mary ကဗျာစာအုပ်ကို ရေးသားခဲ့သည်။ ဖာသာရ် ဂျိုးဇက်ဒယ်ရှိယ်တာသည် သူ၏သာသနာပြုလုပ်ငန်းတွင် မောပန်းလွန်းသဖြင့် ၁၅၉၇ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ သူ့ကို ဒုတိယမြောက် ပုပ်ရဟန်းမင်း ဂျွန်ပေါ်က သူတော်စင်အဖြစ် ၁၉၈၀ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် တင်မြှောက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၄ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် “ဘရာဇီးနိုင်ငံ၏ တမန်တော်” ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။

ရဟန္တာ ဂျိုးဇက် ဒယ်ရှဲယ်တာ၊
ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။
အာမင်။

✍️ထန်းဟာ,SJ
Ref: Jesuits in Britain (Jesuit.org.uk) & Crisis Magazine

 

Add new comment

3 + 3 =