ဇွန်လ(၈)#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ()#နှိမ့်ချတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ငါ့သား၊ ငါ၏ရွှေနှလုံးတော်ကျောင်းသို့လာ၍ သင့်အားငါဝေငှလိုသော သင်္ခန်းစာများကိုသင်ကြားပါလော့။ ငါသည် နူးညံ့သိမ်မွေ့နိမ့်ချသောနှလုံးရှိသည်ကိုငါ့ထံ၌သင်ကြားပါလော့။ နိမ့်ချခြင်းကြောင့်သာလျှင် အထက် ကောင်းကင်မှ ဗက်သလေဟိမ်နွားစားခွက်သို့ ငါဆင်းလာခဲ့၏။ ငါ၏ဖွားမြင်ခြင်းသည် မထင်မရှား၊ သိမ်ငယ်လှသ ဖြင့် ကောင်းကင်တမန်တော်များက မကြေငြာခဲ့ပါလျှင် ဤလောကသို့ငါဆင်းကြွလာသည်ကိုပင် လူတို့တွင်တစ်ဦး တစ်ယောက်မျှ သိနိုင်မည်မဟုတ်ပေ။ ငါ၏ဖွားမြင်ခြင်းတွင် အဦးဆုံးသောနန်းတွင်းသူ နန်းတွင်းသားများကား သိုးထိန်းများဖြစ်ကြသတည်း။ ငါ၏စစ်တပ်၌ကား ဆင်းရဲသားတံငါ (၁၂)ယောက်သာရှိ၏။ ငါ၏နန်းတွင်းကား သေး ငယ်သောရွာကလေး၌ သေးငယ်သောအိမ်ကလေးပင်ဖြစ်သည်။ ငါ၏သာသနာကိုစတင်ဟောပြောသောအခါ၌ နာ ဇရက်မှ ကောင်းသောအရာတစ်စုံတခုမျှ ဖြစ်လာနိုင်သလားဟု မခန့်မညားအမေးခံခဲ့ရ၏။ ငါ၏ယဇ်ပလ္လင်ကား ကာလ်ဝါရီတောင်ပေါ်မှ ကရုစူးတံကျင်ပင်ဖြစ်လေ၏။

ငါ၏အသက်တာပြောင်းလဲပုံတိုင်း၌ နှိမ့်ချခြင်းသည် အလွန်ထင်ရှားခဲ့၏။ သင်သည်ဤသင်္ခန်းစာများကို သင် ကြားနိုင်ပါသလား။ စိတ်မြှင့်ခြင်းနှင့် အချီးနှီးဝါကြွားခြင်းများကို အောင်မြင်အောင်တိုက်ခိုက်ပါလော့။ မိမိကိုယ်ကို အ ထင်ကြီးခြင်းစိတ်ကိုဖိနှိပ်ပါလော့။ သင့်အကြောင်းနှင့်သင့်အားအရေးယူ ဂရုပြုစေသောအကြောင်းကိုပြောဆိုခြင်းမှ ရှောင်ကြည်ပါလော့။ ဤသို့ပြုပါလျှင်၊ ငါသည်ဤလောကသို့ဆင်းလာ၍ ငါသင်ကြားသောသင်ခန်းစာကို သင်သည် သင်ယူပေလိမ့်မည်။

ချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်၏နှလုံးကိုကိုယ်တော်၏နှလုံးနှင့်တူအောင်ပြုတော်မူပါ။ ကိုယ်တော်၏ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်စေရန် နူးညံ့သိမ်မွေ့ခြင်းနှင့် နိမ့်ချထြင်းကိုသင်ကြားပေးတော်မူပါ။

ကျင့်ရန်။ ။ ယနေ့၌ စိတ်မြင့်ခြင်းကို အောင်မြင်ဖို့ အခွင့်အရေးများကိုရှာဖွေရန်။

ဆုတောင်း။ ။ သိမ်မွေ့နူးညံ့နိမ့်ချခြင်းနှင့် ပြည့်စုံတော်မူသောယေဇူး၊ ကျွန်ုပ်၏နှလုံးကို ကိုယ်တော်၏ရွှေနှလုံး တော်နှင့်တူအောင်ပြုတော်မူပါ။

ဥပမာပုံပြင်။

ကြောက်မက်ဖွယ်ရာ ဥပဒ်ဘေးကြီးသည် ထွီဘက်မြို့၌ဆိုက်ရောက်လေ၏။ ခဏကလေးမျှသတိပေးရန် အချိန်မရလိုက်ပဲ စစ်တပ်ဆောက်လုပ်ထားသော ကျောက်ဆောင်တပိုင်းသည် ကွဲအက်၍လွှင့်စင်ကာ အောက်ဖက် ရှိလမ်းပေါ်သို့ကျရောက်သဖြင့်၊ အိမ်များပျက်စီးပြီးလျှင် အိမ်သူအိမ်သားတစ်ယောက်မျှ ချမ်းသာမရချေ။

လူများသည် မြှုပ်နေသောသူများကိုတူးဖော်ရန် ကြိုးစားကြလေသည်။ ရက်သတ္တပတ်ကုန်လွန်သွားသော် လည်း သူတို့သည် တူးဖော်တုန်းပင်ရှိကြသေး၏။ ထို့နောက်ကျောက်အခေါင်းထဲမှ ကြောင်တစ်ကောင်ထွက်လာ သည်ကိုတွေ့သောအခါ တွေ့သောသူက အဖော်သားများဘက်သို့လှည့်၍ ထိုနေရာကို တူးကြရအောင်။ ကြောင် သည် မသေပဲရှင်လျှက်ရှိနေလျှင် တစ်ချို့သောသူများသည်လည်း အသက်ရှင်လျှက်ရှိကောင်းရှိကြပေလိမ့်မည်။ သူ တို့သည် ထိုသူပြောသည့်အတိုင်း ဆကလက်တူးသွားကြရာ သတိမရှိသော်လည်း အသက်ရှူနေသေးသောလူတစ် ယောက်ကိုတွေ့ကြလေသည်။

တခဏမျှကြာပြီးနောက် ထိုသူသည် မိမိမျက်စိကိုဖွင့်၍ ရဟန်းကိုအပင့်ခိုင်း၏။ ရဟန်းရောက်လာသောအခါ အာပတ်ဖြေ၍ စက္ကရမင်တူးများကို ခံယူသည့်နောက် လူနာကပြောသည်မှာ၊ ဘုရားသခင်သည် ကျွန်တော့ကို ကယ် ဆယ်၍ ဤကဲ့သို့ကျေးဇူးများပေးခြင်းကား၊ လွန်ခဲ့သည့်လကပင် ပထမသောကြာ ()ပတ်ပြည့်အောင် ကိုယ်တော် မြတ်ပင့်ယူခဲ့သောကြောင့် ဖြစ်ပါသည်ဟုပြောလေ၏။ ခဏအတွင်း၌ သူ၏ဝိညာဉ်သည် ရွှေနှလုံးတော်အားကျေးဇူး တင်ရန်အလို့ငှါ အထက်သို့တက်သွားလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

2 + 6 =