ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော်

ဇွန်လ(၃၀)#သေမင်းကိုအောင်မြင်တော်မူသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ကာလ်ဝါရီတောင်ပေါ်မှာ ငါ၏နှလုံးလှုပ်ရှားခြင်းရပ်စဲသွားသောအခါ ငါ၏ရန်သူများသည် အလွန်ဝမ်းမြောက်ဝမ်းသာရှိကြကုန်၏။ အဘယ့်ကြောင့်ဆိုသောါ ငါ့ကိုကွက်မျက်ကြပြီးလျှင် နောက်အမှတ်မရနိုင် အောင် ဖျောက်ဖျက်လိုက်ကြပြီဟု ထင်မှတ်ကြသောကြောင့်တည်း။ ငါ၏မိတ်ဆွေများပင် ငါ၏နိုင်ငံတော်သည်ပျက် စီး၍ အဆုံးသို့ရောက်ပြီဟု ထင်မှတ်ကြသဖြင့် ဝမ်းနည်းခြင်းနှင့်ကရူးစူးတံကျင်မှ ထွက်ခွာသွားကြကုန်၏။ ယနေ့မှာ မူကား ငါ၏နှလုံးတော်သည် တဖန်လှုပ်ရှားလျက်ပင်ရှိသည်။ အကြောင်းမူကား ငါသညသေမင်းကိုနိုင်နင်းအောင် မြင်တော်မူ၍ ရှင်မြန်ထမြောက်တော်မူပြီ။

ငါ့သား၊ သင်သည်လည်းငါ့နောက်သို့လိုက်လိုလျှင် ဝမ်းနည်းခြင်းများ၊ အခက်အခဲများ၊ ဆင်းရဲဒုက္ခများနှင့် စုံ စမ်းခြင်းများကိုတွေ့ရပေလိမ့်မည်။ ထိုအခါသင်၏ကြံရွယ်ခြင်းအတိုင်း အထမမြောက်သည်ကိုသိလာ၍ သင်အသက်ကိုပင်ဆုံးရှုံးရသကဲ့သို့ စိတ်ပျက်ခြင်းဖြစ်လာလိမ့်မည်။ ဤကဲ့သို့စိတ်ပျက်အားလျော့ခြင်းအချိန်နာရီ၌ ငါသည် ဆုံးရှုံးခြင်းကိုအောင်မြင်ခဲ့ကြောင်းသတိရပါလော့။ သင်၏အတသက်တာအတွင်း၌ တွေ့ကြုံရသောစုံစမ်းခြင်းများ ဝမ်းနည်းခြင်းများနှင့် သ်င၏အပြုအမူအားလုံးကို ယူ၍ ငါ၏ရွှေနှလုံးတော်၌ ထည့်သွင်းပါလော့။ ၎င်းတို့သည် ငါ၏နှလုံးတော်နှင့်ပေါင်းစပ်လျက်ရှိသည်ဖြစ်ရကား သေချိန်အခါ၌ သန့်ရှင်းပြီး သားဖြစ်၍ ထာဝရချမ်းသာကိုရရှိရန်အတွက် သေချိန်အခါ၌ သန့်ရှင်းပြီးသားဖြစ်၍ ထာဝရချမ်းသာကို ရရန်အတွက် အောင်မြင်ခြင်းသို့ရောက်သည်ကို သင်တွေ့မြင်ရပါလိမ့်မည်။

ကောင်းကင်ဘုံသို့သွားရန် လမ်းကား မတ်စောက်၍ ကျည်းမြောင်း၏။ သို့ရာတွင် ထိုလမ်းတလျှောက်၌ တွေ့ ရလတ္တံ့သော ဆင်းရဲဒုက္ခအခက်အခဲ အမျိုးမျိုးကိုခုခံပယ်လှန်နိုင်၍ အောင်ခြင်းရလျက် ငါ၏နှလုံးတော်ထံသို့ရောက် သည့်တိုင်အောင် ငါ၏ဒဏ်ရာတော်များမှ ထွက်သောအလင်းရောင်များအားဖြင့် အလင်းကိုသင်အားပေးလျက်ရှိ၏။

အိုချစ်ဖွယ်လှသောယေဇူး၊ တပည့်တော်သည် ကိုယ်တော်၏ခြေတော်ရင်း၌ ဒူးထောက်လျက်နေစဉ် တပည့် တော်တသက်တာအတွင်းမှာ အချိန်ရှိသမျှကို ကိုယ်တော်၏ရွှေနှလုံးတော်အား အပ်နှံပူဇော်ပါသည်။ တပည့်တော် သည် ဆုံးရှုံးခြင်း၏အောင်မြင်ပွဲကို ဆင်နွဲနိုင်ရန် ကောင်းကြီးပေးတော်မူပါဘုရား။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသောယေဇူး၏ရွှေနှလုံးတော်အား သွား ရောက်ဖူးမျှော်၍ ကိုယ်တော်အား တည်တည်မြဲမြဲအစေခံနိုင်ရန်။

ဆုတောင်း။ ။ ရွှေနှလုံးတော်အား ကာလအဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော။

ဥပမာပုံပြင်။

သနားခြင်းသီလရှင်ဂိုဏ်း၏ ဆေးရုံရှိအခန်းများ၏နံရံပေါ်သို့ ဝင်လုဆဲဆဲရှိသောနေ၏လှပသော အလင်း ရောင်ခြည်တို့သည် ဖြာဆင်းလျက်ရှိ၏။ သနားစရာကောင်းသော အမယ်အိုကြီးတယောက်သည် လဲလျောင်းနေ၏။ သူနာပြု စစ္စတာရ်တပါးက သူ၏အိပ်ယာနား၌ထိုင်၍ အစဉ်ငြိမ်သက်ခြင်းရှိသောမျက်နှာကိုကြည့်လေ၏။ လူနာ သည် မိမိမျက်လုံးကိုဖွင့်လိုက်သောအခါ စစ္စတာရာရ်ကိုကြည့်၍ပြုံးပြီးလျှင် စစ္စတာရ်၊ ကျွန်မကိုစောင့်နေတုံးပဲလား ဟုမေးလိုက်၏။ စစ္စတာရ်က ဟုတ်တယ်။ ကျွန်မသည် ဘုရားသခင်၌ သင်၏ထူးဆန်းအံ့သြဖွယ်ရာ ယုံကြည်ကိုးစား ခြင်းအကြောင်းကို စဉ်းစားနေတယ်ဟု ဖြေလိုက်၏။ ထိုအခါ လူနာက စစ္စတာရ်၊ ကျွန်မသည် ဘုရားသခင်၌ ဤမျှ ယုံကြည်ကိုးစားခြင်းကို အဘယ်သို့ရရှိကြောင်း၊ စစ္စတာရ်မှာ နားထောင်ဖို့အချိန်ရှိပါလျှင် ပြောပြပါမည်ဟုပြောလေ ၏။ စစ္စတာရ်က ကောင်းပါပြီး၊ ကျွန်မနားထောင်ချင်ပါတယ်ဟု ဖြေလိုက်သောအခါ လူနာက ကျွန်မငယ်စဉ်က ကျွန်မတို့သည် မိန်းအရပ်၏ မြောက်ဖက်ရှိသေးငယ်သောရွာတရွာ၌ နေကြပါသည်။ ဤအရပ်၌ ကက်သလစ်ဘာ သာအိမ်ထောင်သုံးအိမ်သာရှိ၍ ဘုရားကျောင်းမရှိပါ။ ရဟန်းကတလတခါသာလာ၍ ကျွန်မတို့အိမ်၌ မစ္ဆားဟောပါ သည်။ မစ္ဆားဟောမည့်အတွက်ကြောင့် ကြီးကျယ်စွာပြင်ဆင်ပါသည်။ ကျွန်မတို့ကလေးများအတွက် အစဉ်ဝမ်း မြောက်ဖွယ်ရာဖြစ်ပေသည်။ ကျွန်မသည် အစ်မနှင့်အတူအလှပဆုံးသော တောပန်းကလေးများကို ခူး၍၊ မြင့်မြတ် လှသောကောင်းကင်ဘုံမှဧည့်သည်တော်အတွက် အခန်းကိုလှပစွာတန်ဆာဆင်ကြပါသည်။ ရဟန်းတော်သည် အ လွန်ကြင်နာခြင်းရှိ၍ ကျွန်မတို့ကလေးများကို ချစ်ခင်လေသည်။ သူသည် ကျွန်မတိုိ့ကိုသေးငယ်သောလက်ဆောင် ကလေးများပေးသဖြင့်ကျွန်မတို့အားလုံးအလွန်ဝမ်းမြောက်ကြပါသည်။ တနေ့သောအခါရဟန်းသည် ရွှေနှလုံးတော် ရုပ်ပုံကလေးကိုတစ်ခုစီပေး၍မြင့်မြတ်တော်မူလှသောယေဇူး၏ရွှေနှလုံးတော် ကျွန်ုပ်သည်ကိုယ်တော်အားယုံကြည် ကိုးစားလျှက်ရှိပါသည် ဟူသော မေတ္တာတိုကလေးကို သင်ပေးပါသည်။ ကျွန်မအသက်(၆)နှစ်ရှိသောအခါ အစ်မနှင့် အတူကျောင်းသို့လိုက်သွားပါသည်။ ကျောင်းသို့သွားသောလမ်းသည် မြစ်ကမ်းနားသို့လျှောက်သွားရ၏။ ၎င်းမြစ်၌ ကား သစ်တုံးတချို့မျှောနေ၏။ မေမေက ၎င်းသစ်တုံးများပေါ်၌ကစားဖို့အခွင်မပေးချေ။ ကျွန်မလည်းမိခင်၏စကား ကိုနားထောင်ပါသည်။ သို့သော်တနေ့တွင် သစ်တုံးများပေါ်တွင်မြစ်ကိုဖြတ်ကူးလိုသောစိတ်ဖြစ်ပေါ်လာ၏။ ကျွန်မ ကို မမက မကူးရန်တားမြစ်ပါသည်။ ကျွန်မကငြင်းဆန်၍နေ၏။ ကမ်းမှအနည်းငယ်အလှမ်းကွာသွားသောအခါ ကျွန်မနင်းထားသောသစ်တုံးသည် တခြားသစ်တုံးများမှကွဲထွက်သဖြင့် ခြေချော်သွားပြီး မြစ်ထဲသို့နောက်ပြန်လဲကျ သွားပါသည်။ မြစ်ထဲသို့ကျသွားသော်လည်း ကျွန်မ၏ဆံပင်ရှည်များက သစ်သားမှာငြှိနေ၍ ကျွန်မသည်ပေါလော ပေါ်နေသည်။ ထိုအခါကျွန်မစိတ်ထဲတွင် အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်သည် ကိုယ်တော်အားယုံကြည်ကိုးစားခြင်းရှိပါသည်။ ဟု ရွတ်ဆိုမိ၏။ ချက်ချင်းပင်သခင်ဘုရား၏လက်တော် သည်ကျွန်မအားဘေးကင်းစွာထိန်းသိမ်းထားသည်ဟုအောက်မေ့၍ ကြောက်ရွံ့ခြင်းလုံးဝပျောက်ကွယ်သွားလေ၏။

ကျွန်မအစ်မမူကား အဘယ်သို့ပြုလုပ်ရမည်မသိ၊ ကမ်းပါး၌မကြံမဖန်တတ်ပဲ အော်ဟစ်ပြေးလွှားနေသော် လည်း၊ အနီးအနား၌ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိချေ။ ကျွန်မလည်းဆည်တမံအထိ အစဉ်အတိုင်း မျှောသွား၏။ ထိုနေရာသို့ရောက်သောအခါ အံ့သြဖွယ်ရာဖြစ်သည်ကား သစ်တုံးသည်ကမ်းဖက်သို့ဦးလှည့်လာသ ဖြင့် မမက သစ်တုံးကိုဖမ်းဆွဲထားလေသည်။ ထို့နောက် ကျွန်မကိုကမ်းပေါ်သို့ဆွဲတင်လိုက်သဖြင့် အသက်ချမ်းသာ ရပါသညါ။ သည်အဖြစ်အပျက်ကိုမေမေသိသော်လည်း ကျွန်မကိုဒဏ်မပေးပါ။ အကြောင်းမူကား မေမေက ကျွန်မသည် ၎င်းသင်ခန်းစာကိုသင်ရပြီဟုထင်ရသေကြောင့်ဖြစ်သည်။ ရဟန်းတော်တဖန်ကြွလာသောအခါ ရွှေနှလုံးတော်ကြောင့် ကျွန်မဘေးမှလွှတ်မြောက်ရကြောင်းကိုပြောပြလေ၏။ ရဟန်းသည် ကျွန်မကိုကောင်းကြီး ပေးရန် ခေါင်းပေါ်သို့လက်တင်သောအခါ ကိုယ်တော်၏တည်ကြည်ကြင်နာစွာ ပြောသောစကားကို ကျွန်မဘယ် တော့မှမမေ့နိုင်ပါ။ ၎င်းစကားကား သမီးကလေး၊ ရွှေနှလုံးတော်၌အမြဲယုံကြည်ကိုးစားခြင်းရှိပါ။ ဤသို့လျှင် သင်၌ ကြောက်စရာဘာမျှမရှိဟုဆိုလေ၏။

ထိုအချိန်ကစပြီး ကျွန်မ၌ ဒုက္ခဝမ်းနည်းခြင်းများစွာရှိပါသည်။ သို့သော် ယေဇူးရွှေနှလုံးတော်ကိုကိုးစားခြင်း တစ်ခါမျှမပျက်ကွက်ခဲ့ပါ။ ကျွန်မတွေ့ကြုံသောဒုက္ခစုံစမ်းခြင်းတို့၌ ကာကွယ်စောင့်ရှောက်တော်မူသော သခင်ဘုရား ၏ ရွှေလက်တော်ကိုတွေ့ရှိပါသည်ဟု ပြောပြလေ၏။

အမယ်အိုလူနာသည် မိမိ၏အကြောင်းကို ပြောပြ၍ဆုံးသောအခါ အခန်းထဲ၌မိနစ်အနည်းငယ်မျှ တိတ် ဆိတ်နေ၏။ ထို့နောက် ဘုရားကျောင်းကလေးမှ ဆိုလိုက်သောအောက်ပါသီချင်းသံကလေးသည် ဖွင့်ထားလျက် ရှိသောပြတင်းပေါက်ကိုဖြတ်ကျော်၍ သူတို့ထံရောက်ရှိလာ၏။

သီချင်းကား။ ။ ကျွန်ုပ်ကယ်တင်ရှင်နှလုံး၊ ကျွန်ုပ်မိတ်ဆွေ၏နှလုံး၊ ကိုယ်တော်သည် မိမိလူများကို အဆုံးတိုင် ချစ်တော်မူ၏။ အမြဲသစ္စာရှိသောနှလုံး၊ အမြဲမှန်ကန်သောနှလုံး။ ကိုယ်တော်အား အစဉ်အမြဲ၊ ချစ်ခင်ကိုးကွယ်နိုင် ကြပါစေသော်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 3 =