ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။

ဇွန်လ(၂၉)#ရွှေနှလုံးတော်၏မေးခွန်း။

ငါ့သား၊ တနေ့သ၌ ယာကုပ်နှင့်ယောဟန်တို့၏ မိခင်သည်ငါ့ထံသို့ချည်းကပ်၍ ဆရာတော်ဘုရား၊ ကိုယ်တော်၏နိုင်ငံတော်၌ တပည့်တော်၏သားနှစ်ယောက်ကို လက်ျာဘက်မှာ တစ်ယောက်၊ လက်ဝဲဘက်မှာတစ် ယောက် ထိုင်အံ့သောငှါ အမိန့်ရှိတော်မူပါဟု လျှောက်၏။ ဤသည်ကားမိမိသားသမီးများကို ချစ်တတ်သော မိခင် ဖြစ်သူ၏ တောင်းပန်လျှောက်ထားချက်ဖြစ်သတည်း။ သို့သော်လည်း အဘယ်အရာတောင်းသည်ကိုနားမလည်ချေ။ ငါကလည်းစိတ်ဇွဲထက်သန်သော တမန်တော်နှစ်ပါးအား ငါသောက်လတံ့သော ကာလစ်ခွက်ကို သင်တို့သောက် နိုင်ကြပါ၏လောဟု လျှောက်၏။

ထိုနည်းတူငါ့သား၊ ယေဇးကိုယ်တော်က ငါသောက်လတ္တံ့သောခွက်ကို သင်သောက်နိုင်သလားဟု သင့်အား ယခုမေးလေ၏။ အဖြေမပေးမှီ ခေတ္တဆင်ခြင်စဉ်းစားပါလော။ သင်သည် ဤလောက၌ငါ့နည်းတူ မထင်မရှားနေ ထိုင်ရပေမည်။ ဤကဲ့သို့သောအနေအထိုင်မျိုးကို လောကီသားတို့က ရွံ့ရှာမုန်းထားကြ၏။ ရုပ်ဝါဒကိုလိုက်စားသော သူတို့ကလည်း အသုံးမကျသကဲ့သို့ယူဆကြကုန်၏။ ဤအချိန်များသည်ကား နာဇရက်မြို့၌နေ၍ သူတပါးကိုမမြင် မတွေ့ မနှစ်သက်သောအလုပ်များကိုလုပ်နေရသည့်အချိန်များဖြစ်ကြ၏။ ဤကဲ့သို့နေထိုင်ခဲ့သည်မှာ သင်တို့အား ပုံစံပေးရန်ဖြစ်သတည်း။ သို့ဖြစ်၍ ငါသောက်သောကာလစ်ခွက်ကို သင်သောက်နိုင်ပါမည်လော။ ခြိုးခြံခြင်းအမှုများ ကိုငါနှင့်အတူ ရက်ရောသောနှလုံးဖြင့်ပူဇော်ရန် အသင့်ရှိပါ၏လော။

သို့ဖြစ်သောကြောင့် ငါ့သား၊ ငါ၏ကာလစ်ခွက်၌မည်သည့်အရာပါရှိသည်ကို ယခုသင်သီလေပြီ။ ငါ့အတွက် ကြောင့်ဤကာလစ်ခွက်ကိုသောက်နိုင်ပါမည်လား။

အိုချစ်ဖွယ်လှသောယေဇူး၊ သံမှိုများနှင့်ရိုက်နှက်ခြင်းခံရသောကိုယ်တော်၏ လက်တော်မှ ဤကာလစ်ခွက် ကိုခံယူရန်တပည့်တော်သည် ဝမ်းမြောက်ဝမ်းသားစိတ်ကြည်သာစွာနှင့် ကိုယ်တော်၏ရှေ့မျက်မှောက်၌ ဒူးထောက် ပါသည်။ ကိုယ်တော်အားတပည့်တော် ခံထမ်းနိုင်သည်ထက်ပိုမို၍ မည်သည့်အခါမျှခံထမ်းစေမည်မဟုတ်ကြောင်း ကို တပည့်တော်အသိပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ယာကုပ်နှင့်ယောဟန်တို့နည်းတူ ဤကာလစ်ခွက်ကိုရက်ရောသော နှလုံးဖြင့်တပည့်တော်လက်ခံနိုင်ပါသည်ဟု အဖြေပေးပါသည်။ တမန်တော်နှစ်ပါးနည်းတူ ကိုယ်တော့ထံမှ တစ်ခုကို သာတောင်းလျှောက်ပါသည်။ ဤသည်ကားကိုယ်တော်၏ နိုင်ငံတော်နှင့် နီးကပ်စွာနေထိုင်ရန်ပင်ဖြစ်ပါသည်။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်၍ ဘုရားသခင်အား အစေခံခြင်း၍ သစ္စာတည်ခြင်းနှင့် ရက် ရောခြင်းရှိရန်ဆုတောင်းကြပါ။

ဆုတောင်း။ ။ အိုယေဇူး၏ရွှေနှလုံးတော် အားလုံး ကိုယ်တော်အတွက်ဖြစ်ပါသည်။

ဥပမာပုံပြင်။

ဂျွန်ရော့ခ်စ် သည် လျင်မြန်စွာလမ်းပေါ်သို့ဆင်းလာပြီး မိမိနာရီကိုတိုက်ရန် ဘုရားကျောင်းရှေ့၌ ခေတ္တရပ် လေ၏။ အချိန်အနည်းငယ်လိုသေး၍ ဘုရားသခင်ကောင်းကြီးကိုခံယူပြီး သူအလျှင်လိုသောကိစ္စသို့သွားမည်ဟု ဆုံးဖြတ်လိုက်၏။

ဤယနေ့သည်ကား ရွှေနှလုံးတော်ပွဲနေ့ဖြစ်၍ ဘုရားစင်ကား ဖယောင်းတိုင်များ၊ ပန်းများဖြင့် လှပစွာပြင် ဆင်ထားလျက်ရှိလေသည်။ တစ်နာရီကိုယ်တော်မြတ်ဖူးမျှော်ခြင်း ပြီးသွားပြီဖြစ်၍ သြဝါဒပေးရသောအချိန်ရောက် သဖြင့်တရားဟောပုဂ္ဂိုလ်က ကျွန်ုပ်တို့သည် ရွှေနှလုံးတော်၌လုံးလုံးယုံကြည်ကိုးစားခြင်းရှိရမည်။ အကြောင်းမူကား အားလုံးသောအရာတို့သ်ည သူ၌လုံခြုံ၏ဟု ဟောပြောလေ၏။ ဂျွန်သည် ကိုယ်တော်မြတ်ကောင်းကြီးဘင်သောင်ခံ ယူရန်အတွက် ဆက်လက်စောင့်နေလိုက်၏။ ထိုနောက်လျှင်မြန်စွာ ဘုရားကျောင်းမှထွက်သွာား၏။ အကြောင်း ကားအလုပ်ရရှိရေးအတွက် ဘဏ်အကြီးအကဲနှင့် ချိန်းထားသောအချိန်မှာ နောက်ကျသောကြောင့်ဖြစ်၏။

ဂျွန်သည်အပြင်ရုံးခန်းကိုဝင်လိုက်သောအခါ လူတယောက်စောင့်နေသည်ကိုတွေ့၍ ဝင်ခွင့်တောင်းပန်သော ကြောင့် ဝင်ခွင့်ရလေ၏။ အတွင်းရုံးခန်းပွင့်သွားသောအခါ ဘဏ်အကြီးအကဲသည်ရှေ့သို့တိုးလာလျက် အသက်အ ရွယ်ကြီးသောတခြားသူအားနှုတ်ဆက်၍ ဂျွန်ဘက်လှည့်ပြီးလျှင် မင်းနဲ့ချိန်းထားသောအချိန်ကားနောက်ကျလေပြီ။ ဘာများထောက်ခံလိုသလဲဟုမေးရာ ဂျွန်ကယောက်ျားပီသွာဖြင့်ပြန်ဖြေသည်ကား ကျွန်တော်ဘုရားကျောင်းသို့ ခဏကလေးဝင်မည့်အကြံနှင့် ဝင်ခဲ့ပါတယ်။ သို့သော်ကိုယ်တော်မြတ်ဖူးမျှော်ခြင်းရှိတာနှင့် မပြီးခင်ကျွန်တော်ထွက် မလာနိုင်ပါဟု ပြောလေ၏။ ဒါဖြင့်ရှင်းပြီ၊ ဒီနေရာမှာဘယ်ကက်သလစ်မှ အလုပ်ခန့်ဖို့အလိုမရှိဘူး။ မင်းသွားနိုင်ပြီဟု ပြောလေ၏။ ဂျွန်ကငြိမ်သက်စွာဖြင့်အဖြေပေးသည်ကား ကျွန်တော်တို့ဘာသာက အလုပ်နှင့်ပတ်သက်တာကို ကျွန် တော်မသိလိုက်ပါ။ ဘာသာတရားက ကျွန်တော်တို့အား ပို၍ဖြောင့်မတ်ခြင်းရှိရန်နှင့် သစ္စာရှိရန်သာ သင်ကြားပေးပါ သည်ဟု ဖြေလိုက်လေ၏။

ဂျွန်သည်ရုံးမှ လှည့်ထွက်မည်အပြုတွင် စောင့်နေသောသူတစ်ယောက်က ဂျွန်အား၊ ကျွန်တော်ခင်ဗျားရဲ့ လိပ်စာကိုလိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့ရဲ့အလုပ်အတွက် ခင်ဗျားကိုတနေ့နေ့၌အလိုရှိကောင်း ရှိပါလိမ့်မည်ဟု ပြောလေ၏။ ဂျွန်လည်းကျေးဇူးတင်ပြီးလျှင် သူ၏လိပ်စာကိုပေးလိုက်၏။ ဂျွန်သည်လွန်စွာစိတ်ပျက် ၏။ အင်အားချိနဲ့လျက်ရှိသောမိမိ၏ မိခင်အားပြန်မပြောရက်ချေ။ သို့သော်သူ့နှမကလေးကား သူ၏အရိပ်အကဲကို ခတ်နေ၏။ သူ၏ကိစ္စ၌အထမမြောက်ကြောင်းနားလည်လေ၏။ အကြောင်းအရာအလုံးစုံကို သိရှိကြသောအခါ မစ္စစ် ရော့ခ်စ်က ဖြည်းညှင်းစွာဖြင့် ယေဇူးရွှေနှလုံးတော်က တို့ကို အမှန်ပင်ပစ်ထားလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့နိုဗီနား ကား ယနေ့မနက်ပင်အဆုံးသတ်တယ်။ ရွှေနှလုံးတော်ပြုပြင်သမျှသည်အကောင်းကြီးဖြစ်၍ကျွန်ုပ်တို့ကို ကိုယ်တော့် အပေါ်၌ ယုံကြည်ခြင်းကိုးစားခြင်းရှိရမည်ဟု ပြောလေ၏။

နောက်တနေ့၌ အခန်းထဲတွင် သူ၏မိခင်က ညောင်စောင်းလေးပေါ်၌လျောင်းနေစဉ် ဂျွန်သည် ထိုင်၍ယပ် ခပ်ပေးနေလေ၏။ လှေခါးမှခေါင်းလောင်းထိုးသံကြား၍ နယ်လီသည်သွားရောက်ဖွင့်ပေးပြီး နောက်၌လူကြီးတစ် ယောက်ကိုခေါ်ခဲ့၏။ ထိုသူကား အရင်တနေ့က ဂျွန်ရော့ခ်စ်အားလိပ်စာတောင်းသူဖြစ်နေ၏။ ဧည့်သည်ကချက်ချင်း စ၍ ကျွန်တော့ရဲ့အလုပ်ကိစ္စတစ်ခုအတွက်လာခဲ့ပါတယ်။ သို့သော်ပထမဦးစွာ မစ္စစ်ရော့ခ်စ်အား သူ၏ဂုဏ်ယူထိုက် သောသားတစ်ယောက်ရှိကြောင်း သိစေချင်ပါတယ်ဟု ပြောလေ၏။ တဖန်ဂျွန်ဘက်သို့လှည့်၍ ခင်ဗျားသည်၊ ခင်ဗျားရဲ့ကိုယ်ကိုချုပ်တီးခြင်းနှင့် ယောက်ျားပီသစွာ မိမိ၏ယုံကြည်ကိုးကွယ်ရာဘာသာတရားကို ကာကွယ်တာ သတိပြုမိလိုက်တယ်။ ဒါကြောင့်ဘုရားသခင်အပေါ်၌သစ္စာရှိသောသူတစ်ယောက်ဟာ ကျွန်တော့ရဲ့အလုပ်၌လည်း သစ္စာရှိမယ်လို့ ကျွန်တော်ဆုံးဖြတ်ပါတယ်။ ကျွန်တော့မှာစာရးတစ်ယောက်လိုနေလို့ ခင်ဗျားကလက်ခံတယ်ဆိုရင် ကျွန်တော်ဝမ်းသာမှာပဲ။ ဘဏ်အကြီးအကဲက ဥရောပတိုက်မှာနေတုန်းက ကက်သလစ်ဖြစ်တယ်ဆိုတာ သတိမ ထားမိလိုက်ဘူး။ ကျွန်တော့ရဲ့သားမယားလဲ ဥရောပတိုက်မှာဘဲ။ အကုန်ကက်သလစ်ဖြစ်ကြပါတယ်။ သို့ကြောင့် ကျွန်တော့်အလုပ်ရဲ့ပါဝင်မှုဝေစုကို တစ်ခြားကုမ္ပဏီတစ်ခုသို့ပြောင်းလိုက် တော့မည်ဟုပြောလေ၏။

ဂျွန်သည် စာရေးအလုပ်ဖြင့်ဆက်လက်လုပ်ကိုင်လာခဲ့ရာ (၃) နှစ်ကြာခဲ့လေပြီ။ သူ၏အိမ်ထောင်စုလည်း ချောချောမောမောနှင့်အဆင်ပြေသွား၏။ သူ၏မိခင်သည်လည်း ပူပင်စရာမရှိတော့သဖြင့် ကျန်မာသန်စွမ်းလာ၏။ ရွှေနှလုံးတော်ပွဲကျရောက်သောအခါ မနက်အချိန်၌ ဂျွန်သည်အိမ်သို့ပြန်လာပြီးလျှင် သူ၏မိခင်အား သူသည် အား လပ်ခွင့်ရသည့်အတွက် အမေနှင့်နှမကလေးအား မော်တော်ကားနှင့်အလည်ခေါ်မည်ဟု ပြောလေ၏။ သူတို့သည် မြို့ပြင်ဖက်မိုင်အနည်းငယ်သို့ရောက်သောအခါ ဂျွန်သည်အသစ်ဆောက်လုပ်ထားသောတစ်ထပ်တိုက်အိမ်ကလေး သို့ မောင်းသွားလေ၏။ ထိုအခါ မိခင်ကဒီမှာဘယ်သူနေသလဲဟုမေးရာ သားက ကျွန်တော်တို့ကိုသူတို့အိမ်သို့ အ လည်လာစေလိုတဲ့မိတ်ဆွေများနေပါတယ်ဟုဖြေလိုက်လေသည်။ ကားပေါ်မှဆင်းကြသောအခါ မိန်းကလေးတစ် ယောက်တံခါးဖွင့်ပေးသဖြင့် ဂျွန်သည်မိခင်နှင့်နှမကလေးကိုအိမ်ထဲသို့ခေါ်သွင့်သွားလေ၏။ ထိုအခါနယ်လီကဘယ် နှယ်လဲ၊ ဒီအိမ်ဟာကျွန်မတို့ချမ်းသာလာလို့ရှိရင် ဆောက်ဖို့ရည်ရွယ်ထားတာနဲ့ တစ်ထပ်တည်းတူတာပဲဟု ပြောသောအခါ ဂျွန်ကသူတို့ကိုအပေါ်ထပ်သို့ခေါ်သွားရင်း ရယ်မောလေ၏။ အိမ်ရှေ့ဖက်၌ရှိသောအခန်းကို ဝင်မိ ကြသောအခါ ရွှေနှလုံးတော်ဆင်းထုကိုတွေ့ကြလေသည်။ ဆင်းထုရှေ့တော်၌လည်း မီးထွန်းထား၏။ ဆင်းထုတော် ၏ ဖြန့်ထားသောလက်တော်၌ စက္ကူကားချပ်တစ်ခုချည်ထား၏။ စက္ကူကားချပ်ပေါ်ရှိစာကိုဖတ်ကြည့်ရာ ဤအိမ်က လေးကားမိမိ၏ကလေးများအား ရွှေနှလုံးတော်၏ ချစ်ခြင်း၌ယုံကြည်ကိုးစားခြင်းရှိရန် သင်ကြားပြသပေးသော မစ္စစ် ရော့ခ်စ်အတွက် လက်ဆောင်ဖြစ်သည်ဟု ပါရှိ၏။

မစ္စစ်ရော့ခ်စ်သည် မိမိသားဘက်သို့လှည့်၍ အကျိုးအကြောင်ကိုမေးလေ၏။ ဂျွန်ကရယ်၍ပြောသည်မှာ လွန်ခဲ့သောနှစ်များအတွင်း၌ ကျွန်တော်သည် လခများစွာတိုးပါသည်။ သို့သော်မေမေအားမပြောပဲ အမေ့အတွက် ဤအိမ်ကလေးကိုဆောက်ပေးဖို့ လုံလောက်သည်အထိပိုက်ဆံစုထားပါသည်။ ကျွန်တော်တို့၏သာသနာနယ်ဘုန်း တော်ကြီးနှင့်တကွ မစ္စတာနှင့် မစ္စစ်ဂေနက်တို့လည်း အကြံတူညာဏ်တူဖြစ်ကြ ၍ အခမ်းအနားဖွင့်လှစ်ခြင်းကို ကူ ညီရန်အတွက် မကြာမှီရောက်လာကြပါလိမ့်မည်ဟု ပြောပြလေ၏။

ထိုနေ့ညနေ၌ ညစာစားပြီးသောအခါ ရဟန်းတော်က ဂျွန်အားရွှေနှလုံးတော်ဆင်းထုတော်ကို ကျွန်ုပ်တခါ ပြန်ကြည့်လိုသေးသည်ဟုပြောရာ မစ္စစ်ဂေနယ်က အားလုံးသွားကြည့်ကြစို့ဟုဆိုလေ၏။ အခန်းထဲသို့ဝင်မိကြသော အခါ ဒုတိယစက္ကူချပ်တစ်ခုသည် ရွှေနှလုံးတော်လက်ထဲ၌ချိတ်ထားသည်ကို တွေ့ကြရပြန်လေသည်။ ဂျွန်သည် ရေးထားသောစာကိုဖတ်ကြည့်ရာ စကားပင်မပြောနိုင်တော့ချေ။ ထိုအခါရဟန်းတော်က အသံကျယ်စွာဖြင့် ဖတ်ပြ လေ၏။ စာ၌ပါသည်ကား ရွှေနှလုံးတော်သည် ဂျွန်ရော့ခ်စ်အား သတင်းပေးလိုပါသည်။ ထိုသတင်းကား ဂေနယ်နှင့် ရော့ခ်စ်ကုမ္ပဏီအဖွဲ့၌ ဂျွန်ရော့ခ်စ်သည် မန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံရပါပြီဟု ပါရှိလေသည်။ မစ္စစ်ရော့ခ်စ်သည် မိမိလက်ကို သား၏ပခုံးပေါ်တွင်တင်၍ မျက်ရည်များကြားထဲမှပြောသည်ကား ငါ့သားသည် ရွှေနှလုံးတော်အပေါ် ယုံကြည်ကိုးစားရှိခြင်းကြောင့် ငါ့သားရရှိသောဆုဖြစ်၏ဟု ပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

1 + 3 =