ဇွန်လ(၂၇)#ကရူးစူးတံကျင်နှင့်ဆူးဘောင်တော်။  

ဇွန်လ(၂၇)#ကရူးစူးတံကျင်နှင့်ဆူးဘောင်တော်။  

ငါ့သား၊ သင့်အတွက်ငါခံထမ်းရသမျှကို သင်သည် အမြဲသတိရမှတ်မိစေရန် ငါ၏ရွှေနှလုံးတော်အထက်၌ ခရူးစူးတံကျင်ကိုစိုက်ထူထား၏။ အပြစ်ကြီးထဲသို့ကျရောက်သည့်အခါတိုင်း သင်သည်ခရူးစူး၏ဝန် တိုး၍လေးစေ၏။ ကလ်ဝါရီတောင်ပေါ်သို့ စိတ်အားဖြင့်သွားရောက်ပြီးလျှင် သင်သည် ထာဝရအသက်ရှင်ခြင်းချမ်းသာကိုရစိမ်းသော ငှါနောက်ဆုံးသွေးစက်တိုင်အောင် သင့်အတွက်သွန်းလောင်းလျက်ရှိသောငါ၏ရွှေနှလုံးတော်ကိုစိုက်ကြည့်ပါလော။

ငါ၏ခေါင်းတော်သည် ဆူးဗေါင်းဆောင်းခဲ့ပြီ။ ယနေ့မှာမူကား ငါ၏နှလုံးတော်သည် ဆူးနှင့်တူသောအပြစ် ကလေးများနှင့် ဝန်းရံလျက်ရှိ၏။ ထိုအပြစ်ကိလေးများကို သင်သည်ငယ်သည်ပေါ့သည်ဟူ၍ ယူဆကောင်းယူဆ လိမ့်မည်။ သို့ရာတွင်ထိုအပြစ်ကလေးများတို့သည် ငါ၏ရွှေနှလုံးတော်ကို စူးဝင်ထိုးဖေါက်ကြသတည်း။ သင်၏ပေါ့ လျော့မှုများကြောင့် အပြစ်ကလေး များကိုရှောင်ကြဉ်ရန် သင်သည်ကရုမစိုက်ခဲ့ပါလျှင် ၎င်းတို့သည် တဖြည်းဖြည်း သင့်ကိုငါ့ထံမှ ကွဲလွင့်စေပြီးလျှင် နှောင့်ယှက်ခြင်းကြီးစွာခံရသောအချိန်၌ ခုခံရန်မတတ်နိုင်ဖြစ်ပေလိမ့်မည်။ နှောင့် ယှက်ခြင်းခံရသောအချိန်နာရီအတွင်း၌ အကူအညီနှင့်ရဲစွမ်းသတ္တိကိုရရန်ကား ငါ့ထံသို့လာပါလော့။ ငါ၏ရွှေနှလုံး တော်၌စူးဝင်နေသော ဆူးကလေးတချောင်းကိုနှုတ်ပစ်နိုင်ပေလိမ့်မည်။

နှောင့်ယှက်ခြင်းကိုခုခံပယ်လှန်နိုင်စေရန်လည်းကောင်း တနေ့တခြားသန့်ရှင်းခြင်းသိုို့တိုးတက်၍ ငါ၏ရွှေနှ လုံးတော်နှင့်ပိုမိုနီးကပ်စွာရှိစေရန်လည်းကောင်း ငါ၏နှလုံးတော်မှ စီးယိုလျက်ရှိသော အသွေးတော်၌ လိုအပ်သော ကျေးဇူးတော်နှင့် အင်အားကိုတွေ့ရပါလိမ့်မည်။

ဒုက္ခဆင်းရဲခြင်းများကို ခံထမ်းတော်မူပေသော အိုယေဇူး၏ရွှေနှလုံးတော် နှောင့်ယှက်ခြင်းအချိန်ကာလတို့၌ တပည့်တော်ကို ကိုယ်တော်နှင့်နီးကပ်စွာထားတော်မူပါ။ အလွန်သေးငယ်သောအပြစ်ကလေးပင် ဖြစ်တုံသော် လည်း ၎င်းတို့ကို ရှောင်ကြဉ်နိုင်ရန် ကူညီတော်မူပါ။ သို့မှသာလျှင်ကိုယ်တော်အားဝမ်းနည်းခြင်းဖြစ်စေသောအပြစ် များအတွက် ဒဏ်ဆပ်ဖြေနိုင်၍ တပည့်တော်သည် ကိုယ်တော်အားနှစ်သိမ့်ခြင်းပေးနိုင်ပါလိမ့်မည်။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကို သွားရောက်ဖူးမျှော်၍ အပြစ်ရှိသူတို့အကျင့်ပြောင်းလဲရန် ဆုတောင်းပါ။ နှောင့် ယှက်ခြင်းဟူသမျှကိုလည်း ခုခံပယ်လှန်နိုင်ရန် ကျေးဇူးတော်ကို တောင်းလျှောက်ပါ။

ဆုတောင်း။ ။ နာကြင်ကြေကွဲတော်မူသော ယေဇူး၏ရွှေနှလုံးတော် ကျွန်ုပ်တို့ကိုသနားတော်မူပါ။

ဥပမာပုံပြင်။

စာသင်ခန်းတခန်း၌ ကျောင်းလွှတ်ခါနီးသောအချိန်တွင်ကျောင်းသူမကလေးတစ်ယောက်က ဆရာမ၊ ကျေး ဇူးပြု၍ ကျောင်းသင်ပုန်းကြီးကိုဖျက်လိုက်ပါရစေဟု အခွင့်တောင်းရာ ဆရာမကလည်းတောင်းဆိုသောအခွင့်ကိုပေး ၍ ကျောင်းလွှတ်ရန်အခန်းမှထွက်သွားလေ၏။ ဆရာမသည်တဖန်ပြန်လှည့်ဝင်လာသောအခါ မေရီသည်အားပါတ ရနှင့်ကျောင်းသင်ပုန်းကြီးကိုဖျက်နေသဖြင့် အခန်းသည်လည်းမြေဖြူမှုန့်များနှင့်ပြည့်နေလေ၏။ သူ့အလုပ်ကိုလုပ် ပြီးသောအခါ ထိုမိန်းကလေးကိုတွေ့ရသည်မှာ အလွန်ကျေနပ်ပုံရလေသည်။ ထိုနောက် အခန်းထဲမှာပင်ဆရာမနှင့် စကားပြောနေ၍ သူ၏ဆရာမအား ဆရာမ ကျွန်မအိမ်ကိုဘယ်တော့မှမပြန်ချင်ဘူးဟုပြောရာ ဆရာမက အံ့သြစွာ ဖြင့် ဘာလို့လဲ၊ မင်းမိဘများကိ မင်းအိမ်မပြန်ရင် သူတို့ငြီးငွေ့မှာဘဲဟုပြောလေ၏။ ထိုအခါမေရီက မေမေကတော့ ဝမ်းနည်းမှာပဲ။ ဒါပေမဲ့ဖေဖေကတော့ ဘာမှအရေးစိုက်မှာမဟုတ်ဘူး။ ဖေဖေဟာကြင်နာခြင်းရှိတယ်။ ဒါပေမဲ့သူပြီး သောက်စားကတည်းက ကျွန်မတို့အားလုံးသူ့ကိုကြောက်လို့ အိမ်ပြန်လာရင်ပုန်းနေတာပါပဲဟုပြောလေ၏။

ဆရာမသည် မိမိစားပွဲပေါ်၌ရှိသောရွှေနှလုံးတော်ရုပ်ပုံကလေးကိုယူ၍ သူ၏ဖေဖေအပေါ်ယံအင်္ကျီ၌ တွယ် အပ်နှင်တွယ်ထားရန် မေရီအားပေးပြီး မင်းနှင့်ဆရာမက မင်းဖေဖေအတွက်နေ့တိုင်းဆုတောင်းပေးမယ်။ အတန်း သားအားလုံးကိုလည်း မင်းရဲ့ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ရွှေနှလုံးတော်အားဆုတောင်းသောမေတ္တာတိုက လေးကို သုံးခါဆိုခိုင်းပေးမယ်ဟုပြောလေ၏။ ဒီလိုဆိုရင်သိပ်ကောင်းမှာပဲဆရာမ၊ ဒါပေမဲ့ ရွှေနှလုံးတော်ပုံကလေး ကို ဖေဖေကသူ့အင်္ကျီမှာတွယ်ထားဖို့ အခွင့်မပေးရင်ကော ဟုမေးပြန်ရာ၊ ဆရာမက၊ မင်းဖေဖေဆောင်ထားဖို့ ပို့လိုက်တယ်လို့ပြောရန် မှာလိုက်၏။ သူမဖေဖေအခွင့်ပေးလို့ ဒီအကြောင်းကို ဆရာမအားပြောလိုဇောနှင့်အိမ်မှ ကျောင်းအထိပြေးလာ၍ ပြောလေ၏။

ယေဇူးရွှေနှလုံးတော်သည်ကလေးများ၏ဆုတောင်း မေတ္တာကို မည်သည့်အခါမျှငြင်းပယ်မည်မဟုတ်ပေ။ မေရီသည် သူမ၏ဆရာထံမှ ရွှေနှလုံးတော်ရုပ်ပုံကလေးရသည်မှာ (၃)နှစ်ကျော်ခဲ့ပြီ။ ထိုအချိန်မှစ၍ သူ၏ဖခင်သည် သေရည်သေရက်ဟူသမျှကို သောက်မည်ဝေးစွ လက်ဖျားနှင့်ပင်မတို့တော့သဖြင့် မေရီတို့၏ဝမ်းမြောက်ခြင်းတဖန် ပြန်ရလာပြန်၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

3 + 7 =