ဇွန်လ(၂၆)#လူတို့ကိုအလွန်ချစ်မြတ်နိုးတော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၆)#လူတို့ကိုအလွန်ချစ်မြတ်နိုးတော်မူသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ငါ့ရွှေနှလုံးတော်၏ အကြီးမြတ်ဆုံးသော တောင့်တစွဲလမ်းခြင်းကား ငါ၏ချစ်ခြင်းကို လူတို့အပေါ်၌ ပြရန်ဖြစ်သတည်း။

ငါသည်လူတို့အား အလွန်ချစ်မြတ်နိုးတော်မူသည်ကိုအကျင့်အားဖြင့်ထုတ်ဖော်ပြခဲ့လေပြီ။ ငါသည်နှစ်ပေါင်း (၃၀) ပတ်လုံးမထင်မရှား အသက်ရှင်စဉ်ကာလမှာ ငါ၏ချစ်ခြင်းသည် လူတို့မျက်မှောက်မှဝှက်ကွယ်လျက်ရှိခဲ့လေ သည်။ သို့သော် ဤကဲသို့ငါနေထိုင်ခဲ့သည်မှာ မိမိတို့တသက်တာအတွင်း နောင်ကာလများ၌ ငါ၏စံနမူနာကိုလိုမည် ဖြစ်သော နိမ့်ကျသောအလုပ်ကိုလုပ်ကိုင်ရသောသူတို့အား မိမိတို့ ဝတ္တရားကိုကျေပြွန်အောင်ဆောင်ရွက်ရန် အား ပေးအလို့ငှါသာလျှင်ဖြစ်ပေသည်။

ငါသည်အထင်အရှားနေထိုင်၍ တရာဒေသနာတော်ကို လှည့်လည်ဟောပြောသောအခါမှာမူကား၊ ဝိညာဉ် နှင့်ဆိုင်ရာ၊ ကာယနှင့်ဆိုင်ရာကောင်းမှုများကို ကြိမ်ဖန်များစွာပြုခဲ့၏။ မကျန်းမာသောသူတို့အားကျန်းမာစေခဲ့၏။ ညိုးငယ်ပူဆွေးခြင်းရှိသောသူတို့အား မိမိတို့၏ဝတ္တရားကို ရွှင်လန်းစွာာဆောင်ရွက်နိုင်ရန် အကူအညီပေးခဲ့၏။ အထူးသဖြင့် ဒုက္ခစရိယာမခံမှီ နောက်ဆုံးသောအချိန်၌မူကား၊ ချစ်ခြင်းသက်သေအမှတ်နှင့် ကိုယ်တော်မြတ်စက္ကရ မင်တူးကိုတည်ထောင်ထားပေးခဲ့၏။ ထိုစက္ကရမင်တူး၌ လူခပ်သိမ်းတို့သည် စမ်းပေါက်မှစမ်းရေကိုခပ်ယူရသကဲ့သို့ ကျေးဇူတော်နှင့်အင်အားကိုခပ်ယူကြရလိမ့်မည်။ ကာလ်ဝါရီတောင်ပေါ်တွင် ငါသည် အသက်တော်လွှတ်မည့်ဆဲဆဲ အချန်မှာ အိုအဘ၊ သူတို့၏အပြစ်ကိုအခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုသောအရာကိုသူတို့မသိကြ ဟုဆိုလျက် အပြစ်ရှိသူတို့အတွက်တောင်းပန်ခဲ့၏။ နောက်ဆုံး၌ငါသည်အသွေးတော်ကိုတစက်မကျန်သွန်းလောင်း တော်မူခြင်းဖြင့်အားဖြင့် လူတို့အပေါ်မှာ ငါ၏ချစ်ခြင်းကို အစွမ်းကုန်ပြခဲ့လေပြီ။ ဤသို့ဖြင့်လျှင် ငါ့သား၊ ငါ့အားချစ် ခြင်းကိုတုံ့ပြန်ရန် ဘာကိုပြုလုပ်မည်နည်း။

သင်သည်ငါ့ကိုချစ်ခင်လျှင် ငါ၏ပညတ်တော်များကိုစောင့်ထိန်းပါလော။ ၎င်းအချက်သည်ကား ငါ၏တမန် တော်များဆီမှငါတောင်းဆိုသော အချက်ဖြစ်သတည်း။ သို့ဖြစ်၍ ဤပညတ်တော်များကိုအကုန်အစင်စောင့်ထိန်းပါ လော့။ ၎င်းပညတ်တော်တို့ကို စောင့်ထိန်းရန် ပျက်ကွက်စေသည့် အရာခပ်သိမ်းကို သင်မှဝေးစွာဖယ်ရှားပါလော့။ ငါ့ကိုချစ်ခြင်းမှ ကွဲလွှင့်စေသောပျော်ရွှင်မှုများကိုလည်း မလိုက်စားပါနှင့်။ ငါ၏ရွှေနှလုံးတော်နှင့် သင်၏နှလုံးကိုချည် နှောင်သော ချစ်ခြင်း၏နှောင်ကြိုးကို ဖြတ်တောက်စေသည့်အရာဟူသမျှကိုလည်း သတိနှင့်ရှောင်ကြည်ပါလော့။

အိုချစ်ဖွယ်လှသောယေဇူးသခင် တပည့်တော်ကိုချစ်တော်မူသောကြောင့် ကိုယ်တော်အားများစွာကျေးဇူး တင်ဆပ်ပါသည်။ တပည့်တော်သည် သစ္စာရှိ၍ ကိုယ်တော်၏ချစ်ဖွယ်ရာနှလုံးတော်အားမည်သည့်အခါမျှ ဝမ်းနည်း ခြင်းအကြောင်းမဖြစ်စေရန် တပည့်တော်ကိုကိုယ်တော်နှင့်နီးကပ်စွာထိန်းသိမ်းထားတော်မူပါ။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်၍ များစွာသောချစ်ခြင်းအပြုအမူများကို ပြုလုပ်ပါ။

ဆုတောင်း။ ။ ချိုမြတ်လှသော ယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်၏ချစ်ခင်ရာဖြစ်တော်မူပါ။

ဥပမာပုံပြင်။

တနေ့သောအခါ မစ္စတာရ်ဘဲရ်စ်ဇနီးခင်ပွန်းသည် နှစ်ဦးသည် ဧည့်ခန်းတွင်း၌ထိုင်နေလျှက် စကား ပြောနေကြစဉ် အခန်းတံခါသည်ပွင့်လာ၍ သမီးဖြစ်သူဂဲထရူးသည် ဝင်လာပြီးလျှင် အားရသောစိတ်ဇောဖြင့် မေမေ၊ ကျွန်မမှာသတင်းကောင်းတစ်ခုပြောဖို့ရှိတယ်။ ဖာသာရ်ကယ်လီသည် ကျွန်မတို့စာသင်ခန်းကို ဒီကနေ့လာတယ်။ ကျွန်မလည်းရွှေနှလုံးတော်အသင်းသားခေါင်းဆောင်အဖြစ် စာရင်းဝင်မယ်။ ရဟန်းတော်က ရွှေနှလုံးတော်ကို သဒ္ဓါ ကြည်ညိုခြင်းရှိအောင်ပြုသောသူတို့၏အမည်နာမများကို ရွှေနှလုံးတော်သည် မိမိနှလုံးထဲ၌ ရေးထားသည်ဟုပြော ပါသည်။ ကျွန်မ၏နာမည်ကို အနက်ရောင်၊ အပြာရောင်၊ ရွှေရောက်များအနက် ဘာအရောင်နှင့်ရေးမယ်လို့ သင် ထင်သလဲဟုမေးလိုက်၏။ သူ၏ဖခင်ကရယ်မော၍ ဒါတော့အသင်းဝင်ခေါင်းဆောင်အခြေအနေပေါ်မှာ တည်နေ သည်ဟုပြောလေ၏။ ထိုအခါဂဲထရူးက ကျွန်မနာမည်ကိုတော့ ရွှေရောင်နဲ့ရေးတာလိုချင်ပါတယ်ဟု ပြန်ဖြေလိုက် လေ၏။ ဖခင်ကားတည်တည်နှင့် မင်းသည် မင်း၏တာဝန်ဝတ္တရားကို သစ္စာရှိစွာဆောင်ရွက်လိမ့်မည်ဆိုတာ ဖေဖေ မျှော်လင့်ပါတယ်ဟု ဖြေလိုက်လေ၏။

ဂဲထရူးသည် မိမိကျောင်းနေစဉ် နှစ်များအတွင်း မိမိ၏အလုပ်တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်၍ ရွှေနှလုံး တော်ကိုအလွန်ချစ်ခင်လေ၏။ သို့ရာတွင်အတန်းကုန်ဆုံး၍ ဘီအေ အောင်ပြီးသောအခါ သူသည်ရွှေနှလုံးတော်အ တွက် ဆောင်ရွက်ရန်အချိန်မရှိဟုဆုံးဖြတ်ကာ လူများနှင့်ပေါင်းသင်းဆက်ဆံရေး၌သာ အချိန်ကုန်အလုပ်များ၍ ဘု ရားတရား၌ ပေါ့လာပြီးလျှင် မကြာခဏကိုယ်တော်မြတ်ပင့်ယူခြင်း၌ပင် ပေါ့ပေါ့လျော့လျော့ ဖြစ်လာလေ၏။ ထိုအခါ မိခင်ဖြစ်သူက သမီးအားဤကဲ့သို့သာညဉ့်နက်သည်အထိနေခြင်းဖြင့် ကျန်းမာခြင်းအတွက် စိုးရိမ်ကြောင်းပြောရာ ဂဲထရူးကရယ်မော၍ မေမေရယ်၊ ကျွန်မအချိန်မရောက်မှီအိုသွားမှာကိုတော့ မေမေအလိုမရှိဘူးမို့လား။ ကျွန်မအ သက် (၁၉)နှစ်ရောက်တဲ့အခါ ကျွန်မအမှန်ပဲ သိတတ်လာပါလိမ့်မယ်ဟု သာဖြေလိုက်လေ၏။

တနေ့သောနံနက်၌ ဂဲထရူးသည် အခန်းထဲမှထွက်မလာချေ။ မိခင်ဖြစ်သူစိုးရိမ်မကင်းဖြစ်သည့်အတွက် အ ခန်းထဲသို့သွားကြည့်ရာ ဂဲထရူးသည်ကြမ်းပြင်ပေါ်၌ မူးမေ့လဲနေသည်ကို တွေ့ရသဖြင့် ဆရာဝန်ကိုခေါ်ရလေ၏။ ရောဂါမှာစိုးရိမ်စရာဖြစ်၏။ ခဏအတွင်းဆရာဝန်သည် စမ်းသပ်ကြည့်ရှုပြီးမှ မိခင်ဖြစ်သူအား ထိုမိန်းကလေးသည် ဘယ်နည်းနှင့်မျှ သန်စွမ်းလာတော့မည်မဟုတ်ဟု ပြောလေ၏။

အားနည်းနေသော ထိုမိန်းကလေးမှာ ချောင်းဆိုးသွေးပါရောဂါ ရရှိနေကြောင်း အမှန်ထင်ရှားလေ၏။ ဂဲထရူး သည် မိမိ၌အင်အားတိုးတက်လာရမည့်အစား အင်အားဆုတ်ယုတ်နေသည်ကိုတွေ့၍ စိတ်ဆိုးစိတ်ပေါက်ဖြစ်လာပြီး လျှင် သူ့အားမည်သည့်အရာမျှ ကြေနပ်နှစ်သိမ့်ခြင်းမဖြစ်နိုင်တော့ချေ။ ဤကြောက်မက်ဖွယ်ရာရောဂါမှ ပျောက် ကင်းအောင်ကြိုးစားပါသော်လည်း အချည်းနှီးသာဖြစ်ချေသည်။ ထပ်ခါထပ်ခါမိခင်ဖြစ်သူအား ပြောသည်ကား၊ မေ မေ၊ ကျွန်မမသေနိုင်ဘူး။ ကျွန်မ ဘုရားအတွက်ဘာမျှမလုပ်သေးဘူး။ လက်ချည်းသက်သက်ဘုရားသခင်ရှေ့အ ဘယ်ကဲ့သို့ ဝင်နိုင်ပါမည်နည်း၊ ဟုပြောလေ၏။ သူ၏ဝိညာဉ်အတွင်း၌ အဘယ်ကဲ့သို့ဖြစ်ပျက်သည်ကို မည်သူမျှမ သိချေ။ ဂဲထရူးသည် မအိပ်နိုင်ပဲ တစ်နာရီပြီးလျှင်တစ်နာရီ အိပ်ယာပေါ်၌လဲလျှောင်းကာနေခြင်းဖြင့် ငါ့တစ်သက် တာအချိန်ကိုဖြုန်းတီးခဲ့ပြီ။ ဘုရားသခင်ကိုပေးရန် ငါ့မှာဘာမျှမရှိဟူ၍သာ အမြဲစဉ်းစားကာနေလေ၏။

တည၌ ဂဲထရူးသည် အိပ်ယာပေါ်၌ဝမ်းနည်းစွာရှိနေစဉ် လှပသော အလင်းရောင်တစ်ခုသည် အခန်းတွင်း သို့ ထွန်းလင်းလေသည်။ သခင်ဘုရားသည်သူ၏ အိပ်ယာဘေူး၌ရပ်နေ၍ နှစ်သိမ့်စွာပြောသည်ကား မကြောက်ပါ နှင့်။ ကြည့်ပါဆို၍ မိမိရွှေနှလုံးတော်အတွင်းမှာ ရွှေစာလုံးဖြင့် ဂဲထရူးဟုရေးထားသော ကားချပ်တချပ်ကိုထုတ်ပြ လိုက်ပြီးနောက် သင်သည် ငါ၏ရွှေနှလုံးတော်၌ သဒ္ဓါကြည်ညိုခြင်းရှိရန် အားပေးနှိုးဆော်ခဲ့သောကြောင့် သင်၏နာ မည်သည်သည် ဤမှာရေးထားလျှက်ရှိ၏။ သင်ခံရသောနာကျင်ခြင်းအားလုံးကို ငါခံထမ်းခဲ့ရသောနာကျင်ခြင်းများ နှင့်ပေါင်းစပ်လျှက် သင်၏အပြစ်အမှားများအတွက် သင့်ကိုထာဝရအိမ်တော်သို့ ငါမခေါ်ဆောင်မှီဆပ်ဖြေပါဟု ပြော လေ၏။

ရူပါရုံသည် ပျောက်ကွယ်သွားလေ၏။ ဂဲထရူးကားပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်းသာကျန်ရစ်ခဲ့၏။ ဂဲထရူး၏ ကြီးသောပြောင်လဲခြင်းကို တွေ့ရ၍မိဘတို့မှာ များစွာအံ့သြခြင်းရှိကြ၏။ ဂဲထရူးသည်ရွှင်လန်းခြင်းနှင့် သည့်ခံခြင်းရှိ ၍ အဘယ်ကဲ့သို့ဒုက္ခခံထမ်းရစေကာမူ တခါမျှမြည်တွန်ခြင်းမပြုတော့်ချေ။ တနေ့သောနံနက်၌ ဖခင်ဖြစ်သူသည် မိ မိအလုပ်သို့မသွားမှီ ဂဲထရူး၏အခန်းသို့လာ၍ တစုံတခုအလိုရှိသလားဟု မေးရာ၊ သူကပြုံး၍ရွှေနှလုံးတော်ဆင်းထု နှင့် ဖယောင်းတိုင်တစ်ချို့ကိုမှာလိုက်လေ၏။ ဖခင်ကမြို့ထဲ၌ ထိုအရာများရှိခဲ့လျှင် အမှန်ပင်ယူလာခဲ့ပါမည်ဟု ပြော လေ၏။ ထိုနေ့ညနေ၌ပင် ရွှေနှလုံးတော်ဆင်းတုကို လူနာမိန်းကလေးမြင်နိုင်သော နေရာစားပွဲတစ်ခုပေါ်၌တင်ထား သဖြင့် ဂဲထရူးအတွက်ကြီးသောနှစ်သိမ့်ခြင်းဖြစ်လေ၏။

ဇွန်လပထမသောကြာနေ့တွင် ဂဲထရူးသည် နောက်ဆုံးစက္ကရမင်တူးကိုခံယူလေ၏။ ကောင်းကင်မှကြွလာ မည့်ဧည့်သည်တော်အတွက် ဂဲထရူး၏မိတ်ဆွေများသည် သူ၏အခန်းကိုလှပသောပန်းများဖြင့်တန်ဆာဆင်ထား လေ၏။ သူသည် ကိုယ်တော်မြတ်ကို ခံယူပြီးနောက် နာရီအနည်းငယ်အတွင်း ရုတ်တရက် မိမိ၏လက်ကိုဆန့်၍ အိုယေဇူး တပည့်တော်မအသင့်ရှိပါပြီ။ အိမ်တော်သို့ခေါ်တော်မူပါဟုပြော၏။ နောက်မိနစ်အနည်းငယ်ကြာသော အခါ သူသည်ရွှေနှလုံးတော်၏ရင်ခွင်တွင်းသို့ထာဝရပတ်လုံးအတွက် သွားရောက်နေထိုင်လေတော့သတည်း။

credit: printed by Catholic, Taungoo. 19621

 

Add new comment

6 + 5 =