ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်

ငါ့သား၊ ငါသည် ဤလောက၌သက်တော်ထင်ရှားရှိစဉ်ကာလ ဆိတ်ကွယ်ရာနာဇရက်ရှိ အလုပ် ဆိုင်ကလေးတွင် နှစ်၊ လ၊ အများပိုင်းကိုကုန်လွန်စေခဲ့၏။ ဤသို့နေထိုင်ခဲ့သည်ကား လောကီသားတို့အသိအမှတ်မ ပြု။ အောက်တန်းကျသောအလုပ်ကိုလုပ်ကိုင်ရသည့် သူတို့အားသင်ခန်းစာတရပ်ပေးခြင်းငှာသာလျှင်ဖြစ်၏။ ဤသို့ မထင်မရှားအောက်တန်းကျသောအလုပ်ကို ငါ၏ရွှေနှလုံးတော်နှင့်ပေါင်းစပ်၍ လုပ်ကိုင်ခြင်းကား အလွန်မြင့်မြတ် သော သူရဲကောင်းတို့၏ အလုပ်အမှတ်ဖြစ်သတည်း။ နေ့စဉ်နေ့တိုင်း မဆုံးနိုင်သကဲ့သို့ ငြီးငွေ့ဖွယ်ရာတမျိုးတည်း သောအလုပ်ကိုလုပ်ပြီး၊ ဖခင်ဖြစ်သူသည် သားသမီးများအား လူလားမြောက်သည်အထိ ရှာဖွေကျွေးမွေးရသကဲ့သို့ သားသမီးများကလည်း အိုမင်းမစွမ်းရှိလာသောမိဘများကို ကြည့်ရှုရခြင်းသည်လည်း သူရဲကောင်းတို့၏လမ်း ကြောင်းမှန်ဖြစ်သတည်း။

နာဇရက်ရွာ၌ရှိသောအလုပ်ဆိုင်ကလေးတွင် ငါအလုပ်လုပ်နေသည်ကိုတွေ့ရကြ၏။ ငါသည်ထိုအရပ်၌ နိမ့်ကျ၊ အဆင့်အတန်းမရှိသော အလုပ်ကိုလုပ်ကိုင်နေသဖြင့် လူအများတို့က အချိန်ဖြုန်းနေသည်ဟုအထင်အမြင် သေးကြ ပေလိမ့်မည်။ သို့သော်လည်းထာဝရဘုရားဖြစ်တော်မူသောငါသည် ဤလောကတွင် ဤကဲ့သို့သော နိမ့်ကျသောအလုပ်ကို လုပ်ကိုင်ရသောသူတို့အား နှစ်သိမ့်ခြင်းနှင့် အကူအညီပေးခြင်းအလို့ငှါ ထိုအလုပ်ကိုငါသည် ရွေးချယ်လုပ်ကိုင်ခဲ့၏။ ထို့ကြောင့်မည်သို့သော အလုပ်ကိုပင်လုပ်ကိုင်ရပါမူ ငါ၏စံနမူနာကိုထောက်ထားသဖြင့် ၎င်းကိုသန့်ရှင်းစေ၍အကျိုးရှိစေရန်သင်ကြားပါလော့။ ဥပမာ၊ စာပုံနှိပ်အလုပ်ကို တနေ့လုံးလုပ်ရသော မိန်းကလေး တစ်ယောက်သည် ငါ၏နှလုံးတော်နှင့်ပေါင်းစပ်၍ သူနှိပ်သောစကားလုံးတိုင်းကိုချစ်ခြင်းသဘောနှင့် ပူဇော်ခဲ့ပါလျှင် အကျိုးများ စွာခံစားနိုင်ရာ၏။

ငါ၏ဆိတ်ကွယ်ရာနေရာကား ဗိမာန်တော်ဖြစ်သတည်း။ ကမ္ဘာပေါ်ရှိလူများတွင်အများတို့သည် ငါ့ကိုသိ လည်း မသိကြ၊ သတိလည်းမမူကြပေ။ သို့သော်ငါသည် တကမ္ဘာလုံးကိုအုပ်ချုပ်လမ်းညွန်အလို့ငှါ ထိုဗိမာန်တော်၌ ကိန်းဝပ်းလျက်ရှိ၏။

အိုချစ်ဖွယ်လှသောယေဇူးသခင်၊ ကိုယ်တော်သည် သူရဲကောင်းတို့၏သင်ခန်းစာကို တပည့်တော်အားသင် ကြားပြသသောကြောင့် ကိုယ်တော်အားကျေးဇူးတင်ဆပ်ပါသည်။ နေ့စဉ်လုပ်အံ့သမျှ၊ ကြံအံ့သမျှ၊ ခံရအံ့သမျှသော ဒုက္ခများနှင့်၊ ပို့အံ့သမျှသောဆုတောင်းမေတ္တာများတို့သည် သန့်ရှင်း၍ကိုယ်တော်၏ရွှေနှလုံးတော်အား နှစ်သက်စေ ရန်၊ နာဇရက်တွင်သီတင်းသုံးတော်မူခဲ့သော ကိုယ်တော်၏အပြုအမူများနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ပါရန်ကူညီမစ တော်မူပါ။

#ကျင့်ရန်။ ။ ဗိမာန်တော်အတွင်း၌ ပုန်းကွယ်စွာကျိန်းဝပ်တော်မူသော ယေဇူးကိုဖူးမျှော်၍၊ သင်၏နေ့စဉ်ဝတ္တ ရားများ၌ သန့်ရှင်းခြင်းရှိရန် တောင်းလျှောက်ပါ။

#ဆုတောင်း။ ။ အိုယေဇူး၏ ရွှေနှလုံးတော်၊ အားလုံးကိုယ်တော်အတွက်ဖြစ်ပါသည်။

#ဥပမာပုံပြင်

မီးပြတိုက်တစ်ခုသည် ကာလေးမြို့နှင့် မနီးမဝေးမှာရှိသောစိန်ခရွာမြစ်ကမ်းပေါ်တွင်တည်ရှိ၏။ ၎င်းမီးရောင် အားဖြင့် ဤအရပ်သို့ဖြတ်သွားသောသူများဘေးဒုက္ခမှ လွှတ်မြောက်ရ၏။ မီးပြတိုက်နှင့်များစွာအလှမ်းမဝေးသော နေရာရှိအိမ်ကလေးတစ်လုံးတွင်ကား မီးပြတိုက်ကိုစောင့်သောသူတစ်ယောက်သည် သူ၏သမီးနှစ်ယောက်နှင့်နေ ထိုင်ကြလေ၏။

ညတစ်ည၌ လူသုံးယောက်တို့သည်လှေငယ်ကလေးတစ်စင်းဖြင့် ကာလေးမြို့ဘက်သို့လှော်ခတ်လာကြ၏။ ၎င်းညသည်ကား အလွန်မှောင်လေ၏။ သူတို့သည်မီးပြတိုက်နှင့် မနီးမဝေးသို့ရောက်သောအခါ လှေစီးသူထဲမှတစ် ယောက်က လှုပ်ရှားလိုက်သောကြောင့် လှေကလေးမှောက်သွားသဖြင့် သုံးရောက်စလုံးရေထဲတွင် အသက်လုကာ ကူးခတ်နေကြ၏။ တခဏအတွင်းပင် ဤသူတို့သည်လှေ၏ပေါ်နေသောအပိုင်းကို ကိုင်တွယ်မိကြပြီးနောက် အကူ အညီကို အော်ဟစ်တောင်းကြလေ၏။

မီးပြတိုက်ကိုစောင့်ရသောသူကား ထိုအချိန်မှာအိမ်၌မရှိချေ။ အိမ်တွင်ကျန်ရစ်သော သမီးနှစ်ယောက်ကား ခေါ်သံကြားသော်လည်း မိန်းမသားချည်းဖြစ်၍ စွန့်စားရမည်ကိုကြောက်ကြ၏။ ရုတ်တရက်ပင်အလွန်သန့်ရှင်းစင် ကြယ်တော်မူသောယေဇူး၏ ရွှေနှလုံးတော်၊ ကျွန်ုပ်တို့ကိုကယ်တော်မူပါဟူသော စကားကိုရေထဲမှ ထပ်ခါထပ်ခါ ကြားရ၏။ ထိုအခါ အစ်မဖြစ်သူက ညီမအား၊ သူတို့သည်အရက်မူးနေတာဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ အကယ်၍ သင်သွားကယ်လျှင် သင်၏လှေကိုလည်း သူတို့မှောက်ပစ်၍သင်ပါရေနှစ်လိမ့်မည်ဟုပြော၍ တားမြစ်လေ၏။ ညီမငယ်က အစ်မရယ်၊ ကျွန်မအမှန်သိပါတယ်။ အရက်မူးနေတဲ့သူဟာ ယေဇူးရွှေနှလုံးတော်၏ အကူအညီ ကိုခေါ်မည်မဟုတ်ပါဟု ပြန်ဖြေ၏။ ထို့နောက်သူသည်ပြောပြောဆိုဆိုနှင့် ထွက်သွားပြီးလျှင် ထိုလူသုံးယောက်ကို ကယ်ဆယ်ရာ အောင်မြင်လေ၏။ သူ၏ရဲ့ရင့်စွန့်စားခြင်းအပြုအမူကို အသိအမှတ်ပြုရန် အစိုးရက လှပသောလှေ တစင်းနှင့် ဂုဏ်ပြုစာတစ်စောင်ပို့လိုက်လေ၏။ ယူနိုက်တက်စတိတ်အစိုးရကလည်း နှစ်သက်သဘောကျခြင်းကိုပြ လေ၏။ ဤကဲ့သို့ပင် ယေဇူးသခင်၏ရွှေနှလုံးတော်၌ကား ရဲစွမ်းသတ္တိရှိခြင်း၏ အပြုအမူကိုရေးမှတ်လျက်ရှိမည်ကား ဧကန်မုချလွဲမည်မဟုတ်ပေ။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

4 + 14 =