ဇွန်လ(၂၀)#စိတ်ရွှင်လန်းခြင်းရှိတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၂၀)#စိတ်ရွှင်လန်းခြင်းရှိတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ငါ့သား၊ ငါ၏ရွှေနှလုံးတော်ထံမှ စိတ်ရွှင်လန်းခြင်းပါရမီကို သင်ယူပါလော့။ ဘက်သလေဟိမ်မြို့မှ ကာလ်ဝါ ရီတောင်ထိပ်တိုင်အောင် ဒုက္ခစရိယာခံထမ်းရမည့် ရူပါရုံသည် ငါ၏မျက်မှောက်၌ အမြဲရှိခဲ့သတည်း။ သို့ပင်ဖြစ်လင့် ကစား ငါနှင့်အကျွမ်းတဝင်သွားလောနေကြသောသူတို့ပင် ငါ့ရွှေနှလုံးတော်၏ ဝမ်းနည်းခြင်းကိုမရိပ်မိကြချေ။ လူ အားလုံးတို့အား ငါသည်ရွှင်လန်းခြင်းကိုပြခဲ့၏။ ငါသည် မျက်နှာထားခြင်း၊ စိတ်ဆိုးစိတ်ထွက်ခြင်းတခါမျှ မရှိခဲ့ပေ။ အကယ်၍သာ ဤသို့ရှိခဲ့ပါမူ ကလေးသူငယ်များတို့သည် ငါ့ထံသို့ချည်းကပ်၍ ငါ၏ရွှေနှလုံးတော်၌ ခိုလှုံဝံ့ကြမည် မဟုတ်ချေ။ ဂျက်ဆေမာနီဥယျာဉ်တွင် ဝမ်းနည်းခြင်းရှိသည်ကို တပည့်တော်ကြီးများတွေ့မြင်ကြသောအခါ သူတို့ နားမလည်နိုင်ကြချေ။ အကြောင်းမူကားဤသို့သောအခြေအနေမျိုး၌ ငါ့ကိုအဘယ်အခါမျှ မမြင်ဘူးကြသောကြောင့် ဖြစ်ပေသည်။

ကောင်းကင်ဘုံ၌ကိန်းဝပ်တော်မူသောငါ၏အဘခမည်းတော်ဘုရားသည် သင်တို့အားလုံးကိုဖန်ဆင်းခဲ့၏။ နိမိတ္တသတ္တဝါများလည်းအမြဲရွှင်လန်းခြင်းစေရန်ကြံရွယ်ခဲ့သည်။ သို့သော်လည်းလူတို့သည် တခါတရံမိမိကိုယ်တိုင် ဝမ်းနည်းစိတ်ဆင်းရဲကြသည်သာမက သူတပါးတို့အားလည်းဆင်းရဲသောအခြေအနေသို့ ရောက်အောင်ပြုလုပ်ကြ သေးသည်။

သင်သည်ဒုက္ခဆင်းရဲနှင့်ရင်ဆိုင်ရသောအခါ ထိုဒုက္ခများကို သင်မိတ်ဆွေများထမ်းရအောင်မပြုပါလင့်။ ကောင်းကင်ဘုံသို့ရောက်ရန် ကြိုးစားသောသူတိုင်းဒုက္ခထမ်းကြရပေမည်။ ဤဒုက္ခစရိယာလမ်းကို ငါကိုယ်တိုင် လျှောက်ခဲ့လေပြီ။ ငါ၏မယ်တော်နှင့် ရဟန္တာသူတော်သူမြတ်တို့သည်လည်း ထိုလမ်းကို လျှောက်ခဲ့ကြလေပြီ။ ထို့ ကြောင့် စိတ်ရွှင်လန်းခြင်းရှိပါလေ။ အဘယ်အခါမျှဖြစ်ရောက်မည်မဟုတ်သောဒုက္ခများကို တွေးတောစဉ်းစားလျက် စိတ်ပူပန်ခြင်းဖြင့် သင်၏အသက်တာကို မကုန်လွန်စေနှင့်။

မြတ်စွာဘုရားသခင်သည် သဒ္ဓါရက်ရောခြင်းနှင့်ပေးသောသူကို ချစ်မြတ်နိုးတော်မူ၏။ သို့ဖြစ်၍ မည်သည့် ပူ ဇော်ခြင်းမဆိုသင့်ဆီမှ တောင်းခံပါလျှင် သင်ခံထမ်းရသည့်ဒုက္ခကို မရေမတွက်ပဲ မြည်တွန်ခြင်းကိုလည်း မပြုဘဲနှင့် ငါ့ခမည်းတော်ဘုရား၏ အလိုကိုစိတ်ကြည်ကြည်သာသာဖြည့်ပါလော။ သင်ခံထမ်းရသောဒုက္ခများသည် မခံထမ်း နိုင်အောင်လေးလံသည်ဖြစ်အံ့။ ထိုဒုက္ခကိုယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်နိုးခြင်းဖြင့် လက်ခံယူပြီးလျှင် သင်၏နှလုံးထဲတွင် သိမ်းထားပါလော။

ထို့နောက်ဘုရားစင်ခြေရင်းသို့လာပါလော့။ ထိုနေရာမှသင်၏ဝန်ထုပ်ပေါ့အောင်ပြုလုပ်ရန် ကြင်နာသနား တတ်သောငါ၏ရွှေနှလုံးတော်ကို သင်သည်တွေ့ပါလိမ့်မည်။ သင်၏ဒုက္ခအခက်အခဲများကို ကိုယ်တော်မြတ်ထည့် ရာရွှေခွက်တော်၌ ထည့်ခဲ့၍၊ နေမင်းသည်ထွက်လာသောအချိန်၌ လူအားလုံးတို့အပေါ်မှာ ထွန်းလင်းသကဲ့သို့၊ သင် သည်လည်း သူတပါးတို့၏ဝမ်းမြောက်ရာအကြောင်းဖြစ်ပါစေ။

အိုချစ်ဖွယ်လှသောယေဇူး၊ တပည့်တော်သည်ဒုက္ခစုံစမ်းခြင်းအမျိုးမျိုးနှင့်ကိုယ်တော့်ထံသို့ချည်းကပ်ရောက် လာပါသည်။ တပည့်တော်အား နှစ်သိမ့်ခြင်းမပြုဘဲ၎င်းတို့ကို ကိုယ်တော်၏ရွှေနှလုံးတော်အတွင်း၌သိမ်းထားတော် မူပါ။ အကြောင်းမူကား ဤဒုက္ခဆင်းရဲခြင်းများတို့သည် ကောင်းကင်ဘုံသို့ရောက်ရန်နည်းလမ်းများဖြစ်ကြပါသည်။ ထိုအရာခပ်သိန်းကိုကိုယ်တော်ကောင်းကြီးပေး၍ သန့်ရှင်းစေပြီးသောအခါတပည့်တော်အားပြန်၍ပေးတော်မူပါ။ ထို အခါတပည့်တော်သည်ကိုယ်တော့အတွက်ကြောင့် ရွှင်လန်းခြင်းနှင့် ခံထမ်းပါလိမ့်မည်။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်၍ ဒုက္ခဆင်းရဲခြင်းများကို စိတ်ရွှင်လန်းစွာနှင့်ခံထမ်းနိုင်ရန် ကျေးဇူးများကို တောင်းခံပါလော။

ဆုတောင်း။ ။ သာယာချိုမြတ်လှသော ယေဇူး၏ရွှေနှလုံးတော် ကိုယ်တော်သည် တပည့်တော်၏ ချစ်ခင်ရာဖြစ် တော်မူပါ။

ဥပမာပုံပြင်။

ကမ္ဘာစစ်ကြီးအတွင်း၌ အောင်မြင်ခြင်းအားလုံးကို ရာဇဝင်၌ မှတ်တမ်းတင်၍မထားငြားသော်လည်း သခင် ယေဇူး၏ရွှေနှလုံးတော်၌မူကား မပျောက်မပျက်နိုင်အောင်ရေးမှတ်ထားတော်မူသည်။ ရဟန်းတပါးသည် ကက်သ လစ်ဘာသာသူများ၏နာမည် ရေးမှတ်ထားသောစာရင်းကိုကြည့်၍ သူနှင့်သိကျွမ်းစကားပြောဖူးသူများကို မှတ်သား နေစဉ် သူတခါမျှမသိသေးသောလူတစ်ယောက်၏အမည်ကိုတွေ့၍ ချက်ချင်းသွားရောက်စုံစမ်းရန် ဆုံးဖြတ်လေ၏။ သွားရောက်ရှာဖွေရာ၊ အချိန်အနည်းငယ်အတွင်းမှာပင် သူ့ကိုတွေ့ရှိလေ၏။ ခဏမျှနှုတ်ခွန်းဆက်စကားပြောဆိုပြီး နောက်၊ ရဟန်းသည် ၎င်းစစ်သားအားဤကဲ့သို့ ဘေးဥပဒ်အချိန်အခါအတွင်း၌ စစ်ပွဲသို့မသွားရောက်မှီ စက္ကရမင်တူး များ မခံယူဘဲ မသွားသင့်။ ထို့ကြောင့် စက္ကရမင်တူးများခံယူပြီးပြီလောဟုမေးရာ နှစ်ပေါင်း (၄၀ ) အတွင်း၊ တပည့် တော်သည် ဘုရားကျောင်းသို့တခါမျှမသွားသဖြင့် စက္ကရမင်တူးများကိုလည်းတခါမျှ မခံယူခဲ့ပါ။ ယခုမှတဖန်ပြန်၍ အစမပြုလိုတော့ပါဟု ပြန်ဖြေလေ၏။ ထိုအခါရဟန်းက သူ့အားရွှေနှလုံးတော်ရုပ်ပုံကလေးတစ်ခု လှမ်းပေးလိုက်၍ ထိုပုံကို အမြဲဆောင်ထားရန် ကတိပြုခိုင်းလေ၏။ သူကလည်း ဤမျှလောက်တော့ကိုယ်တော့အတွက်ပြုလုပ်ပါမည်၊ ဟု အဖြေပေးလေ၏။

တနင်္ဂနွေနေံတပတ်မျှကျော်လွန်ခဲ့ပြီးနောက် ရဟန်းတော်သည် ယခင်စစ်သားအားမိမိအခန်းသို့ ဖိတ်ခေါ်ပြီး လျှင် သူ၏စိတ်ပြောင်းမပြောင်းမေးမြန်းရာ သူကတပည့်တော်ဘယ်တော့မှ အာပတ်ဖြေဖို့မသွားဘူးဟု ဖြေလေ၏။ ရဟန်းတော်က မင်းကို ဤမျှလောက်ဘာသာရေး၍ပေါ့လျော့စေသည့်အချက်က ဘာလဲဟုမေးမြန်းရာ ရဟန်းတော် ၏ကြည်လင်စွာသောမေးခွန်းများအားဖြင့် မိမိ၏အကြောင်းကို ပြောပြလေ၏။ အားလုံးပြီးစီးသောအခါ ရဟန်းတော် က မင်းယခုအာပတ်ဖြေခြင်းပြုပြီးပြီဖြစ်၍ သင်ပြုမိသောအပြစ်များအတွက် အခွင်းလွှတ်ခြင်းခံယူရန် နာကျင်ခြင်း စွဲ ပါဟုပြောလေ၏။ အပြစ်ရှိသူများမူကား သူသည်အမှန်ပင်အာပတ်ဖြေပြီးပြီဟုစဉ်းစား၍ ဝမ်းမြောက်မိလေ၏။ သို့ရာ တွင် ကိုယ်တော်မြတ်စက္ကရမင်တူးပင့်ယူရန် ငြင်းပယ်ပြန်လေ၏။ ရဟန်းတော်ကတဖန် ဆက်၍နက်ဖြန်နံနက် (၇) နရီအချိန်၌ ကျွန်ုပ်မစ္ဆားတရားဟောမည်ဖြစ်၍ သင်လာမည်လောဟုမေးရာ တပည့်တော်မစ္ဆားတရားနာယူရန်လာပါ မည်။ သို့သော်ကိုယ်တော်မြတ်ကိုပင့်ယူမည် မဟုတ်ဟု ပြန်လေ၏။

ရဟန်းတော်သည် လမ်းလွဲနေသောဝိညာဉ်တစ်ခုအတွက် ရွှေနှလုံးတော်ထံတောင်းပန်လေ၏။ ကိုယ်တော် ၏ တောင်းလျှောက်ခြင်းကိုနားညောင်းတော်မူသည်ဖြစ်၍ နောက်တနေ့နံနက်၌ ထိုသူကိုအရှေ့ဆုံးခုံတန်း၌တွေ့ လေ၏။ ကိုယ်တော်မြတ်ပင့်ယူချိန်၌လည်း သူ့အားနှစ်ပေါင်းများစွာက သနားကြင်နာခြင်းဖြင့်၊ စောင့်ဆိုင်းနေသော ဘုရားသခင်ကိုကြည်ညိုစွာ ပင့်ယူသည်ကိုတွေ့ရသောကြောင့် ရဟန်းတော်မှာ များစွာဝမ်းမြောက်ခြင်းဖြစ်ရလေ သည်။ ရွှေနှလုံးတော်သည် မိမကတိကိုဖြည့်တော်မူသည်ဖြစ်၍ တစ်ခြားသောအောင်ပွဲတစ်ခုကို တဖန်အောင်မြင် တော်မူ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

6 + 10 =